တိုကျိုမြို့ မြန်မာသံရုံး ပထမအတွင်းဝန် နဲ့ ဒုတိယအတွင်းဝန် CDM တွင် ပူးပေါင်းပါဝင်လာ

Sdílet
Vložit
  • čas přidán 6. 09. 2024
  • တိုကျိုမြို့ မြန်မာသံရုံး ပထမအတွင်းဝန် နဲ့ ဒုတိယအတွင်းဝန် CDM တွင် ပူးပေါင်းပါဝင်လာ
    မတ် − ၆ ၊၂၀၂၁
    ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးမှာ ပထမအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးအောင်စိုးမိုးနဲ့ ဒုတိယအတွင်းဝန်ဒေါ် အိန္ဒြာသန်းတို့ဟာအကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်လာတယ်လို့သတင်းရရှိပါတယ်။
    ဒီလို CDM မှာပါဝင်တာကိုတော့ သူတိုရဲ့ ဖေ့ဘွတ်ခ်တွေကနေ အသိပေးထားကြတာပါ။
    CDM ပါဝင်တာဟာ ဖိအားတစ်စုံတစ်ရာမပါဝင်ဘဲ မိမိဆန္ဒအလျောက် မြန်မာပြည်သူ ၊ပြည်သားတွေနဲ့ အတူ ပူပေါင်းတာလို့ ဖေ့ဘွတ်ခ်မှာရေးသားထားတာတွေ့ရပါတယ်။
    ပထမအတွင်းဝန် ဦးအောင်စိုးမိုးဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၂၈ နှစ်တာတာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရပါတယ်။
    ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံးက သံဝန်ထမ်းအချို့ဟာ CDM မှာ ပူးပေါင်းပါဝင်ခဲ့တာရှိပါတယ်။
    ဒါအပြင် ဆွစ်ဇာလန်နိုင်ငံ ၊ ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးကပထမ အတွင်းဝန် ၂ ဦးနဲ့ ဒုတိယ အတွင်းဝန် ၁ ဦးတို့ဟာလည်း CDM မှာပါဝင်ထားကြပါတယ်။
    Subscribe to our channel at bit.ly/2CVSP6d
    Check out our website: www.7daydaily.com/
    Connect with us at our social media handles:
    Facebook: / 7dayonlinetv
    Twitter: / 7day_tv

Komentáře • 4