ခြောက်ခြားဖွယ်အကောင်းဆုံး စိတ်ရောဂါကုဆေးရုံဟောင်း? Gonjiam စိတ်ရောဂါကု ဆေးရုံ - Scary Sunday

Sdílet
Vložit
  • čas přidán 28. 01. 2024
  • ဂွန်ဂျီယမ်းစိတ်ရောဂါကုဆေးရုံဟာဆိုရင် တောင်ကိုးရီယားနိုင်ငံမှာ သရဲတစ္ဆေခြောက်လှန့်မှု အများဆုံးရှိတဲ့ နေရာတစ်ခုဖြစ်တယ်ဆိုပြီး ကိုရီးယားကလူအများတွေက ယူဆကြသလို ၂၀၁၉ ခုနှစ်တုန်းကဆိုရင်လည်း CNN သတင်းဌာနက ကြောက်စရာအကောင်းဆုံး နေရာတစ်ခုအနေနဲ့ သတ်မှတ်ခဲ့တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အတိအကျပြောရ မယ်ဆို နံပါတ် ၇ နေရာကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
    ဒီဆေးရုံရဲ့ မကောင်းသတင်းလို့ပြောရမလား၊ သရဲခြောက်တယ်ဆိုတဲ့ သတင်းက ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Gonjiam Haunted Asylum ရုပ်ရှင်ကားအပြီးမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပျံ့နှံ့သွားခဲ့ပြီးတော့ ဒီဆေးရုံကို ကိုရီးယားပြည်တွင်းပြည်ပက လူတွေက လာရောက်လည်ပတ်မှုတွေ ဒုနဲ့ဒေး ရှိခဲ့တဲ့ အကြောင်းအရာလည်း ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ဒီဆေးရုံရဲ့အကြောင်းနဲ့ပတ်သက်လို့ အင်တာနက်မှာ ရှာကြည့်မယ်ဆိုရင်လည်း ကိုရီးယားရဲ့ သရဲအခြောက်ဆုံး ဆေးရုံဆိုပြီးရေးသားထားတာတွေရှိမယ်၊ နောက် ဒီဆေးရုံက ဒါရိုက်တာဟာ ဆေးရုံက လူနာတွေကို သတ်ပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်၊ ဒီဆေးရုံရဲ့ ပိုင်ရှင်ကလည်း ထူးထူးဆန်းဆန်းပျောက်နေတယ်ဆိုပြီးတော့ ရေးသားထားတာတွေကိုပဲ တွေ့ရမှာဖြစ်ပါတယ်။ အကြောင်းအရာ အခြေအမြစ် ခိုင်ခိုင်မာမာ ရေးသားထားတာမျိုးကို မတွေ့ရပါဘူး။ အဲ့ဒီထဲကမှ ဘယ်ဟာက အမှန်လဲ၊ ဘယ်အရာက လုပ်ကြံသတင်းလဲ၊ ဘယ်ဟာက ကောလဟာလလဲဆိုတာတွေနဲ့ ဒီဆေးရုံရဲ့ သမိုင်းကြောင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ပထမဆုံး ဆေးရုံရဲ့ သမိုင်းကြောင်းကို ကြည့်ကြည့်လိုက်ရအောင်ဒီဆေးရုံကို ၁၉၈၂ ခုနှစ် August လမှာ စတင်ဖွင့်လှစ်ခဲ့ပြီးတော့ နိုဝင်ဘာလမှာ လူနာတွေကို စတင်လက်ခံ ကုသပေးခဲ့ တယ်လို့ဆိုပါတယ်။ တချို့အချက်အလက်တွေကကျတော့ ဒီဆေးရုံဟာ ၁၉၆၈-၆၉ ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့တယ်လို့ဆိုကြပြန်တယ်။ ဆေးရုံရဲ့ တရားဝင်အမည်နာမက ဂွန်ဂျီယမ်း နမ်ယန်း ဦးနှောက်အာရုံကြော ဆေးရုံ ဆိုပြီးဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံက ဂီယွန်းဂျီ-ဒို ဒေသမှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီးတော့ Mr. Hong လို့အမည်ရတဲ့ သူတစ်ဦးက ပိုင်ဆိုင်တာဖြစ်ပါတယ်။
    ဆေးရုံဟာ အထပ်သုံးထပ်ရှိပြီးတော့ အစောပိုင်းမှာတော့ အဆောင် တစ်ဆောင်ထဲ ဖြစ်ပေမယ့် ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ နောက်ထပ် အဆောင်အသေးနှစ်ခုကို တိုးချဲ့ဆောက်လုပ် ခဲ့တယ်လို့ဆိုပါတယ်။ ဆေးရုံဟာ ခုတင်နှစ်ရာကျော်ဆံ့တဲ့အတွက်ကြောင့် တော်တော်ကြီးကို ကြီးတယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။ စဖွင့်ပြီးတဲ့အချိန်မှာ တော်တော်လေး အဆင်ပြေနေခဲ့ပြီး ဒါပေမယ့် ၁၉၉၆ ခုနှစ် ဂျူလိုင်လ နောက်ပိုင်းမှာတော့ ဆေးရုံကို အကြောင်းအမျိုးမျိုးနဲ့ ပိတ်လိုက်ရပါတယ်။
