တို့ဟူးကြိုနည်း တို့ဟူးသုပ်နည်း

Sdílet
Vložit
  • čas přidán 13. 01. 2023
  • တို့ဟူးအိအိလေး ရဖို့အတွက် ကုလားပဲစိမ်းအမှုန့်ကို ကြိုတာထက်စာရင် တို့ဟူးမှုန့် ဆိုပြီး ‌သီးသန့်ရောင်းလေ့ရှိတဲ့ အမှုန့်ထုပ်တွေက ပိုပြီး အဆင်ပြေပါတယ်။
    တို့ဟူးကြိုရန်အတွက် မိမိစိတ်ကြိုက်ခွက် ၁ ခွက် သို့ ပန်းကန်လုံး ၁ လုံးကိုယူထားပါ။ အဲ့ဒီခွက်နဲ့ပဲ ချိန်ဆ သွားမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ နို့ဆီဗူး ၁ဗူးစာခွက် ကို သုံးထားပါတယ်ခင်ဗျာ။
    တို့ဟူးမှုန့် ၂ ခွက် ဆို ရေ ၆ ခွက်ထည့်ပြီး သေသေချာ‌ချာလေးမွှေပေးထားပါ။ မွှေရင်းနဲ့ ထွက်လာတဲ့ အမြှုပ်တွေကို ဇွန်းတခုခုနဲ့ ခပ်ထုပ်ပစ်ပါ။
    ပြီးရင် အခန်းအပူချိန်မှာပဲ ၂နာရီလောက်ထားထားလိုက်ရင် တို့ဟူးမှုန့်တွေအားလုံးပျော်သွားပြီး အနည်ထိုင်သွားပြီဖြစ်ပါတယ်။ ပြီးမှ အပေါ်က အရည်ကြည်တွေအားလုံးကို သွန်ပစ်ပါ။ ကျန်တဲ့အနည်တွေ ကိုပဲ ကြိုမှာဖြစ်ပါတယ်. အနည်ထဲကို ရေ ၁ ခွက် ထပ်ထည့်ပြီးမွှေပေးပါ။ အရသာအတွက် သကြားအနည်းငယ်။ ဆားအနည်းငယ်ထည့်ပါမယ်.
    စကြိုလို့ရပါပြီ။ ကြိုမယ့်အိုးထဲကို ရေ ၅ ခွက်ထည့်မယ်။ ရေတည်ထားတာ အောက်ခြေမှာ အမြှုပ်တက်လာရင် တို့ဟူးအရည်တွေထည့်ပါ. အရေစုစုပေါင်းက ၆ ခွက်ခွဲရှိပါတယ်. ကြိုပြီးချိန်မှာတော့ ၄ ခွက်ခွဲလောက်ပဲ ကျန်မှာပါ။ ကြိုရင်းပျစ်လာရင် အနံ့မပါတဲ့ဆီ (နေကြာဆီ) လိုမျိုးကို ၂ ဇွန်းလောက်ထည့်ပါ။ ဒါမှတို့ဟူးတွေက ပြောင်ချောချောလေးဖြစ်မှာပါ။ မီးအားနည်းနည်းနဲ့ ကြိုတဲ့အချိန်မှာ မနားတမ်းမွှေပေးပါ။ ခပ်ပျစ်ပျစ်ဖြစ်လာမှ ဆီသုတ်ထားတဲ့ ခွက်တခုခုထဲကိုထည့်ပေးပါ။ အခန်းအပူချိန်မှာ ၅ နာရီလောက် အအေးခံပြီးမှ ရေခဲသေတ္တာထဲမှာ သိမ်းလို့ရပါပြီ။
    တို့ဟူးက ပျော့အိအိလေးဖြစ်တာကြောင့် ကြော်စားတာထက်စာရင် သုပ်စားတာကပိုပြီးလိုက်ဖက်မှုရှိပါတယ်။ တို့ဟူးကို မာတာကြိုက်ရင် ပြောင်းကော်မှုန့်လေးထည့်ပြီး ကြိုရင်လည်းရပါတယ်။
    တို့ဟူးသုပ်ရန်အတွက် ပါးပါးလှီးထားတဲ့ ကြက်သွန်နီ။ ရှောက်ရွက်။ ပဲမှုန့်အကျက်။ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးမှုန့်။ အချိုမှုန့်။ ငါးငံပြာရည်။ ကြက်သွန်ဖြူဆီချက်။ ကြက်သွန်နီဆီချက်လည်း ထည့်လို့ရပါတယ်။ မန်ကျည်းရည်‌လေးလည်း ထည့်ပါမယ်။ ဒါဆိုရင် အရသာရှိတဲ့ တို့ဟူးသုပ်လေးကို သုံး‌ဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ...
  • Jak na to + styl

Komentáře • 41

  • @khinthazin7985
    @khinthazin7985 Před rokem

    Thank you for the recipe!

