နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ၊ ပဋ္ဌနာတော်ဖြင့် ဘုရားသခင်ရှေ့တော်မှောက်သို့တိုးဝင်ချဉ်းကပ်ခြင်း၊ အဌမနေ့

Sdílet
Vložit
  • čas přidán 25. 08. 2024
  • နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ
    “နိုင်ငံတော်တည်ထောင်ပါစေသော်” (၂) Thy kingdom come
    အဓိကအချက် - ပဋ္ဌနာတော် ဆုတောင်းခြင်းဖြင့် ဘုရားသခင်ရှေ့တော်မှောက်သို့တိုးဝင်ချဉ်းကပ်ခြင်း၊ အဌမနေ့
    ဖတ်ရန်ကျမ်းချက် - ယေရမိအနာဂတ္တိကျမ်း၊ ၂၉း၁၁-၁၄
    “ကိုယ်အမှုအရာကိုထာဝရဘုရား၌အပ်လော့၊ ကိုယ်တော်ကို ကိုးစားလော့သို့ပြုလျှင်စီရင်တော်မူမည်” (ဆာလံ၊ ၃၇း၅)
    နိုင်ငံတော်တည်ထောင်ပါစေသော လို့ ဆုတောင်းသောအခါ ဆက်လက်ပြီး ဆင်ခြင်ဆုတောင်းရမှာက
    ဘုရားသခင်ရဲ့နိုင်ငံတော် အောင်လံကိုဘုရားသခင်ကိုယ်တိုင် စိုက်ထူပြီးတဲ့အတွက် ဘယ်အရာကမျှနုတ်မယူနိုင်၊ မဖျက်ဆီးနိုင်တဲ့အတွက်လည်း ကျေးဇူးတော်ကိုချီးမွမ်းပါ။ ကျွန်ုပ်တို့မိသားစု၊ ဘဝ၊ အလုပ်အကိုင်၊ အသိုင်းအဝိုင်း၊ အသိပညာ၊ ပစ္စည်းဥစ္စာ၊ ကိုယ်ခန္ဓာ နှင့်ကမ္ဘာကြီးကို ဘုရားသခင်ပေးထားခြင်း ဖြစ်ကြောင်း ဆင်ခြင်လျှက်၊ ဘုရားသခင်အခွင့်မရှိလျှင် ပျက်ဆီးခြင်းသို့ ဘယ်တော့မှမရောက်နိုင်ကြောင်း စိတ်ချလျှက် ချီးမွမ်းပါ။ ဘုရားအုပ်စိုးသောနေရာ ကိုဘုရားကိုယ်တိုင်မဖျက်စီးပါ၊ အခြားသူများလည်း မဖျက်ဆီး နိုင်ပါ။
    “ကိုယ်အမှုအရာကိုထာဝရဘုရား၌အပ်လော့ ကိုယ်တော်ကို ကိုးစားလော့သို့ပြုလျှင်စီရင်တော်မူမည်” ဟုကျမ်းစာ လာသည့်အတိုင်း အပ်နှံထားသမျှအရာအားလုံး သည်လည်းကိုယ်တော်၏ အကြံအစည်တော်အောက်၌ ဆက်လက်၍ ကောင်းကျိုးများဖြင့် ပြည့်ဝစုံလင်နေမည်ဖြစ်ကြောင်းသိမှတ်ပါ (ယေ၂၉း၁၁)။ အရေးအရာကိစ္စ အားလုံးကို ဘုရားသခင်စီရင်ပြီးသားဖြစ်သည်၊ ဘုရားသခင်ပြင်ဆင်ပြီးသားဖြစ်သည်ဟု ယုံကြည်ခြင်း အားဖြင့် ကတိတော်များ အသက်ဝင်လာမည်။
    ငါ့၌ရှိသောအရာများကို . . ငါ့ပိုင်တယ်၊ ငါ့အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို ငါကိုယ်တိုင်ပုံသွင်းပြုပြင်၊ စီရင်နေတယ် ဆိုတဲ့အတွေးများကိုစွန့်လွှတ်ခြင်းသည် ကိုယ့်ကိုယ်ကို ငြင်းပယ်ခြင်း ဖြစ်သည်။ ဝိညာဉ်ရေးရာခရီးတွင် အကြီးမားဆုံးရန်သူက ကိုယ်ကိုယ်တိုင်ဖြစ်နေ တတ်သည်။ ငါလုပ်လို့ရတာပဲ၊ ငါလုပ်ခဲ့တာပဲ၊ ငါ့အပြစ်နဲ့ငါ ခံရတာပဲဆိုတဲ့အတွေးများသည် ဘုရားသခင်ထံမှာ အကြွင်းမဲ့အပ်နှံခြင်းကိုခက်ခဲစေသည်။ ကိုယ်တော် လက်တော်ထဲတွင်ရှိခြင်းအားဖြင့် ကျွန်ုပ်တို့၏ ထူပိန်းနေသော နှလုံးသားများတွင်စွဲကပ်နေသော အရာများကို ဘုရားသခင်က တစ်လွှာခြင်းကွာကျစေသည် (ဖိလိပ္ပိ ၂း၁၃)။
    အရာခပ်သိမ်းကို ကျွန်ုပ်တို့ နှလုံးသားထဲတွင် ရှိသောခရစ်တော်အား စီရင်ခွင့်ပြုလိုက်ပါ။ ကိုယ်တော်တည်ထောင် ထားသော နိုင်ငံတော်ကို ဆက်လက်ချစ်မြတ်နိုးလျှက်၊ သစ္စာရှိလျှက် နိုင်ငံတော်တည်ဆောက်ခြင်းမှာလည်း ကျွန်ုပ်ကိုအသုံးပြုပါဟု ဆက်လက်ဆုတောင်းပါ။
    ကိုယ်တော်၏ အတိုင်းမသိသောအကွယ်အကာနှင့်ငြိမ်သက်ခြင်းကောင်းကြီးများ စတင်ခံစားလာရပြီး ကိုယ်တော်၏ အုပ်စိုးမှုကို သာလျှင်ဆက်လက်ဆာငတ်လျှက် အထံတော်ပါးတွင်ခစားရသော ကောင်းကြီး မင်္ဂလာများ ရလာပါမယ်။
    ဆင်ခြင်ရန် - နိုင်ငံတော်တည်ထောင်ပါစေသော ဟု ဆုတောင်းခြင်းသည် မိမိအသက်တာ၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို ဘုရားသခင်လက်တော်ထဲ စိတ်ချစွာယုံကြည်အပ်နှံခြင်းဖြစ်သည်။
    ဆုတောင်းရန် - ကိုယ်တော်၏အုပ်စိုးခြင်းဖြင့် သားသမီးတို့အသက်တာကို အလိုတော်အတိုင်း စီရင်ပုံသွင်းပဲ့ပြင် တော်မူပါ၊ ကိုယ်တော်တည်‌ထောင်ထားသောနိုင်ငံတော်ကိုလည်းဆက်လက် လေးစားမြတ်နိုး၊ သစ္စာရှိလျှက် နိုင်ငံတော်တည်ဆောက်ခြင်းမှာ ကျွန်ုပ်တို့ကို အသုံးပြုတော်မူပါ။ အာမင်

Komentáře • 1

  • @ThiOo-rs4fv
    @ThiOo-rs4fv Před měsícem

    Amen
    May God bless you.
    May God use you more ❤❤❤❤❤.