ချစ်သူများနေ့မှာ ချစ်သူကို သက်*မိသူ အိုလံပစ် အားကစားသမား Oscar Pistorius - Murder Monday

Sdílet
Vložit
  • čas přidán 7. 09. 2024
  • ၂၀၁၃ ခုနှစ်ရဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ချစ်သူများနေ့မှာ ချစ်သူစုံတွဲတွေနဲ့ လူပေါင်းများစွာက ချစ်သူများနေ့ကို ချစ်သူများနေ့လိုပဲ ဖြတ်သန်းခဲ့ကြပေမယ့် အဲ့ဒီနေ့မှာ ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ သတင်းတစ်ခု တောင်အာဖရိက နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ Oscar Pistorius လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်က သူ့ချစ်သူ ဖြစ်သူကို ဒိုင်းညှောင့်နဲ့ လေးချက်တိတိ ပစ်ခတ်မိတဲ့အတွက် ချစ်သူကောင်မလေး ကွယ်လွန်သွားခဲ့ရတဲ့ သတင်း ဖြစ်ပါတယ်။ ဒီသတင်း ကမ္ဘာကျော်ရတဲ့ အကြောင်းရင်းကတော့ သူတို့နှစ်ယောက်က ချစ်သူတွေ ဖြစ်နေပြီးတော့ ဒီမတော်တဆမှုက ချစ်သူများနေ့မှာ ဖြစ်ပွားခဲ့တာက တစ်ကြောင်း၊ နောက်ပြီးတော့ Oscar က လူအများသိ ကမ္ဘာသိ အိုလံပစ် ပြိုင်ပွဲဝင် အပြေးအားကစားသမား ဖြစ်နေတဲ့အတွက်ကြောင့်လဲ ဖြစ်ပါတယ်။ သူ့ကို လူအများ သိကြတဲ့ အကြောင်းအချက်တစ်ခုက သူဟာ မသန်စွမ်းအိုလံပစ်ကိုရော၊ နောက် သာမန်အိုလံပစ်ပွဲကိုရော ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ၁၀ ဦးမြောက် ကစားသမား ဖြစ်နေလို့လည်း ဖြစ်ပါတယ်။
    အဲ့ဒီတော့ ဒီအမှု ဖြစ်ပွားခဲ့တဲ့အချိန်က လွန်ခဲ့တဲ့ ၁၁ နှစ် တိတိအချိန်ကာလပေါ့။ ဒီအမှုအကြောင်း သတင်းတွေထဲ စပြီး ပါလာတဲ့အချိန်ကို ကျွန်တော်မှတ်မိသေးတယ်။ နိုင်ငံတကာသတင်းဌာနတွေ အကုန်လုံးက ဒီသတင်းကို ဝေဝေဆာဆာဖော်ပြကြတာပေါ့။ သတင်းစပြီး တက်လာတဲ့အချိန်မှာ Oscar က သူ့ချစ်သူကောင်မလေးကို သူ့ကောင်မလေးမှန်း မသိဘဲနဲ့ သူ့အိမ်ထဲကို ခိုးဝင်လာတဲ့သူလို့ ထင်တဲ့အတွက် သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် အိမ်သာခန်းထဲမှာ ပုန်းနေရင်းနဲ့က သေနတ်နဲ့ ဦးအောင် ပစ်လိုက်မိတယ်ဆိုတဲ့အကြောင်း၊ ပစ်ပြီးမှပဲ သူ့ကောင်မလေးမှန်း သိရတဲ့အကြောင်းတွေ သတင်းတွေထဲမှာ ပါလာတာကို ကျွန်တော် ကောင်းကောင်းကြီး မှတ်မိတယ်။ အဲ့တုန်းကတော့ ဟာ သနားစရာပဲပေါ့။ သူ့မှာ သူ့အိမ်ထဲကို ခိုးဝင်လာတဲ့ သူခိုးရန်ကနေ ကာကွယ်ဖို့ ကြိုးစားခဲ့ရာက သူချစ်တဲ့ ကောင်မလေးကို လက်လွှတ်ဆုံးရှုံးလိုက်ရတယ်ဆိုပြီးတော့ စိတ်မကောင်းတောင် ဖြစ်လိုက်သေး။ ဒီအမှုဟာ တော်တော်လေးကိုမှ ရှုပ်ထွေးပွေလီတဲ့အမှုတစ်ခုဖြစ်ခဲ့ပြီးတော့ တရားရုံးမှာ လေးနှစ်လောက် အမိန့်ချလိုက်၊ အယူခံပြန်ဝင်လိုက်၊ အမိန့်ချလိုက်၊ အယူခံပြန်ဝင်လိုက်နဲ့ တော်တော်လေးကိုမှ ရှုပ်ထွေးပွေလီလှတဲ့ အမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ နောက်ဆုံး ၂၀၁၇ ခုနှစ်ထဲမှာ သူတို့ တောင်အာဖရိက ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးကို ရောက်ပြီးတော့ ထောင်ဒဏ် ၁၅ နှစ် အမိန့်ချစေဆိုပြီးတော့မှ ဇာတ်လမ်းက တစ်ခန်းရပ်တော့တာ။
