Video není dostupné.
Omlouváme se.

ပန်ဒါနီ (Red panda) သည် ဟိမဝန္တာ တောင်တန်း တွင် ကျက်စားသောနို့တိုက်သတ္တဝါတစ်မျိုးဖြစ်သည်။

Sdílet
Vložit
  • čas přidán 4. 07. 2024
  • ပန်ဒါနီ (အင်္ဂလိပ်: Red panda) သည် ဟိမဝန္တာ တောင်တန်း၏ အရှေ့ခြမ်းနှင့် တရုတ်ပြည် အနောက်ပိုင်းတွင် ကျက်စားသောနို့တိုက်သတ္တဝါတစ်မျိုးဖြစ်သည်။
    ပန်ဒါနီကို IUCN ၏ မျိုးတုံးမည့် အန္တရာယ် အလွန်ကြီးသော တိရစ္ဆာန် စာရင်းတွင် ထည့်သွင်းထားခြင်း ခံရသည်။ စားကျက်ပျောက်ဆုံးခြင်း၊ တရားမဝင် အမဲလိုက်ခံရခြင်းနှင့် အုပ်စုတွင်းမျိုးပွားခြင်း ဖိအားများကြောင့် သဘာဝတောရိုင်းတွင် ကောင်ရေ တစ်သောင်းထက် နည်းရာမှ ပို၍ရှားပါးလာသောကြောင့် မျိုးတုံးမည့် စာရင်းတွင် ထည့်သွင်းထားခြင်း ဖြစ်သည်။
    သစ်ပင်ပေါ်မှ ဇောက်ထိုးဆင်းနေသော ပန်ဒါနီ
    ပန်ဒါနီ၏ တကိုယ်လုံး ကို နီညိုရောင်အမွေးများ ဖုံးထားပြီး ရှည်လျား၍ အမွေးဖွားသော အမြီးတုတ်တုတ်ရှိသည်။ ရှေ့လက်နှစ်ချောင်းက နောက်ခြေထောက်များထက် ပို၍တိုသောကြောင့် လေးဘက်သွားရာတွင် ခပ်ကွကွ သွားရသည်။ အိမ်မွေးကြောင်တစ်ကောင် ၏ အရွယ်မျှသာ ရှိသော်လည်း ပိုမိုရှည်လျား သော ကိုယ်ထည်ကြောင့် အလေးချိန်ပို၍ စီးသည်။ သစ်ပင်ပေါ်တွင် အနေများသော သတ္တဝါမျိုး ဖြစ်ပြီး၊ အစာအဖြစ် ဝါးပင်များကို အများဆုံး စားလေ့ရှိသည်။ ငှက်ဥများ၊ ငှက်များ နှင့် အင်းဆက်များကိုလဲ စားတတ်သည်။ တစ်ကောင်တည်း နေတတ်ပြီး၊ နေဝင်ရီတယော အချိန် နှင့် မနက် အာရုဏ်မတက်မီ အချိန်အတွင်း အစာရှာ လှုပ်ရှားသွားလာတတ်သည်။ နေ့ခင်းတွင် အနားယူအိပ်စက်တတ်သည်။ ပန်ဒါနီ ကို အင်္ဂလိပ်ဘာသာ ဖြင့် ပန်ဒါငယ်(အင်္ဂလိပ်: lesser panda)၊ ဝံကြောင်နီ(အင်္ဂလိပ်: red bear-cat)၊ ကြောင်ဝံနီ (အင်္ဂလိပ်: red cat-bear) ဟု လည်း ခေါ်ဆိုလေ့ ရှိသည်။[၅]
    သစ်ပင်ပေါ်တွင် အိပ်နေသော ပန်ဒါနီ
    ပန်ဒါနီသည် အိုင်လျူရီဒေး(အင်္ဂလိပ်: Ailuridae) မျိုးရင်းမှ အိုင်လျူးရပ်စ် (အင်္ဂလိပ်: Ailurus) မျိုးစု၏ တစ်ခုတည်းသော သက်ရှိ မျိုးစိတ်ဖြစ်သည်။

Komentáře • 1