နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ၊ ပဋ္ဌနာတော်ဖြင့် ဘုရားသခင်ရှေ့တော်မှောက်သို့တိုးဝင်ချဉ်းကပ်ခြင်း၊ ဒဿမနေ့

Sdílet
Vložit
  • čas přidán 25. 08. 2024
  • နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ
    “အသက်မွေးလောက်သောအစာကိုအကျွန်ုပ်တိုအားယနေ့ပေးသနားတော်မူပါ
    Give us this day our daily bread
    အဓိကအချက် - ပဋ္ဌနာတော် ဆုတောင်းခြင်းဖြင့် ဘုရားသခင်ရှေ့တော်မှောက်သို့တိုးဝင်ချဉ်းကပ်ခြင်း၊ ဒဿမနေ့
    ဖတ်ရန်ကျမ်းချက် - သုတ္တံကျမ်း၊ ၃၀း၇-၉
    “ယေရှုကလည်း၊ ငါသည်အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တဖန် အဆာအမွတ် မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တဖန် ရေငတ်မခံရ။” (ယောဟန်၊ ၆း၃၅)
    ကျွန်ုပ်တို့အသက်ရှင်ရန် လိုအပ်သောအစားအစာများသည် ကိုယ်တော်ထံမှလာသည်ဖြစ်ကြောင်း ဝန်ခံသိမှတ် လျှက် ရိုးသားစွာ တောင်းခံခြင်း ဖြစ်သည်။ မနေ့ကစားခဲ့သော အစားအစာ နှင့် ယနေ့ရပ်တည်ခွင့်ရတဲ့ အတွက် ချီမွမ်းသလို၊ အနာဂတ်အတွက်အင်အားဖြစ်စေမယ့် အစားအစာကိုလည်း ကိုယ်တော်ထံမှာ တောင်းလျှောက် ပါတယ်။ ကျွန်ုပ်တို့ အသက်ရှင်ရန် လိုအပ်သော ရုပ်ပိုင်းဆိုင်ရာလိုအပ်မှု များသည် ဘုရားသခင်ထံမှ လာသည်ဟု သိမှတ်လျှက်၊ ဝန်ခံလျှက်၊ ဘုရားသခင်ထံမှတောင်းခံခြင်းဖြစ်သည်။ ဘုရားပေးသော အရာများသည် သေးသေးကြီးကြီး ကောင်းကြီးမင်္ဂလာဖြစ်သည့်အတွက်၊ အစားအစာတစ်လုပ်၊ အဝတ်တစ်ထည်မှစ၍ ဘုန်းတော်ထင်ရှားစရာ ဖြစ်စေကာ၊ နိုင်ငံတော်တည်ထောင်ခြင်းနှင့် အလိုတော်ပြည့်စေမည့်လုပ်ငန်းများအတွက် ခွန်အားနှင့် တန်ဆာပလာများ ဖြစ်စေပါသည်။
    သခင်ယေရှုက ကျွန်ုပ်တို့လောဘ၊ အတ္တဖြင့်ဇိမ်ခံဘိုရန်လိုချင်သောအရာများကို တောင်းလျှောက်ခြင်းထက် အသက်ရှင်ရာတွင် အခြေခံလိုအပ်မည့် အရာများ ကိုသာတောင်းလျှောက်တတ်ရန်သင်ကြားပေးခဲ့ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို၏လိုအပ်ချက်များကို သိတော်မူပါသည်။ ဘုရားသခင်ထံမှ လာခြင်းမဟုတ်သော အငတ်အမွတ်မပြေသော အစာများ၊ ဖြည့်ဆည်း၍မကုန်နိုင်သော ရုပ်ပစ္စည်းများအစား အသက်မုန့်ဖြစ်သော စစ်မှန်သောအစာ ကို တောင်းလျှောက် တတ်လာစေရန်ဆုတောင်းပါ။ (ယောဟန် ၆း၃၅၊ဟေရှာ ၅၅း၁-၃)
    အသက်မွေးလောက်သော ခန္ဓာအာဟာရအတွက် တောင်းလျှောက်သလို အသက်မွေးလောက်သော ဝိညာဉ်အစာ ကိုလည်း ဆာငတ်သောစိတ်ဖြင့်တောင်းလျှောက်ပါ။ အသက်မွေးလောက်သော ရုပ်ပိုင်း၊ ဆိုင်ရာလိုအပ်ချက်၊ ဝိညာဉ်ခွန်အားများသည် ကျွန်ုပ်တိုကိုသတိဖြင့်ကြည့်ရှုနေတော်မူသော သိုးထိန်းကြီး ကိုမျှော်ကြည့်မှီတည် နေခြင်းအားဖြင့် အခြေခံလိုအပ်ချက်များ ပြည့်စုံလျှက် ခွက်ဖလားလျှံလျှက်ရှိနေကြောင်းသိရှိလာရပေမည်။
    ဆင်ခြင်ရန် - နေ့စဉ် အသက်ရှင်ဖို့ရန် ဘုရား‌ပေးသောအရာများကိုတောင်းလျှောက်ခြင်းသည် ဘုရားသခင်၏ ထောက်ပံ့တတ်သောသ‌ဘောကို သိမှတ်လက်ခံခြင်းဖြစ်သည်။
    ဆုတောင်းရန် - အသက်မွေးလောက်သော ခန္ဓာ၊ စိတ်၊ ဝိညာဥ်အစားအစာများကို ကျွန်ုပ်တို့လိုပါ၏၊ ပြင်ဆင်ပေးသနားတော်မူပါ။ ကိုယ်တော်၏ပံ့ပိုးခြင်းမပါပဲ သားသမီးတို့ အသက်ရှင်ရန်ပင်မဖြစ်နိုင်ကြောင်းကို ဝန်ခံသိမှတ်လျှက် အခြေခံလိုအပ်ချက်မှအစ ကိုယ်တော်ထံတင်ပြတောင်းလျှောက်ပါ၏ အာမင်။

Komentáře • 1

  • @user-zt8zj3xr4s
    @user-zt8zj3xr4s Před měsícem

    Amen. Blessed Morning for me to listing this bible