    အဲ့ဒီတော့ ဒီအမှုက အဓိက တရားခံOscar ရဲ့ ဘဝနောက်ကြောင်း၊ သူ့ကောင်မလေးနဲ့ ဘယ်လို ချစ်ကြိုက်ကြတာလဲ၊ အမှုဖြစ်တဲ့နေ့က အကြောင်းအရာအဖြစ်မှန်က ဘာလဲ၊ ပြီးတော့ ဒီလောက်ရှုပ်ထွေး ပွေလီလှတဲ့ အမှုရဲ့ နောက်ကွယ်မှာ ဘာတွေရှိမလဲ၊ အစရှိတဲ့ အကြောင်းအရာတွေကို အပိုင်းလေးတွေ ခွဲပြီး တင်ဆက်ပေးသွားမှာဖြစ်လို့ ဆက်လက်ကြည့်ရှု အားပေးကြပါဦးခင်ဗျာ။
    ပထမဦးဆုံး Oscar ရဲ့ ဘဝနောက်ကြောင်းကို ကြည့်လိုက်ရအောင်။
    Oscar Pistorius ရဲ့ နာမည်အပြည့်အစုံက Oscar Leonard Carl Pistorius ဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့မှာ တောင်အာဖရိကနိုင်ငံက Sandton ရပ်ကွက်၊ Johannnesburg မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူ့အသက်က ၃၇ နှစ် ပြည့်ပြီးပြီပေါ့နော်။ သူ့အသက် ၁၁ လ အရွယ်လောက်မှာ သူ့မိဘတွေက တော်တော်ခက်ခဲတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့ရပါတယ်။ သူ့ဒူးအောက်ပိုင်း ခြေထောက်မှာ ကျွန်တော်တို့ အပြင်ဘက်က အရိုးတစ်ချောင်းစီ ပါမလာတဲ့အတွက်ကြောင့် ခြေထောက်နှစ်ဘက်စလုံးကို ဒူးအောက်ပိုင်းကနေ ဖြတ်တောက်ပစ်ခဲ့ရပါတယ်။ သူ့မှာ အစ်ကိုတစ်ယောက်၊ ညီမလေးတစ်ယောက်ရှိတော့ မွေးချင်း သုံးယောက်ရှိတယ်ပေါ့။ ဒီလိုဆိုပေမယ့် သူ့ဘဝက မကောင်းတာတွေချည်းပဲတော့ မဟုတ်ဘူးပေါ့လေ။ သူတို့ မိဘ ဆွေမျိုးတွေအားလုံးနီးပါးက ချမ်းသာကြွယ်ဝကြသူတွေဖြစ်ပြီးတော့ စီးပွားရေး လုပ်ငန်းပေါင်း မြောက်မြားစွာကိုလည်း ပိုင်ဆိုင်တဲ့ မျိုးနဲ့ ရိုးနဲ့ ကြွယ်ဝချမ်းသာသူတွေ ဖြစ်ပါတယ်။
    Oscar က မွေးရာပါအခြေအနေကြောင့် အခုလို မသန်စွမ်း ဖြစ်ခဲ့ရပေမယ့် အားကစားပိုင်းမှာ အမြဲတမ်း တက်တက်ကြွကြွ ရှိတယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကျောင်းတက်ကတည်းက အားကစားနည်းပေါင်းစုံကို ပါဝင် ကစားခဲ့တယ်လို့ ဆိုပါတယ်။ Rugby အားကစားနည်း၊ နောက် ရေထဲမှာ ဘောလုံးကစားတဲ့ Water Polo, နောက် တင်းနစ်စ်၊ လက်ဝှေ့ အစရှိတဲ့ အားကစားနည်းမျိုးစုံကို ကစားခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၀၃ ခုနှစ် သူ့အသက် ဆယ့်ခွန်နှစ်နှစ်အရွယ်မှာ Rugby ကစားနေရင်း ဒဏ်ရာ ဆိုးဆိုးရွားရွားရခဲ့တဲ့အတွက် အဲ့ဒီကစားနည်းကို လုံးဝ စွန့်လွှတ်လိုက်ရတာပေါ့။