    ပြောရမယ်ဆိုရင် ၆၀ ခုနှစ်ပိုင်းမှာပဲ ဖွင့်ခဲ့ ဖွင့်ခဲ့၊ ၈၀ ခုနှစ်ပိုင်းမှာပဲ ဖွင့်ခဲ့ ဖွင့်ခဲ့ အဲ့ဒီအချိန်ကာလမှာဆိုရင် ကမ္ဘာတဝှမ်းမှာ လူအများက စိတ်ကျန်းမာရေးကို ဂရုစိုက်ကုသရတဲ့ ကျန်းမာရေး ပြဿနာ ကျန်းမာရေး ကုသမှုတစ်ခုအနေနဲ့ ရှုမြင်ခဲ့ကြတာမျိုးမဟုတ်ဘဲနဲ့ ဒါက ရူးသွပ်နေတာ၊ စိတ်ပေါ့နေတာ၊ အဲ့ဒီလိုမျိုး တလွဲသတ်မှတ် ရှုမြင်ကြတဲ့ အချိန်ကာလ အပိုင်းအခြားတွေလို့ ပြောလို့ရမယ်ထင်ပါတယ်။ ဒါပေမယ့် အဲ့ဒီခေတ်က အဲ့လိုပြောလို ဒီလို စိတ်ရောဂါတွေ မရှိဘူးလို့ သတ်မှတ်ထားတာတော့မဟုတ်ဘူးပေါ့လေ။ စိတ်ရောဂါရှိမှန်း လက်ခံလာကြပေမယ့်လည်း ကုထုံးတွေ ကုသတာတွေမှာတော့ လိုအပ်ချက်တွေ ရှိနေဆဲ အချိန်ကာလတွေပေါ့လေ။ အဲ့ဒီတော့ လူနာတွေကို အစောက ပြောခဲ့သလို တလွဲကုသမှုတွေ၊ မလိုအပ်တဲ့ ကုသမှုတွေ ဇွတ်အတင်း ပြုလုပ်ခဲ့တာမျိုး ရှိခဲ့မယ်နိုင်တယ်ပေါ့လေ။ ပြောရမယ်ဆို အခုခေတ်အခြေအနေ မှာတောင် စိတ်ကျန်းမာရေးကို ကျန်းမာရေးလို့ မမြင်ကြဘဲ ရူးသွပ်နေတာ စိတ်မမှန်တာဆိုပြီး တွေးမြင်နေကြတဲ့ အခြေအနေတွေရှိပါသေးတယ်။ စိတ်ကျန်းမာရေးက ကျွန်တော်တို့ ကိုယ်ခန္ဓာကျန်းမာရေးလိုပဲ အရေးကြီးတဲ့ အရေးပါတဲ့ ကျန်းမာရေး ရှုထောင့် တစ်ခု အကြောင်းအရာတစ်ခုဆိုပြီး လူတွေ လက်ခံလာကြတာ သိပ်မကြာသေးဘူးလို့ပဲ ပြောရမယ်ထင်ပါတယ်။ ဒီ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အကူအညီ လိုအပ်လာတယ်ဆိုရင် တတ်ကျွမ်းတဲ့ လိုင်စင်ရ စိတ်ရောဂါကု ဆရာဝန်နဲ့ စိတ်ကျန်းမာရေး အတိုင်ပင်ခံတွေနဲ့ပဲ ဆွေးနွေးကြပါလို့ ပြောကြားချင်ပါတယ်။ ဘယ်က ဘာလိုင်စင်မှ မရဘဲ အွန်လိုင်းက စာလေးဖတ် ဂူးဂဲလ်လေးခေါက်ပြီးတော့ စိတ်ကျန်းမာရေး အတိုင်ပင်ခံ Therapist တို့ Relationship Coach တို့ ဆိုတာတွေကို ပိုက်ဆံပေးပြီး အချိန်ကုန်ခံ ငွေကုန်ခံတာမျိုး မလုပ်ကြပါနဲ့လို့ ပြောချင်ပါတယ်။ ဒါက စကားချပ်ပါ။ ကြော်ညာဝင်တာမဟုတ်ရပါ။
    ဆေးရုံနဲ့ ပတ်သက်တဲ့ ကောလဟာလတွေဂွန်ဂျီယမ်းစိတ်ရောဂါကုဆေးရုံဟာဆိုရင် သူ့လူနာတွေကို အပြင်လူနဲ့တွေ့ခွင့်မပေးဘဲ မိဘဆွေမျိုးတွေကိုတောင် မှ သတ်မှတ်ချိန်အတွင်းမှာပဲ တွေ့ဆုံခွင့်ပေးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဒါက ထူးဆန်းတဲ့ အချက်တစ်ခု မဟုတ်ပေမယ့် ဆေးရုံရဲ့ တည်နေရာက လူသူနီးစပ်တဲ့ မြို့တွင်းဒေသလို နေရာမဟုတ်တာရယ် ဒီလို တင်းကျပ်တဲ့ တွေ့ဆုံခွင့်တွေရဲ့နောက်ကွယ်မှာ လူနာတွေကို လူသားချင်းမဆန်တဲ့ ဆက်ဆံမှုတွေ ဆိုးဝါးတဲ့ လွဲမှားတဲ့ ဆေးကုသမှုပုံစံတွေနဲ့ ထားချင်သလိုထား၊ လုပ်ချင်သလို လုပ်လို့ရအောင် ဖန်တီးပေးနေသလိုဖြစ်နေတယ်ဆိုပြီး ပြောကြတဲ့သူတွေ ရှိလာပါတယ်။
    #ScarySunday #Myanmar #StoryBears #StoryBearsMM

