နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ။ ခဲယဉ်းသောကာလတွင် နိုင်ငံတော်အနှစ်သာရဖြင့်လျှောက်လှမ်းခြင်း၊ တတိယနေ့

Sdílet
Vložit
  • čas přidán 26. 08. 2024
  • နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ
    “ယုံကြည်ခြင်းဖြင့် အကန့်အသတ်မဲ့သောနိုင်ငံတော်အနှစ်သာရထဲသို့....”
    အဓိကအချက် - ခဲယဉ်းသောကာလတွင် နိုင်ငံတော်အနှစ်သာရဖြင့်လျှောက်လှမ်းခြင်း၊ တတိယနေ့
    ဖတ်ရန်ကျမ်းချက် - ရှင်လုကာခရစ်ဝင်ကျမ်း၊ ၁၂း၃၁-၃၂
    “သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်း ရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏။” ယောရှု၊ ၁း၉
    C. ကာလအချိန်ထဲမှာ နိုင်ငံတော်အနှစ်သာရဖြင့် ရှင်သန်ခြင်း
    နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုရှာဖွေရှင်သန်ခြင်းအားဖြင့်
    • နိုင်ငံတော်ရဲ့အကန့်အသတ်မဲ့ခြင်းတွေ အသက်တာထဲမှာ စီးဆင်းလာမယ်။
    • ကိုယ်တိုင်နားမလည်တဲ့အရာတွေကို လုပ်လာနိုင်မယ်။
    • နာမလည်ခြင်းတွေက ကျိန်ခြင်းမဟုတ် ကောင်းကြီးတွေ၊ ချီးမွမ်းခြင်းတွေ ဖြစ်လာမယ်။
    • နိုင်ငံတော်ရဲ့ကောင်းမြတ်ခြင်းသက်သေတွေရလာမယ်။
    ယုံကြည်ခြင်းနဲ့အကန့်အသတ်တွေကိုကျော်လွှားနိုင်တယ်
    ပြဿနာ၊ အခက်အခဲ၊ ဆင်းရဲခြင်း၊ လမ်းပျောက်ခြင်း၊ နားမလည်ခြင်း၊ ဝမ်းနည်းခြင်း၊ မလုံလောက်ခြင်း အကန့်အသတ်တွေထဲကို အကန့်အသတ်မဲ့တဲ့ ဘုရားသခင်နိုင်ငံတော်ရဲ့အနှစ်သာရတွေ စီးဆင်းစေတာက ယုံကြည်ခြင်းဖြစ်ပါတယ်။ ခါနန်အမျိုးသမီး ကိုကြည့်ပါ။
    နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းအားဖြင့် ကျနော်တို့ အသက်တာတွေထဲမှာ ရှိထားပြီးသား ထိုအရာတွေ ကို အထပ်လိုက်မြင်တွေ့ ခံစားဖော်ထုတ်လာနိုင်ပါတယ်။ ဝေမျှတိုးပွားလာနိုင်၊ ဒုကထဲမှာ ချီးမွမ်းလာနိုင်ပါတယ်။
    စိုးရိမ်ခြင်း၊ ပူပန်ခြင်း၊ ညည်းတွားခြင်း အပြစ်တင်ခြင်းကတော့ ဆန့်ကျင်ဘက်ပါ။
    D. ကာလအချိန်ထဲမှာဝန်ထမ်းခြင်း
    ခက်ခဲသောကာလမှာ ထူးခြားစွာဘုရားသခင်အသုံးခံသူများ ရှိခဲ့တယ်။
    ပေတရု၊ မောရှေ၊ ယောရှု၊ ဂိဒေါင်၊ ရှမွေလ၊ ဟေရှာယ၊ တပည့်တော်များသည်
    ခက်ခဲသောကာလမှာ ဘုရားသခင် အထူးအသုံးပြုခြင်းကိုခံခဲ့ကြပါတယ်။
    ဘုရားသခင်က အဆုံးအထိတာဝန်ယူတယ်။ အားပေးတယ်၊ အတူရှိတယ်။
    နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုရှာခြင်းအားဖြင့် အလုပ်လုပ်နေရတာ
    ကျေးဇူးတော်ကြောင့်သာလို့ခံယူ လုပ်ဆောင်လာနိုင်တယ်။
    အဖိုးအခခံသူက အဖိုးအခရမယ်၊ ကျေးဇူးတော်ခံယူသူက ကျေးဇူးတော်ခံစားရမယ်။
    အဆုံးအထိတည်ကြည်သောသူသည် သခင်ဘုရား၏ ချီးမြောက်ခြင်းကိုခံရမယ်။
    ဗျာဒိတ်ကျမ်း ၃း၂၁ ငါသည်အောင်မြင်၍၊ ငါ့ခမည်းတော်နှင့်အတူထိုင်နေသကဲ့သို့၊ အောင်မြင်သော သူသည်ငါ၏ပလ္လင်ပေါ်မှာ ငါနှင့်အတူထိုင်နေရသောအခွင့်ကို ငါပေးမည်။

Komentáře •