Komentáře • 74

  • @tochhawngsangi2785
    @tochhawngsangi2785 Před 6 měsíci +3

    Story ထဲက ပုံလေးတွေကို အသားပေး ပြစေချင်တယ်..

    • @StoryBearsMM
      @StoryBearsMM  Před 6 měsíci +1

      ဟုတ်ကဲ့ အကြံပြုချက်အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • @user-mx9zn9wz9z
    @user-mx9zn9wz9z Před 6 měsíci +4

    သူများမတင်ပြ‌ေတးတဲ့မှုခင်းတွေတင်ပေးလို့ကျေးဇူးပါ တခြား channel နဲ့မတူတဲ့မှုခင်းတွေများများတင်ပေးပါ မှုခင်းအမာခံပရိတ်သတ်ပါ

  • @interintet5380
    @interintet5380 Před 3 měsíci

    အား​ပေး​နေပါတယ်ဗျာ❤

  • @Millie_23391
    @Millie_23391 Před 6 měsíci +8

    တော်သေးတာပေါ့ ဘဲမရှိလို့

    • @StoryBearsMM
      @StoryBearsMM  Před 6 měsíci +2

      😅😅😅

    • @4LaByae
      @4LaByae Před 6 měsíci

      မပူပါနဲ့ရတော့လဲဖြစ်လာမှာပေါ့ လူတိုင်းအပြည့်အဝသေခွင့်ရှိပါတယ်

    • @Millie_23391
      @Millie_23391 Před 6 měsíci

      ပညာရှိတွေ ဝိုင်းLowပြီးမွေးထားတာလား
      ဉာဏ်ကောင်းလိုက်တာ မအေလိုးလေး ဖိုးလပြည့်ရယ်

    • @YanNaing-le7cy
      @YanNaing-le7cy Před 5 měsíci

      😂😂😂

    • @user-tw5iz5pp7m
      @user-tw5iz5pp7m Před 2 měsíci

      ကြာတယ်နော်မမတို
      ဒိုင်းညှောင့်ဒိုင်ညှောင်ဒဲ့
      ❤😂❤😂❤😂

  • @Millie_23391
    @Millie_23391 Před 6 měsíci +1

    စစတင်တဲ့ရက်ကနေ
    အခုထိ နားထောင်လို့ကိုမပီးသေးဘူး
    အိပ်ပျော်ပျော်သွားတာ ဒီနေ့မှ min 20နားရောက်တယ် 🥹

  • @user-wt8fr1is1u
    @user-wt8fr1is1u Před 6 měsíci +1

    သူတင်ဆက်ရင်အချိန်မပေးနိုင်လို့ကျော်ကြည့်ပစ်ရတယ်။ဘေကုန်တယ် တထောင်ဖိုးလောက်ကုန်တယ်။

  • @dawttha5783
    @dawttha5783 Před 6 měsíci

    I am interesting about the criminal,if you can please tell us about the Singapore crime about Mr Anthony crime ,around in 2001-2002.

    • @StoryBearsMM
      @StoryBearsMM  Před 6 měsíci +1

      Sure. I will gather the information about the case for future video.

    • @dawttha5783
      @dawttha5783 Před 6 měsíci

      Thank you sir.

