ဝဥခေါက်ဆွဲကြော် Konjac Noodle

Sdílet
Vložit
  • čas přidán 12. 11. 2023
  • ဝိတ်ချနေတဲ့ သူတွေ စားလေ့ရှိတဲ့ ဝဥခေါက်ဆွဲကို ကြော်စားပါမယ်၊
    ဝဥခေါက်ဆွဲကြော်ထဲမှာ ထည့်ဖို့အတွက် ငရုတ်ပွ။ မုန်လာဥနီ။ တရုတ်နံနံပင်။ ကြက်သွန်မြိတ် ကို သုံးပါမယ်။ ဒီခေါက်ဆွဲကြော်မှာ မပါမဖြစ်ထည့်ပေးရမှာကတော့ တရုတ်နံနံပင်နဲ့ ငရုတ်ပွလေးပါ။
    ငရုတ်ပွနဲ့ မုန်လာဥနီကို ပါးပါးရှည်ရှည်လေးတွေလှီးပေးထားပါ။
    တရုတ်နံနံပင်ကိုတော့ အရွက်ကို နုတ်နုတ်စဉ်းပြီးတော့ အရိုးပိုင်းကို သေးသေးလေးတွေဖြစ်အောင် လှီးပေးထားပါ။ ကြက်သွန်မြိတ်ကိုလည်း လက်တဆစ်စာအရွယ်လှီးဖြတ်ထားပါ။
    မိမိနှစ်သက်တဲ့ အသား သို့မဟုတ် အသားလုံး ကို ပါးပါးလှီးထားပေးပါ။
    ဆီသတ်ဖို့အတွက် ကြက်သွန်ဖြူကို နုတ်နုတ်စဉ်းထားပါ။
    ဝဥခေါက်ဆွဲက ပြုတ်ချိန်ကြာတဲ့အတွက်အနည်းဆုံး ၂ နာရီလောက် ရေများများနဲ့ ကြိုပြီး စိမ်ထားပေးပါ။
    ခေါက်ဆွဲကြော်ဖို့အတွက် ဆော့စ် ကို စပြီးဖျော်ထားပါမယ်။
    ပန်ကန်လုံးတလုံးထဲမှာ
    သကြား- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
    ပဲငံပြာရယ်အကြည်- ထမင်းစားဇွန်း ၁ ဇွန်း
    ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း
    ပဲငံပြာရည်အပျစ် - အနည်းငယ်
    မပါမဖြစ်ထည့်ရမှာက ရေကျက်အေးပါ။
    ရေထည့်ပြီး ဆော့စ်ကို ခပ်ကျဲကျဲဖျော်ထားပေးပါ။
    ဒါမှ ခေါက်ဆွဲကြော်တဲ့အခါ ဝဥခေါက်ဆွဲတွေက ဆော့စ်တွေကို စုပ်ပြီး အရသာရှိမှာဖြစ်ပါတယ်
    ပထမဆုံး ဒယ်အိုးထဲဆီထည့်ပြီး ကြက်သွန်ဖြူကို‌မွှေးလာအောင် ဆီသတ်ပေးပါ။ ပြီးရင် မိမိနှစ်သက်တဲ့ အသား သို့မဟုတ် အသားလုံးကို ထည့်ကြော်ပေးပါ။ ငရုတ်သီးကြက်သွန်ဖြူအနှစ် (သို့မဟုတ်) ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်း ထောင်းထားတာ ‌ထည့်ပေးပါ။ ၊ ပြီးမှ မုန်လာဥ ငရုတ်ပွ ထည့်ပါ။ ခဏလေးမွှေပေးပြီးတာနဲ့ ရေစိမ်ထားတဲ့ ဝဥခေါက်ဆွဲကိုထည့်မယ်။ ခဏမွှေပြီးမှ ဆော့စ်တွေလောင်းထည့်ပါ။ မီးအားကိုလျော့ပြီး ခဏတည်ထားပါ။ ခေါက်ဆွဲတွေက ဆော့စ်တွေကို စုပ်ယူသွားပြီဆိုမှာ မီးအားအနည်းငယ်ပြင်းမယ်။
    နောက်ဆုံးမှာမှ တရုတ်နံနံပင်ကိုဖြူးပေးလိုက်ရင် မွှေးပြီးစားကောင်းတဲ့ ဝဥခေါက်ဆွဲကြော်ကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။
    Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။
  • Jak na to + styl

Komentáře • 15

  • @noelinejohnson7410
    @noelinejohnson7410 Před 8 měsíci

    Yummy I am drilling thank you so very much for sharing 🙏🌹🥰

  • @ritajohnson5200
    @ritajohnson5200 Před 8 měsíci

    Thank u so much ပါ

  • @noelinejohnson7410
    @noelinejohnson7410 Před 8 měsíci

    Druling🥰

  • @candyngai1372
    @candyngai1372 Před 8 měsíci

    可以分享煮緬甸魚湯粉嗎?

  • @kayphyo1044
    @kayphyo1044 Před 8 měsíci

    😮စားကောင်းမဲ့ပုံ😅

    • @Cookfork1
      @Cookfork1  Před 8 měsíci

      ဟုတ်။ စားကောင်းတယ်ဗျ

  • @ayeaye3541
    @ayeaye3541 Před 8 měsíci +1

    ကျေးဇူးပါရှင်🍜😊

    • @Cookfork1
      @Cookfork1  Před 8 měsíci +2

      ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏

  • @thartharlay3479
    @thartharlay3479 Před 8 měsíci

    ခရုဆီမထည့်လို့ရလား😂😂😊

  • @dollyco8753
    @dollyco8753 Před 7 měsíci

    ငရုတ်သီးအနှစ်နေရာမှာဘာလေးအစားထိုးရင်ကောင်းလဲရှင့်။ အဲ့တာလေးဘယ်မှမရလို့😢

    • @Cookfork1
      @Cookfork1  Před 7 měsíci

      ငရုတ်သီးစိမ်းရယ် ကြက်သွန်ဖြူရယ်ကို ညက်နေအောင်ထောင်းပြီးထည့်လည်းရတယ်ဗျ