Transistor On Off

Sdílet
Vložit
  • čas přidán 15. 07. 2020
  • Transistor On Off
    Transistor ကို ခလုပ်အဖြစ်အသုံးပြုခြင်းကို Transistor As Switch လို့ခေါ်ကြပါတယ် ။ Digital ပုံစံဖြစ်ပြီး On Off ဖြစ်ပါတယ် ။ အသုံးပြုပုံကတော့ သူ့ရဲ့ Base ကို Current နည်းနည်းပေးလိုက်သည်နှင့် Collector နှင့် Emitter ကို ကြီးမားတဲ့ Current ဖြတ်စီးနိုင်ခြင်းသာဖြစ်ပါသည် ။ အကယ်၍ Base ကို ပေးမယ့် Current ကို ဖြည်းဖြည်းခြင်း မြှင့်ပေးခြင်း ဖြည်းဖြည်းခြင်း ပြန်ချပေးခြင်း ပုံစံဖြင့် ပြုလုပ်ပါက ။ Transistor As Amplifier ပုံစံဖြစ်သွားမှာပါ ။
    Amplifier သည် နည်းနည်း လေ့လာခါစ မိတ်ဆွေများ အတွတ် တော်တော်ခက်သဖြင့် Switch ပုံစံကို စတင်ဆွေးနွေးလိုပါသည် ။ ဘယ်လိုအလုပ်လုပ်သွားလဲ ဆိုတာ ဦးစွာ မဆွေးနွေးခင် ။ နေအိမ်တွေမှာ မီးတပွင့် ခလုပ်တစ်ခု ဆင်တဲ့ ပုံစံကို ဦးစွာ ဆွေးနွေးလိုပါတယ် ။ ဘာကြောင့်ဆို အလုပ်လုပ်ပုံ ဆင်တူလို့ဖြစ်ပါသည် ။
    နေအိမ်များမှာ မီးတစ်ပွင့် ခလုပ်တခု ဆင်တဲ့ပုံစံက လွန်စွာ ရိုးရှင်းပါတယ် ။ မီးလုံးကို Neutral တိုက်ရိုတ် ဆက်ထားပြီး ၊ ခလုပ်မှာ ကြိုးဝင်ရန် အပေါက် ၂ ခုပါဝင်ပါသည် ။ ယင်းအပေါက် နှစ်ခု အနက် တခုမှ EPC မှာလာသော Phase ကြိုးကို ဝင်ပေးလိုက်ပါ ထို့နောက် အထွတ်ကြိုးကို မီးလုံးမှာ တပ်ပေးလိုက်လျှင် ပြည့်စုံပါပြီ ။ လူမှ ခလုပ်ကို လက်ဖြင့် ဖွင့်ပိတ် လုပ်ခြင်းဖြင့် မီးလင်း ၊ မီးပိတ်ထိန်းချုပ်နိုင်ပါပြီ ။ ထိုသဘောတရား ကို နားလည်ပါက ။ Transistor Switch ကိုနားလည်ပါပြီ ။
    Transistor Switch ကို စတင်ဆွေးနွေးမည်ဆိုပါစို့ ။ သူ့မှာက Base , Collector , Emitter ဆိုပြီး ၃ ခုပါဝင်ခြင်းကြောင့် မျက်စေ့ရှုပ်သွားစေခြင်းဖြစ်ပါသည် ။ အပေါ်က မီးတပွင့် ခလုပ်တစ်ခု နဲ့ပြန်တွဲပါမည် ဆိုပါက ။ ခလုပ်တွင် ကြိုးဝင် ကြိုးထွတ် ၂ ပေါက်ကို Transistor ရဲ့ Collector နှင့် Emitter လို့မြင်ကြည့်လိုက်ပါ ။ လူက နှိပ်ရမယ့် ခလုပ်နေရာကို Base လို့မြင်ကြည့်ပေးပါ ။ ၂၂၀ ဗို့မှာ ခလုပ်ကို လူကနှိပ်မှာဖြစ်ပြီး ၊ ၁၂ ဗို့ Transistor ကိုတော့ လျှပ်စစ်ဓါတ်ဖြင့် ခလုပ်ဖွင့်မှာဖြစ်ပါသည် ။ Transistor ကို DC ၁၂ ဗို့အသုံးပြုမည်ဟု သတ်မှတ်ပေးပါမည် ။
    မီးလုံး ကို ဘက်ထရီရဲ့ အပေါင်းဗို့ တစ ချိတ် မီးလုံးနဲ့ Collector ကို ကြိုးတစ်ချောင်းထပ်ချိတ် ဒါဆို Collector မှာ အပေါင်းဗို့ရောက်နေပြီး ၊ မိးကတော့ မလင်းသေးပါဘူး ဘာကြောင့်ဆို မီးလုံးရဲ့ အစ နှစ်ဘက်လုံးမှာ အပေါင်းဗို့ရောက်နေပြီး ၊ အမဓါတ် ပျောက်နေခြင်းကြောင့်ဖြစ်ပါတယ် ။ ထိုအခြေအနေကို ပါတ်လမ်း မပြည့်သေးဟု ဆိုနိုင်ပါသည် ။ အမဓါတ် ရောက်အောင် ဘယ်လိုလုပ်မလဲ ။ Transistor ရဲ့ Base ကို ဘက်ထရီရဲ့ အပေါင်းဗို့ တစ်စယူပြီ 10k Resistor ဖြင့် Current ကို ထိန်းချုပ်ပြီး ပေးသွင်းလိုက်သည်နှင့် Transistor Base မှာ Current စီးဆင်းပါပြီ ။ ဒါဆို လူက ခလုပ်နှိပ်ပြီး မီးဖွင့်လိုက်သကဲ့သို့ ၊ Transistor ကိုလည်း လျှပ်စစ်ဓါတ်ဖြင့် ခလုပ်ဖွင့်လိုက်ခြင်းသာဖြစ်ပြီး ၊ Collector နှင့် Emitter ကို ဆက်ပေးလိုက်ခြင်းဖြင့် Collector မှာပေါ်နေတဲ့ အပေါင်းဗို့ ကို Ground ဆွဲချလိုက်ပါတယ် ။ ဒါဆို မီးလုံးမှာ တဘက်က အပေါင်းဗို့ ရပြီး ၊ တဘက်က အမဓါတ် ရသဖြင့် ပါတ်လမ်းပြည့်ပြီး မီးလင်းလာပြီဖြစ်ပါသည် ။
    လျှပ်စစ်ကျောင်းသား ကုမ္ပဏီလီမိတက်
    Electronic Training Center
    အမှတ် ( ၂၈၃ ) ၃ လွှာ ၊ ပန်းဆိုးတန်းလမ်း အပေါ်ဘလာက်ခ် ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့ ။ ။
    အသေးစိတ်သိလိုပါက ( မနက် ၉ - ညနေ ၅ )
    099 575 940 22
    ကျန်းမာကြပါစေ
    လျှပ်စစ်ကျောင်းသား