Komentáře • 44

  • @StoryBearsMM
    @StoryBearsMM  Před 6 měsíci +11

    ကိုရီးယားက CZcamsr တွေ အဲ့ဆေးရုံကို သွားကြည့်ထားတဲ့ ဗီဒီယိုတွေပါ။
    czcams.com/video/hqTW8jsZ2uA/video.html
    czcams.com/video/Ci1VSoj4ZpE/video.html

    • @user-kc1jl4pg8r
      @user-kc1jl4pg8r Před 5 měsíci

      ယယယယယယရဪဪဪဪဈဪဪဪဪဪဪဪဪဪဪဪဪဪဪဪဪဈဈဈဓ

    • @winmoeoo
      @winmoeoo Před 11 dny

      ​@@user-kc1jl4pg8rmin may sp lar 😊

  • @myothant
    @myothant Před měsícem

    ကျေးဇူးတင်ပါတယ်.😊

  • @yinmoon3488
    @yinmoon3488 Před měsícem

    ကျေးဇူးပါ ဒီဆေးရုံအကြောင်းသိချင်နေတာ ပြီး တော့ ခုထိရှိနေသေးတယ်ထင်တာ
    Movie ကြည့်ပြီးကြောကိခဲ့ရတာ 😅

  • @zinmarlwin1646
    @zinmarlwin1646 Před 3 měsíci

    အကိုပြောတဲ့စိတ်ကျမ်းမာရေးအကြံပေး အရမ်းမှန်ပါတယ် သေချာလေးရှင်းပြပေးလို့အားလုံးရဲ့ကိုယ်စား ကျေးဇူးတင်ရပါတယ်နော် 😊😊

  • @samh4466
    @samh4466 Před 6 měsíci +1

    အမြဲအားပေးနေပါတယ် အကို
    storiesတွေက အတော်လေး စိတ်ဝင်စားစရာကောင်းပါတယ်
    တခုလောက် သိချင်တာလေး မေးကြည့်ပါရစေ
    အဆင်ပြေမယ်ဆို ဖြေပေးပါဦးနော်
    အကိုက Polar Bear ဆိုတော့
    တခြား Bears တွေလည်း ရှိဦးမှာပေါ့နော်
    အကိုတို့က ဘယ်နှစ်ယောက်လည်း ခင်ဗျာ
    ကျေးဇူးပါ

    • @StoryBearsMM
      @StoryBearsMM  Před 6 měsíci +2

      ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ။
      လောလောဆယ်တော့ ကျွန်တော်တစ်ယောက်ပဲ အဓိကလုပ်နေပါတယ်ခင်ဗျ။ ဘေးကနေ ကူပေးတဲ့သူကတော့ လောလောဆယ် တစ်ယောက်ရှိပါတယ်။ ဒါပေမယ့် ရှေ့လျှောက်တော့ ပိုတိုးလာဖို့ရှိပါတယ်။ ကျွန်တော်တို့ အားလုံး ready ဖြစ်တဲ့အချိန်ကျရင် မိတ်ဆက်ပေးပါ့မယ်ခင်ဗျာ။

