အိန္ဒိယသမိုင်း / အပိုင်း(၁)_‌ဘီစီ(၃၃၀၀) မှသည် အေဒီ (၁၈၅၇) / အသစ်ပြင်ဆင်တင်ပြခြင်း

Sdílet
Vložit
  • čas přidán 7. 09. 2024
  • အိန္ဒိယသမိုင်းထဲမှာ လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်လာကြပုံ၊ ဘာသာရေး နှင့် ယဉ်ကျေးမှုတို့ ရှင်သန်ဖွံ့ဖြိုး လာပုံ၊ စသည်ဖြင့် ကြီးကျယ်ခန်းနားလှပါပေ့ဆိုတဲ့ သမိုင်းရှည်ကြီးတွေနဲ့ ပြည့်နက်နေပါတယ်။ ကမ္ဘာ့မှာထွန်း ကားခဲ့ကြသမျှ လူ့အဖွဲ့အစည်းတွေ၊ အဲ့ဒီလူအဖွဲ့အစည်းတွေရဲ့ ယဉ်ကျေးမှုတိုးတက်ပြောင်းလဲလာပုံတွေကို ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းတင်ထားပြီးရာ အိန္ဒိယဟာ ရှေးအကျဆုံး လူ့အဖွဲ့အစည်းတွေ ထဲကတစ်ခု ဖြစ်ပါတယ်။ ပေလီယိုလစ်သစ် (Paleolithic) ရှေးဟောင်းကျောက်ခေတ် ကနေ လူ့သမိုင်းဇတ်ခုံပေါ်မှာ ရာစုနှစ်ပေါင်းများစွာ ကနေ ဒီနေ့တိုင် ထင်ထင်ရှားရှားတည်ရှိနေခဲ့တဲ့ ဧရာမ သမိုင်းရှည်ကြီး ဖြစ်ပါတယ်။ ဒီလို သမိုင်း ရှည်ကြီးကို အခု လို့ ရုပ်သံပြကွက်ကွက် တိုတိုလေးနဲ့ ဖော်ပြရတဲ့အခါ ဇတ်ကြောင်းကုန်စင် ဆိုတာထက် မပါမဖြစ် သမိုင်းတန်ဖိုး ကြီးလွန်းတဲ့ အပိုင်းတွေကို ရွေးထုတ် တင်ပြရပါတယ်။
    အခုတွေ့နေရတာက ကျောက်လက်နှက်တစ်မျိုးနဲ့ ဂူနံရံတွေပေါ်မှာ ရေးဆွဲထားတဲ့ ပန်းချီလက်ရာတစ်ခု ဖြစ်ပါ တယ်။ ဘီစီ (၄၀၀ ၀၀၀) ကနေ (၂၀၀ ၀၀၀) အကြား အိန္ဒိယတိုက်က လူသားတွေရဲ့ အစွမ်းအစကိုဖော်ပြရာ ပထမ ဆုံး သင်္ကေတ တစ်ခုဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတွေ ဖြစ်ပေါ်ထွန်းကားလာကြပုံ နဲ့ အသေးစိတ်အချက် အလက် တွေ၊ အခြေချနေထိုင်ကြပုံတွေကို ခြေခြေမြစ်မြစ် ပြောနိုင်ဖို့ မဖြစ်နိုင်တော့ပါ။ သို့သော် အိန္ဒိယတိုက်မှာ ပထမ ဆုံးအခြေချခဲ့တဲ့ လူအဖွဲ့အစည်းက ဟရပင်(Harappan) လူ့အဖွဲ့အစည်းဆိုတာကိုတော့ ကျွန်တော်တို့ ဒီနေ့အခိုင် အမာပြောနိုင်ကြပါပြီ။ ပထမ ဘီစီထောင်စုနှစ်များကတည်းက အခြေချခဲ့ကြဟန် တူပါတယ်။ အိန္ဒာစ်မြစ်ကို အမှီ ပြုနေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ Indus Valley Civilization (အိန္ဒုတောင်ကြားလူ့အဖွဲ့စည်းဆိုပြီး ကျွန်တော်တို့ အလယ်တန်းလောက်မှာ သင်ခဲ့ကြရပါတယ်) ဟရပင် တွေမှာ ကိုယ်ပိုင်စာ ရှိပါတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ လူမှုပုံစံနဲ့ ဆန်းသစ်တဲ့စီးပွားရေးပုံစံတို့ ရှိကြပါတယ်။ စိတ်ဝင်စားဖွယ် အဆင့်မြင့်မြို့ပြတွေနဲ့ ဗိသုကာလက်ရာ တွေ ရှိကြပါတယ်။ ဘီစီ (၁၅၀၀) ခန့်မှာ ဒီလူ့ အဖွဲ့အစည်းကြီး ဘာကြောင့် ပြိုလဲသွားခဲ့သလဲ ဆိုတာကို ခိုင်ခိုင်မာမာ ပြောနိုင်ဖို့ ပညာရှင်တွေ ဆက်လက်လေ့လာ နေကြဆဲပါ။
    Calcutta Sunset by E’s Jammy Jams

Komentáře • 34