Komentáře • 32

  • @BaGyiAung-gi7fw
    @BaGyiAung-gi7fw Před 10 dny

    ကျေးဇူးတင်ပါတယ်ဆရာ

  • @phonemyint6732
    @phonemyint6732 Před 5 měsíci

    ကျေးဇူးတင်ပါတယ် ဆရာကျမ်းမာပါစေ

  • @sunlinaung3150
    @sunlinaung3150 Před 9 měsíci

    အော်..စေတနာကောင်းတဲ့ဆရာရဲ ပညာရသလိုချစ်စရာတန်ဖိုးမြင့်လူသားတစ်ဦးပေပဲ

  • @snownweni2065
    @snownweni2065 Před 6 měsíci

    ကျေးဇူးတင်ပါတယ်ရှင့် ဆရာ

  • @mkfmkf3625
    @mkfmkf3625 Před 2 lety

    ကျေးဇူးပါဆရာ။

  • @banyo4268
    @banyo4268 Před rokem +1

    တကယ့်ကိုကျေးဇူးကြီးမားလှပါတယ် လေ့လာသင်ယူခွင့်ရလို့အထူးကိုကျေးဇူးတင်ပါတယ်ဆရာ ကျန်းမာချမ်းသာပါစေဆရာ

  • @babagyi6004
    @babagyi6004 Před rokem +1

    ပညာလည်းပြည့်ဝသလို နှလုံးလည်းလှတော့ ရှင်းပြချက်တွေကအရမ်းရှင်းလင်းပြတ်သာပြီး ကျနော်လိုလူပြိန်ကို အလွယ်တကူနားလည်စေတာအမှန်ပါပဲ ကျေးဇူးပါဆရာ


      အားပေးခြင်းကိုကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ ။

  • @aungsoemeizuu2038
    @aungsoemeizuu2038 Před rokem +1

    ဆရာတပည့်​ဖြစ်​ချင်​လို့ ​လေ့လာချင်​လို့ပါ
    ဆရာ သုံး​နေတဲ့ Fb link ​လေးချ​ပေးပါဆရာ
    ကူညီပါဆရာ


      လျှပ်စစ်ကျောင်းသား
      Vocational Institute

      သင်တန်းများအကြောင်း အသေးစိတ် သိလိုပါက
      ( ရုံးချိန်အတွင်း 9 AM - 5 PM )
      0⃣9⃣9⃣5⃣7⃣5⃣9⃣4⃣0⃣2⃣2⃣
      လျှပ်စစ်ကျောင်းသား ကုမ္ပဏီလီမိတက်
      အမှတ် ( ၂၈၃ ) ၃ လွှာ ၊ ပန်းဆိုးတန်းလမ်း အပေါ်ဘလာက်ခ် ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့ ။ ။
      ကျန်းမာကြပါစေ
      လျှပ်စစ်ကျောင်းသား
      သင်တန်းကျောင်း တည်နေရာ
      goo.gl/maps/t5ijmkj1AYtTycRn6

