အွန်လိုင်းလိမ်လည်မှုနဲ့ ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသားတွေကို လွှတ်ပေးဖို့ ထိုင်းအစိုးရတောင်းဆို

Sdílet
Vložit
  • čas přidán 5. 09. 2024
  • တာချီလိတ်မှာ အွန်လိုင်းလောင်းကစားမှုနဲ့ ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသားတွေကို ပြန်လည်လွှတ်ပေးဖို့ ထိုင်းအစိုးရက တောင်းဆို
    တာချီလိတ်မှာ အွန်လိုင်းလောင်းကစားမှုနဲ့ ဖမ်းဆီးပြစ်ဒဏ်ချထားတဲ့ ထိုင်းနိုင်ငံသားတွေကို အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့ ထိုင်းအစိုးရက တောင်းဆိုလိုက်ပါတယ်။
    တာချီလိတ်မြို့ 1G1 ဟိုတယ်မှာ ကျင်းပတဲ့ ၉၉ ကြိမ်မြောက် နှစ်နိုင်ငံ နယ်ခြားကော်မတီ(TBC) အစည်းအဝေးမှာ ထိုင်းကတောင်းဆိုလိုက်တာလို့ သိရပါတယ်။
    ဒီနှစ် ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်ထဲ နှစ်နိုင်ငံ TBC အစည်းအဝေးကျင်းပတဲ့ 1G1 ဟိုတယ် အနောက်ဘက်မှာရှိတဲ့ခြံဝန်းထဲက ထိုင်းနိုင်ငံသား ၁၅၀ ကျော်ပါဝင်တဲ့ ငွေလိမ်ဂိုဏ်းကို တြိဂံတိုင်းစစ်ဌာနချုပ်က ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
    စစ်ကောင်စီကလည်း ထိုင်းနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံပြေးတွေကို ဖမ်းဆီးပြီး မြန်မာဘက်ကိုပြန်လည်လွှဲပြောင်းဖို့ တောင်းဆိုခဲ့တယ်လို့သိရပါတယ်။
    အွန်လိုင်းငွေလိမ်ဂိုဏ်းအုပ်စုတွေဟာ အခုနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် Star Link ဂြိုလ်တုအင်တာနက် အသုံးပြုပြီး အာဏာပိုင်တွေလက်လှမ်းမမီတဲ့ ကျေးရွာအုပ်စုတွေမှာ အခြေချ ငွေလိမ်လုပ်ငန်းတွေလုပ်ကိုင်နေတာပါ။
    ထိုင်းအစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ငွေလိမ်ဂိုဏ်းတွေအသုံးပြုမယ့် Star Link ဂြိုလ်တု ၅၈ ခုကို သိမ်းဆည်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
    တာချီလိတ်မြို့ထဲက ငွေလိမ်ဂိုဏ်းကိုဖမ်းဆီးရမှာ စစ်ကောင်စီက တရုတ်နဲ့ ထိုင်းနိုင်ငံသား ၇၀၀ ကျော် ဖမ်းဆီးခဲ့ပေမယ့် တချို့ရပ်ကွက်တွေအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ အခုထိ လုပ်ကိုင်နေတာတွေ ရှိနေသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Komentáře •