  • @user-mx9zn9wz9z
    @user-mx9zn9wz9z Před 6 měsíci +1

    ခြေမပါလို့သာဘဲ့နော် ကောင်မလေးသနားပါတယ် အဲကောင်လဲပြန်သေသင့်တယ်

  • @sansola3819
    @sansola3819 Před 3 měsíci

    မတားရာလိုက်တာ
    အနည်းဆုံး
    အနှစ်သုံးဆယ်လောက်ချရမှာ

  • @user-bcYangon
    @user-bcYangon Před 2 měsíci

    သတ်မိသူ

  • @aungchan5255
    @aungchan5255 Před 6 měsíci +2

    ကလေးကလားဒိုင်းညှောင့်ကြီးကဇာတ်လမ်းအရှိန်နဲ့အရသာကိုပေါ့ပျက်ပျက်ဖြစ်သွားစေတယ် သေနတ်

    • @StoryBearsMM
      @StoryBearsMM  Před 6 měsíci +9

      ကျွန်တော်တို့အနေနဲ့ အဲ့စကားလုံးသုံးမယ်ဆိုရင်ကျတော့ ယူကျုရဲ့ ပေါ်လစီကို ငြိနိုင်တဲ့အတွက်ကြောင့် တမင် ဒီစကားလုံးကို ရှောင်ပြီး သုံးရတာ ဖြစ်ပါတယ်ခင်ဗျာ။

    • @phyuphyu8063
      @phyuphyu8063 Před 6 měsíci

      သုံးမရလို့ပေါ့

  • @kongfeng-pm6wf
    @kongfeng-pm6wf Před 7 dny

    ကျေနပ်နှစ်သက်ပါတယ်ရှ့်

  • @Kira-Zu
    @Kira-Zu Před 6 měsíci +1

    ရပြီ ချောကလပ်အစား ထန်းလျက်ခဲပဲထိုင်စားတော့မယ် ကျေးဇု

  • @kochogyi2175
    @kochogyi2175 Před 6 měsíci +1

    စိတ်ဝင်စားအောင် ပြောဆိုတင်ဆက်ပုံ ကြိုက်ပါတယ် ခင်ဗျ
    ဒီမှုခင်းမျိုးက ဒိထက်အကျယ်ချဲ့ပြီး
    အချက်အလက်ပိုစုံလင်အောင်
    တင်ဆက်ပေးမယ်ဆိုရင်
    story ပိုကြွ ပိုလှ လာလိမ့်မယ်လို့ အကြံပြုလိုပါတယ်

    • @StoryBearsMM
      @StoryBearsMM  Před 6 měsíci

      ဟုတ်ကဲ့ခင်ဗျာ။ အကြံပြုပြောကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ။

  • @trickerpro9212
    @trickerpro9212 Před 6 měsíci +1

    I No I See, I Run U Meet, U Ask I Talk, I No I Home, U No U Send I Home, Please I တောင်းပန် U ကို I Home U No Send Iကို😢😢

  • @user-tw5iz5pp7m
    @user-tw5iz5pp7m Před 2 měsíci

    မှားတယ်ကွာ
    တို့ တေားသား
    တာဇံတွေအတွက်
    😂😂❤❤😂😂

  • @user-hq5nn4xq8h
    @user-hq5nn4xq8h Před 5 měsíci

    Thanks

  • @panaung4323
    @panaung4323 Před 6 měsíci

    Burari deaths familအ​ကြောင်းတင်​ပေးပါလား

    • @StoryBearsMM
      @StoryBearsMM  Před 6 měsíci

      ဟုတ်ကဲ့ ပြောဖို့ရာ စီစဉ်ထားပါတယ်ခင်ဗျ။ သူက တော်တော်ကြီးကို ရှည်တော့ ဇာတ်လမ်း ဘယ်လို ချုံ့ရမလဲ စဉ်းစားရ နည်းနည်းကြပ်နေလို့။ 😅 ရှေ့လထဲလောက် ပြောနိုင်အောင် လုပ်ပါ့မယ်။
      ဒီလထဲတော့ ချစ်သူများနေ့အထိမ်းအမှတ်အနေနဲ့ ရာဇဝတ်သား စုံတွဲတွေကို သီးသန့် တင်ပေးဖို့ စီစဉ်ထားလို့ပါ။

