ကန်ပိုင်တည် ကုန်သွယ်ရေးဇုန်အတွင်း တိုက်ပွဲကြောင့်ပိတ်မိနေတဲ့ ကုန်ကားတွေကို ပြန်လွှတ်ပေး

Sdílet
Vložit
  • čas přidán 5. 09. 2024
  • ကန်ပိုင်တည် ကုန်သွယ်ရေးဇုန်အတွင်း တိုက်ပွဲတွေကြောင့်ပိတ်မိနေတဲ့ ကုန်ကားတွေကို ပြန်လွှတ်ပေး
    တရုတ်ပြည်နယ်စပ် ကန်ပိုင်တည်ကုန်သွယ်ရေးဇုန်အတွင်း တိုက်ပွဲတွေကြောင့်ပိတ်မိနေတဲ့ ကုန်ကားတွေကို ပြည်သူ့စစ်နဲ့နယ်ခြားစောင့်တပ်က ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။
    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဝိုင်းမော်နဲ့ ကံပိုင်တည် တရုတ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ စစ်ကောင်စီနဲ့ KIAပူးပေါင်းတပ်တွေ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် ကန်ပိုင်တည် ကုန်သွယ်ရေးဇုန်အတွင်း ကုန်တင်ကား ၅၀၀ လောက်ပိတ်မိနေခဲ့တာပါ။
    လက်ရှိမှာတော့ မနေ့ ဇွန် ၂၀ ရက်က ပိတ်မိနေတဲ့ ကားတွေထဲက အစီး ၁၀၀ လောက်ကို နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တွေက ပြန်လည်လွှတ်ပေးလိုက်တယ်လို့ အဲ့ဒီကားသမားတွေ ပြောပြချက်အရ သိရပါတယ်။
    လမ်းတလျှောက် ဝိုင်းမော်၊ ခလရ(၅၈) စစ်ကောင်စီတပ်နဲ့ ကန်ပိုင်တည်၊ (၁၀၀၃)နယ်ခြားစောင့်တပ်အပြင် ပြည်သူ့စစ်တွေက ကားတွေသွားလာခွင့်မပြုဘဲ လမ်းပိတ်ထားတာပါ။
    ကုန်သွယ်ရေးလမ်းတစ်လျှောက်မှာတော့ KIA သိမ်းပိုက်ထားတဲ့ နယ်မြေတစ်လျှောက် လမ်းဖွင့်ထားပေမယ့် စစ်ကောင်စီထိန်းချုပ်နေရာတွေမှာတော ကားလမ်းပိတ်ထားတာ ဖြစ်ပါတယ်။
    ဝိုင်းမော်-ကံပိုင်တည် လမ်းကြောင်းပေါ်က ဆဒုံးဗျူဟာအပါအဝင် စစ်ကောင်စီစခန်းပေါင်း ၁၉ ခုကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

Komentáře •