ကျောက်မဲက စစ်ရှောင်စခန်းတွေမှာ ရိက္ခာနဲ့ ဆေးဝါးလိုအပ်နေ

Sdílet
Vložit
  • čas přidán 5. 09. 2024
  • ကျောက်မဲက စစ်ရှောင်စခန်းတွေမှာ ရိက္ခာနဲ့ ဆေးဝါးလိုအပ်နေ
    ကျောက်မဲမြို့နယ်ထဲက စစ်ရှောင်စခန်းတွေမှာ လူဦးရေတိုးလာပြီး အစားအသောက်နဲ့ ရိက္ခာလိုအပ်ချက်များနေတယ်လို့ သိရပါတယ်။
    ကျောက်မဲမြို့နယ်အတွင်း စစ်ရှောင်စခန်း ၂၁ ခုရှိနေပြီး စစ်ရှောင်ဦးရေ ၇ထောင်ကျော်ရှိနေကာ အဓိက ဆန်နဲ့စားစရာပြတ်လတ်နေပြီး ကျန်းမာရေးအတွက် ဆေးဝါးအကူအညီတွေလိုအပ်နေတာပါ။
    မြို့တွင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲနေတာကြောင့် အနီးအနားကျေးရွာတွေနဲ့ စစ်ဘေးလွတ်ရာမြို့တွေပေါ် စစ်ရှောင်နေကြသလို စစ်ရှောင်စခန်းတွေကို ပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။
    လက်ရှိမှာ ကျောက်မဲမြို့ပေါ်ကို တအာင်းတပ်ဖွဲ့ (TNLA)က ထိန်းချုပ်ထားပြီး ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း နေအိမ်ကအပြင်မထွက်ဖို့ ထုတ်ပြန်ထားတာပါ။
    မြို့ပေါ်မှာ ဆက်သွယ်ရေးဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး MPT ဖုန်းလိုင်းသာ မိတယ်လို့လည်း သိရပါတယ်။
    စစ်ရှောင်လူဦးရေများလာတာကြောင့် အချို့ စစ်ရှောင်စခန်းတွေက လက်မခံတော့တဲ့အခြေအနေတွေကြုံတွေ့နေရပြီး အဓိက စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလိုအပ်နေတယ်လို့ သိရပါတယ်။
    ဇွန် ၂၅ ရက်နေ့က စတင်တဲ့ ၁၀၂၇ ဒုတိယပိုင်း ရှမ်း-မန်း စစ်ဆင်ရေးမှာ စစ်ကောင်စီ တပ်စခန်းပေါင်း ၂၈ ခုနှင့်အထက်ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားပြီး စစ်သုံ့ပန်းပေါင်း ၅၀ ကျော်ဖမ်းမိတယ် ထုတ်ပြန်ထားပါတယ်။

Komentáře • 2

  • @utinhtaykyaw3714
    @utinhtaykyaw3714 Před 2 měsíci

    လက်သုံးချောင်းထောင်ခဲ့ကြပြီးမှဒုက္ခတွေဖြစ်မှမအော်ကြနဲ့

  • @ArKaHtetArKaHtet
    @ArKaHtetArKaHtet Před 2 měsíci

    လိုတာကို ပလောင်မှာတော၉်း