  • @Herlifestyle-pnw
    @Herlifestyle-pnw Před 6 měsíci +1

    အိပ်အိပ်ပျော်သွားလို့ ခုထိမပြီးသေးဘူးနားထောင်နေတာ 😅

  • @user-uz1ps8pk9q
    @user-uz1ps8pk9q Před 6 měsíci +1

    တင်ဆက်တာအရမ်းနားထောင်လို့ကောင်းတယ် အားပေးလျှက်ပါ

    • @StoryBearsMM
      @StoryBearsMM  Před 6 měsíci

      ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • @nilarlinn
    @nilarlinn Před 6 měsíci +1

    အားပေးလျှက်ပါရှင့်။စိတ်ဝင်စားအောင်တင်ဆက်ပေးတဲ့အတွက်ကျေးဇူးပါ။

    • @StoryBearsMM
      @StoryBearsMM  Před 6 měsíci +1

      အမြဲအားပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

  • @winmoeoo
    @winmoeoo Před měsícem

    မားမားboyတွေ မတွဲမိစေနဲ့ ကောင်မလေးတွေ

  • @user-ew4uq1gy7h
    @user-ew4uq1gy7h Před 6 měsíci

    🎉🎉🎉

  • @Ewwwwwchee
    @Ewwwwwchee Před 6 měsíci

    😮

  • @nyalinyaung4913
    @nyalinyaung4913 Před 6 měsíci

    good

  • @user-ip1yh2qe1x
    @user-ip1yh2qe1x Před 6 měsíci

    ဘယ်နိုင်ငံမဆိုငွေများတရားနိုင်တေ😢

  • @nanwatymoe
    @nanwatymoe Před 6 měsíci

    👉ဒိုင်းညောင့် 😁

    • @StoryBearsMM
      @StoryBearsMM  Před 6 měsíci

      CZcams ရဲ့ ပေါ်လစီအရ တချို့ စကားလုံးတွေ သုံးမိရင် ပြဿနာ တက်တတ်လို့ပါခင်ဗျာ။ ဟီး။

  • @ngengehtun1020
    @ngengehtun1020 Před 6 měsíci

    စကားပြောကောင်းသူ🐻ကြီးပါလား

  • @user-gd7ml6nn7z
    @user-gd7ml6nn7z Před 6 měsíci

    အိုလံပစ်ပွဲစဉ် ဒီတခါလုပ်ရင်ဘတ်ဘတ်ကြီးသားတွေ ပထမရကြလိမ့်မယ်😂😂

    • @StoryBearsMM
      @StoryBearsMM  Před 6 měsíci +2

      ဟား ပြောတတ်လိုက်တာ။ သူတို့တွေကိုတော့ ယှဉ်ပြိုင်ခွင့်တောင် မပေးသင့် 😅🤣🤣

    • @user-gd7ml6nn7z
      @user-gd7ml6nn7z Před 6 měsíci

      @@StoryBearsMM 👏👍💪✊💯🚩

  • @user-rk2pg2yv1w
    @user-rk2pg2yv1w Před 6 měsíci

    အားပေးလျှက်ပါ❤

    • @StoryBearsMM
      @StoryBearsMM  Před 6 měsíci

      အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • @oppojaymart6159
    @oppojaymart6159 Před 6 měsíci

    ရဲတွေကိုတော့အရမ်းလေးစားမိတယ် ကွာလိုက်တာ အဲ့ဒိရဲတွေရဲ့ခြေသဲ လောက်သာသာတောင်မှီမယ်မထင်ဘူး

    • @StoryBearsMM
      @StoryBearsMM  Před 6 měsíci +1

      😅 ခုတော့ ပေါ်တာလိုက်ဆွဲနေတယ်ကြား။
      တောင်အာဖရိက ကလည်း အကျင့်ပျက်လာဘ်စားမှုတွေ တော်တော်များတဲ့နေရာတစ်ခုပါ။ ကြည့်ရတာ ဒီအမှုနဲ့ အဖတ်ပြန်ဆယ်တဲ့သဘောပေါ့။ 😅