  • @user-kp4je2pw4v
    @user-kp4je2pw4v Před 6 měsíci +3

    စိတ်ဝင်စားဖို့ကောင်းတာပဲ တင်ပေးတဲ့တွက် ကျေးဇူးပါ နောက်လဲ များများတင်ပေးပါအုန်း

    • @StoryBearsMM
      @StoryBearsMM  Před 6 měsíci

      ဟုတ်ကဲ့ပါ။ ခုလောလောဆယ်တော့ တစ်ပတ်ကို နှစ်ပုဒ် တင်ပေးနေပါတယ်။ သရဲတစ္ဆေအကြောင်းနဲ့ မှုခင်းအကြောင်းပါခင်ဗျ။

  • @moemyintarkar003
    @moemyintarkar003 Před 5 měsíci

    ကြိုက်တယ်ဗျ၊ အားပေးနေတယ်ဗျ။

    • @StoryBearsMM
      @StoryBearsMM  Před 5 měsíci

      ဟုတ်ကဲ့။ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။

  • @thandarkyaw7818
    @thandarkyaw7818 Před 6 měsíci +2

    အမြဲအားပေးနေပါတယ်

    • @StoryBearsMM
      @StoryBearsMM  Před 6 měsíci

      ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ

  • @kayphyo1044
    @kayphyo1044 Před 6 měsíci +4

    တော်တော်လေးစေ့စပ်သေချာပါတယ်တိကျ ပိုင်နိုင်ပြီးခိုင်မာတယ်လေးစားပါတယ်SB.👍👍💙

    • @StoryBearsMM
      @StoryBearsMM  Před 6 měsíci +4

      ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။ အဲ့လိုလေးကြားရတော့ ပင်ပန်းရကျိုးနပ်တယ်လို့ ခံစားရပါတယ်။ နောင်ကို ပိုကောင်းတဲ့ content တွေ ဖန်တီးနိုင်အောင် ကြိုးစားပါ့မယ်ခင်ဗျ။

    • @thuzarwin6687
      @thuzarwin6687 Před 4 měsíci

      ကျေးဇူးတင်ပါတယ် အများကြီးအသိစိတ်ရပါတယ် အမြဲအားပေးပါတယ်

  • @kayphyo1044
    @kayphyo1044 Před 6 měsíci +1

    မဂ်လာပါ S..B 😊

  • @user-py6bk6xe9v
    @user-py6bk6xe9v Před 5 měsíci +2

    အပိုမရှိစိတ်ဝင်စားအောင်ပြောနိုင်စွမ်းရှိတယ်ဗဟုသုတရတယ်ကျေးဇူးပါ

  • @mgtun7734
    @mgtun7734 Před 5 měsíci +2

    နောက်ထပ် စိတ်ဝင်စားစရာ ဖြစ်ရပ်မှန်လေးတွေ ဖော်ပြပေးပါဦး

    • @StoryBearsMM
      @StoryBearsMM  Před 5 měsíci +1

      ဟုတ်ကဲ့ မနက်ဖြန်ညကျရင် အသစ်တစ်ပုဒ်တင်ပေးဖို့ ရှိပါတယ်ခင်ဗျ။

  • @wailinphyo7999
    @wailinphyo7999 Před 6 měsíci +1

    အကိုကြီးstory တွေကိုရိုးရိုးသာမန်အချိန်မာလဲကြည့်ဖြစ်တယ်ဗျာ...
    တယောက်ထဲရှိတဲ့အချိန် ဥပမာ ညနက်ပိုင်းပေါ့ အရက်သောက်နေတဲ့အချိန်တေမာလဲ အဖော်အနေနဲ့ကြည့်ဖြစ်တယ်ဗျ..... မအားလပ်ပေမယ့် မကြည့်ဖြစ်တော့တဲ့
    အချိန်အတိုင်းအတာတခုကိုရောက်လာပီ အရမ်းသတိရနေမာပါ...
    ဒီည ကြည့်နိုင်တဲ့အချိန်ထိကြည့်မယ်... ဒါပေမယ့်ကျနော်အခုအရက်သောက်နေတာ
    အဖော်ရှိတယ်လေ story Bears
    နားထောင်နေတယ်စိတ်ဝင်စားတယ်
    အခြားနေရာတေစိတ်မရောက်ဘူး
    ဒါအတွက်ကျေးဇူးပါနော်
    ကျနော်အခု ၃ လလောက်အလုပ်တခုသွားရမယ် မကြည့်ဖြစ်တော့ဘူး mya int အခြေနေကြောင့်.
    ဒါမဲ့လွမ်းနေမာပါ
    ခုရေးနေတာ ည ၁၁၄၇ ရှိပီဗျ အရက်ခွက်လေးနဲ့ story Bears လေးနဲ့😢