  • @AndngKinKhant
    @AndngKinKhant Před 9 měsíci

    (ဆရာ)icတွေကိုနံပါတ်ဖတ်တာကောင်းမကောင်းတိုင်းတာဘယ်လိုတိုင်းတာပီဘယ်လိုဖတ်ကမလည်း(ဆရာ)

  • @cowdog6661
    @cowdog6661 Před 2 lety +1

    ဟုတ်ကဲ့ပါ ဆရာ

  • @zayarlwin9340
    @zayarlwin9340 Před 2 lety +1

    ဘာလို့ 10KOhm R ကို သုံးတာလဲ သိပါရစေ တခြား တန်ဖိုး Ohm သုံးလို့မရဘူးလား

  • @myangyi2805
    @myangyi2805 Před rokem

    ဆရာစာအုပ်ထုတ်ပါသလား

    • @electronicstudent5987
      @electronicstudent5987  Před rokem

      လျှပ်စစ် စာအုပ် ၃ အုပ်ကို ထုတ်ဝေဖြန့်ချီထားတာ ၆ နှစ်ကျော်ပါပြီ ။

  • @solid7854
    @solid7854 Před rokem

    သင်တန်းတက်ချင်လို့ပါဆရာ

    • @electronicstudent5987
      @electronicstudent5987  Před rokem

      ဟုတ်ကဲ့ သင်တန်းများဖွင့်ထားတာ ၇ နှစ်ကျော်ပါပြီ

    • @solid7854
      @solid7854 Před rokem

      လိပ်စာပြောပြပါလားဆရာ သင်တန်းတက်ချင်လို့ပါ

    • @electronicstudent5987
      @electronicstudent5987  Před rokem +1

      @@solid7854 လျှပ်စစ်ကျောင်းသား ကုမ္ပဏီလီမိတက်
      အမှတ် ( ၂၈၃ ) ၃ လွှာ ၊ ပန်းဆိုးတန်းလမ်း အပေါ်ဘလာက်ခ် ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့ ။ ။
      အသေးစိတ် သိလိုပါက
      ( ရုံးချိန်အတွင်း 9 AM - 5 PM )
      099 575 94022 / 099 772 48730
      ကျန်းမာကြပါစေ
      #လျှပ်စစ်ကျောင်းသား
      သင်တန်းကျောင်း တည်နေရာ
      goo.gl/maps/t5ijmkj1AYtTycRn6

    • @sanmyint-x6e
      @sanmyint-x6e Před 7 dny

      အွန်လိုင်းကတက့်လိုရလားဆရာ

  • @heinhtetsan6451
    @heinhtetsan6451 Před rokem +1

    မင်္ဂလာပါ ဆရာ trsnsistorရဲ့Bကိုပါဝါကျွေး ပြီးတော့ E ကိုဖွင့်တာလား ဆရာ

    • @heinhtetsan6451
      @heinhtetsan6451 Před rokem

      ဆရာ B ကိုပါဝါကျွေးပြီး E နဲ့ C နဲ့ကိုဆက်တာလားခင်ဗျ ဆရာက C မှာ ပါဝါကျိုးကြီးဆက်ထားတယ် ဆရာ မှားနေသလားလို့ပါ ဆရာ့ရဲ့ တပည့်ပါ မှားပြောမိရင်တောင်းပန်ပါတယ်ဆရာ

    • @electronicstudent5987
      @electronicstudent5987  Před rokem

      Base ကို ပါဝါကျွေးပြီး C နဲ့ E ကို ဆက်ပေးလိုက်တာပါ ။

  • @salaitehlo3844
    @salaitehlo3844 Před rokem +1

    ဆရာတီထွင်တဲ့ software ကို လိုင်းမလိုဘဲသုံးနိုင်အောင် offline software ဖြစ်အေင်လုပ်ပေးနိုင်ယင်အရမ်းကေင်းမှာဘဲလို့။လေးစားလျှက်။

    • @electronicstudent5987
      @electronicstudent5987  Před rokem

      offline အတွတ် ငွေကြေးမတတ်နိုင်တော့သဖြင့် online apk ဖြစ်နေတာပါ အားနာမိပါတယ်

  • @uouo5934
    @uouo5934 Před rokem +1

    ဗဟိုအင်ဗာတာဝမ်၁၀၀၀ဘယ်လိုဒိုင်အုပ်မျိုးထည်ရလဲ

  • @danyawadyrsaree8030
    @danyawadyrsaree8030 Před 9 měsíci

    ကျေးဇူးတင်ပါတယ်ဆရာ