    • @oppojaymart6159
      @oppojaymart6159 Před 6 měsíci

      @@StoryBearsMM ဟုပ်တယ်အကိုရေ သူတို့ကအဖက်ပြန်ဆယ်ရမှန်းသိသေးတယ် ကျနော်တို့ဆီကကောင်တွေကတော့ အမှားဆိုတဲ့စကားလုံးနဲ့တောင်မတန်တော့ဘူး အယုပ်မာဆုံးအဆိုး‌ဆုံးတွေကိုသာတစ်ခုပီးတစ်ခုကျူးလွန်နေကြတော့‌တာပဲအာကုသိုလ်တွေများလွန်းလို့ လူတစ်ယောက်ရဲ့ရှိသင့်ရှိထိုက်တဲ့အသိအမြင်အာရုံ အကုန်လုံးပြောက်ကွယ်နေပီလေ အနော်တို့ဆီက‌လောက်ကောင်တွေ ဒါကြောင့်အခုလိုတွေလုပ်နေကြတာလို့ပဲမြင်တယ် အကိုရေ😌

    • @StoryBearsMM
      @StoryBearsMM  Před 6 měsíci

      @@oppojaymart6159 ဟုတ်ပါ့။ 😬😬

  • @christmoowah
    @christmoowah Před 6 měsíci

    အကျိုးပေမို့ဘဲအဲကောင်က insecurity ဖြစ်နေတာ .. psycho တစ်ခုခုရှိနေတာ

    • @StoryBearsMM
      @StoryBearsMM  Před 6 měsíci

      ဟုတ်တယ်ဗျ။ အဲ့လိုပဲ ပြောရမလို ဖြစ်နေတာပေါ့။

  • @nyinyinyein8652
    @nyinyinyein8652 Před 6 měsíci +1

    ပေါတောတောနဲ့ဘာတွေပြောနေတာလဲ၊၊

  • @poulnkawng7001
    @poulnkawng7001 Před 6 měsíci

    ဆာလိုက်တာ😂 ဒိုင်းညောင့်ကြီးက 😅

    • @StoryBearsMM
      @StoryBearsMM  Před 6 měsíci +1

      ဟုတ်။ ယူကျု ပေါ်လစီနဲ့ ငြိမှာစိုးတဲ့အတွက် တချို့စကားလုံးတွေကို ရှောင်သုံးရတာဖြစ်ပါတယ်ခင်ဗျာ။

  • @mgsawhtoot.g.i
    @mgsawhtoot.g.i Před 6 měsíci

    🙋...Hello.. brother 🎉 The Crone ဆိုတဲ့ အဘွားအို သစ်သားရုပ်ထုလေးအကြောင်းတချက်လောက် အဆင်ပြေရင် please 😬အကြောင်းအရာ ရှည်ရင် အပိုင်း 1-2-3ခွဲတင်ပေးပေါ့ .အဲ့ရုပ်ထုမျက်လုံးတွေကို သံတေနဲ့စိုက်ထားပြီး ‌ကြိုးကွင်းလေးတခုကို လည်ပင်းမှာဆွဲထားတယ်။bro လည်းစိတ်ဝင်စားမယ်ထင် ။ကြည့်ရူ့သူတေလည်း စိတ်ဝင်စားမယ်ထင်လို့ပါဗျ။🔥

    • @StoryBearsMM
      @StoryBearsMM  Před 6 měsíci +1

      ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော် ရှာကြည့်လိုက်ပါ့မယ်ခင်ဗျ။ အခုလို အကြံပြုပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • @user-lm6gw3hw3n
    @user-lm6gw3hw3n Před 6 měsíci +1

    တ်ုရင်းလိုရှင်းပြောလေ

    • @StoryBearsMM
      @StoryBearsMM  Před 6 měsíci

      😅😅😅😅😅😅😅

    • @libby9063
      @libby9063 Před 2 měsíci

      ကိုယ်တိုင်မလုပ်နိုင်ပဲအာမချောင်သင့်ပါကြောင်း👍🏽

  • @sandertint6620
    @sandertint6620 Před 6 měsíci

    စောင့်မျှော်နေပါတယ်❤😊

    • @StoryBearsMM
      @StoryBearsMM  Před 6 měsíci

      အခုလို စောင့်မျှော် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။