  • @susulwin6384
    @susulwin6384 Před rokem +1

    Simple and Good recipe bro Thanks 😊 🙏 👍👍

  • @suehwang6837
    @suehwang6837 Před 4 měsíci

    Mingalar par Sayar,thank you for sharing.🥰🥰🥰

    • @Cookfork1
      @Cookfork1  Před 4 měsíci

      Thanks for watching 🙏😋😊🤗 Mingalarpar 🌼

  • @moethan2430
    @moethan2430 Před 9 měsíci +1

    ကျေးဇူးပါ.❤❤
    ဆရာနည်းလေးကတမျိူးလေး
    လုပ်ကြည့်မယ်နော်

    • @Cookfork1
      @Cookfork1  Před 9 měsíci

      ဟုတ်။ လုပ်စားကြည့်ပါဗျ 😊

  • @KoNaing-ct4yb
    @KoNaing-ct4yb Před 2 měsíci

    ကျေးဇူးပါ

    • @Cookfork1
      @Cookfork1  Před 2 měsíci

      ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • @chourschel8301
    @chourschel8301 Před rokem

    ကျေးဇူးပါနော် 😊

    • @Cookfork1
      @Cookfork1  Před rokem

      ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • @manaing8423
    @manaing8423 Před rokem

    Thanks 🙏

  • @dawpaukpauk4304
    @dawpaukpauk4304 Před rokem

    ကျေးဇူးပါ 😻😊👍
    တို့ဟူးလေးကျိုကြည့်မယ် ကြည့်မယ်နဲ့
    မကျိုဖြစ်
    ခုတော့ နည်းသိရပြီ
    ဘေးကင်းကျန်းမာ အဆင်ပြေပါစေ

    • @Cookfork1
      @Cookfork1  Před rokem +1

      ဟုတ်။ လုပ်စားကြည့်ပါဗျ 😊အမြဲတမ်းအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အစ်မ🌷

    • @dawpaukpauk4304
      @dawpaukpauk4304 Před rokem

      @@Cookfork1 ဟုတ်ကဲ့ 😊

  • @phyoephyoe7844
    @phyoephyoe7844 Před rokem

    💕💕💕🙆

  • @lewahaye43
    @lewahaye43 Před rokem

    ဘာချက်ချက်တော်နေတဲ့သူငယ်ချင်း။အသံလေးကလဲနားထောင်ရတာကောင်းတယ်။အမြဲနားထောင်နေပါတယ်😸😻😻

    • @Cookfork1
      @Cookfork1  Před rokem

      မင်္ဂလာပါသူငယ်ချင်း 😊ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • @khamtip7017
    @khamtip7017 Před rokem

    😍😍😍😋

  • @whitelady4627
    @whitelady4627 Před rokem

    GOOD

  • @missenglishspeakingclass212

    Good

  • @malsawmibochung7593
    @malsawmibochung7593 Před rokem

    👍👏🏻😋😋😋❤️❤️❤️❤️

  • @3wings471
    @3wings471 Před rokem

    Bubble tea ထဲထည့်တဲ့ boba စေ့‌လုပ်နည်းကလွယ်လောက်လားအလုပ်မရှုတ်ရင်သင်ပေးပါလား video နဲ့လဲရတယ် cmမှာတင်ပြောလဲရတယ်ရှင့်🤧

    • @Cookfork1
      @Cookfork1  Před rokem

      ကျွန်တော့် ချန်နယ်ထဲမှာ သင် ပေးဖူးတယ်ခင်ဗျ

  • @hninphyukaung6909
    @hninphyukaung6909 Před rokem

    အရင်အခေါက်တွေက ညကကျိုထားပြီး နောက်နေ့နေ့လည်လောက်ဆို အရည်ထွက်လာပြီးမကောင်းတော့တာ ဘာကြောင့်ဖြစ်နိုင်လဲဟင်၊ ရေခဲသေတ္တာထဲထည့်ထားပါတယ်။ နေ့လည်မတိုင်ခင်အထိတော့ကောင်းနေတယ်။
    ဒါပေမဲ့ အခု K2 ပြောတဲ့နည်းနဲ့တော့ မစမ်းရသေးဘူး။
    Thanks always 😻

    • @Cookfork1
      @Cookfork1  Před rokem +1

      ချက်ချင်းရေခဲသေတ္တာထဲမထည့်ရဘူးထင်တယ်အစ်မ။ တို့ဟူးကျတော့ ရေထွက်တာတော့ မဖြစ်ဖူးသေးဘူးအစ်မ

    • @hninphyukaung6909
      @hninphyukaung6909 Před rokem

      @@Cookfork1 တခုတော့ရှိတယ် ကြက်ဥထည့်ဖြစ်ခဲ့တယ်။

    • @Cookfork1
      @Cookfork1  Před rokem +1

      ကြက်ဥပေါင်းတွေဆိုလည်းရေထွက်တယ်အစ်မ။ ကြက်ဥကြောင့်ထင်တယ်

  • @mimith149
    @mimith149 Před 9 měsíci

    ဖယ်လိုက်တဲ့အရည်ကြည်ကိုမသုံးဘူးပေါ့နော်

    • @Cookfork1
      @Cookfork1  Před 9 měsíci

      မသူံးဘူးခင်ဗျ

  • @rosypinkysweet6215
    @rosypinkysweet6215 Před rokem +1

    ဘယ်နှနာရီလောက်ကြိုရလဲ

    • @Cookfork1
      @Cookfork1  Před rokem

      မိနစ်40 လာက်ပါ

  • @Thantsin-te8sb
    @Thantsin-te8sb Před 4 měsíci

    ကျိုကြည့်တာ တို့ဟူးနဲ့မတူပဲ ပူတင်းနဲ့တူနေတယ်။ ပျော့ပြီး ဓားနဲ့လည်း လှီးလို့မရဘူး။ ရေကျန်သေးတယ်ထင်တယ်။ ​ဘယ်လောက်အကြာမှာ ပြန်ချရပါလဲ။ မီးပေးပြီးစပွက်မှ မွှေလိုက်လို့ အောက်မှာလည်းကပ်သွားတယ်။

    • @Cookfork1
      @Cookfork1  Před 4 měsíci +1

      အနည်းဆုံး နာရီဝက်လောက် မွှေပေးရပါတယ်ခင်ဗျာ...