  • @nilarwin531
    @nilarwin531 Před 6 měsíci

    🎉🎉🎉

  • @user-wq4dz9ij1o
    @user-wq4dz9ij1o Před 4 měsíci

    love from 🇻🇳

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci

      Thank you very much for your support. :)

  • @baronsmith3865
    @baronsmith3865 Před 2 měsíci +1

    ခေါင်းစဥ်နဲ့ပြောမယ့်အကြောင်းအရာကို ရွေးတာတော့ အတော်ကောင်းတယ် ဒီ channel က
    အရင်တုန်းက video တွေမှာတော့ မလိုအပ်ပဲ ဝေ့ဝိုက်ပြောနေတာတွေကြောင့် video ရှည်ပီး ပျင်းစရာကောင်းတယ်
    အခုနောက်ပိုင်းဟာတွေမှာတော့ ပိုတိုပီး script ကို သေချာပြင်လာတာတွေ့ရတယ်
    နောက်ထပ် video တွေမှာလဲ ပိုကောင်းတယ့် script တွေ အပြင် ပြောတယ့် အကြောင်းအရာနဲ့ ပက်သက်တယ့်ပုံတွေကို ပိုပီး ဝေဝေဆာဆာထည့်ပေးစေချင်ပါတယ် ခင်မျ

    • @StoryBearsMM
      @StoryBearsMM  Před 2 měsíci

      ဟုတ်ကဲ့ အခုလို အကြံပြုပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

  • @kohtwe8267
    @kohtwe8267 Před 5 měsíci +1

    တင်ပြမှုကောင်းတယ် အပေါစားမဆန်ဘူး

  • @user-be7hb2xk2k
    @user-be7hb2xk2k Před 2 měsíci +1

    bro ကြည့်ရတာ vdလုပ်နေတာလားစာသင်ပေးနေသလိုပဲ😂😂😂😂😂😂

    • @StoryBearsMM
      @StoryBearsMM  Před 2 měsíci

      😅😅😅😅 စာသင်ရတာ ဝါသနာပါလို့။ 😁😁😁

  • @moopfer3231
    @moopfer3231 Před 3 měsíci

    ခုလိုတွေနာလည်သဘောပေါက်အောင်တင်ဆက်ပေတဲ့အတွက်အထူကျေဇူတင်ပါတရ်ရှင့် 🙏🖤😊

  • @nyeinthu2470
    @nyeinthu2470 Před 6 měsíci +1

    မသိသေးတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးလို့ စိတ်ဝင်စားပြီးကြည့်လို့ကောင်းပါတယ် ❤အားပေးနေပါတယ်❤

    • @StoryBearsMM
      @StoryBearsMM  Před 6 měsíci +1

      အားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။

  • @winmoeoo
    @winmoeoo Před 11 dny

    ဇာတ်ကားနာမည်ပြောပြပါ

  • @yizhan47
    @yizhan47 Před 20 dny

    ဇာတ္ကားဘယ္မွာၾကည့္ရမလဲ

  • @thinkhine8866
    @thinkhine8866 Před 4 měsíci

    Why owner 's sons in USA are opend the horrible museum for business ? .

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci

      When the father passed away, they decided to closed down the hospital. It is other peoples who wanted it to open as the museum and such. Now the hospital location is a logistic facility. I hope this helps.

  • @HeinAungBo
    @HeinAungBo Před 10 dny

    Tg linkလေးရှိရင်ပေးကြပါလား

    • @StoryBearsMM
      @StoryBearsMM  Před 10 dny

      Incantation လို့ ရိုက်ထည့်ပြီး ရှာကြည့်နိုင်ပါတယ်ခင်ဗျာ။

  • @fujiapple545
    @fujiapple545 Před měsícem

    Nobody wants your opinion and exaggerated, detailed theory..people only wants to listen horror story or experience for entertainment..not to listen how clever you are..

  • @nanlinaung-1471
    @nanlinaung-1471 Před měsícem

    အကိုပုံကြီးပဲ တစ်ချိန်လုံးပြမနေပဲ Vဖိုင်လေးဖြစ်ဖြစ် ဇာတ်လမ်းရဲ့ Photo လေးဖြစ်ဖြစ်ပြနေရင် ပိုစိတ်ဝင်စားဖို့ကောင်းမှာ😊