နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ၊ မှောင်မိုက်ထဲမှငြိမ်သက်စေသူ၊ ၃

Sdílet
Vložit
  • čas přidán 25. 08. 2024
  • နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ
    မှောင်မိုက်ထဲမှငြိမ်သက်စေသူ၊ ၃
    အဓိကအချက် - စိုးရိမ်စရာအခြေအနေများကိုနုတ်ကပတ်‌တော်ဖြင့်ရင်ဆိုင်ခြင်း၊ တတိယနေ့
    ဖတ်ရန်ကျမ်းချက် - တမန်တော်ဝတ္တု ၂၇:၂၂-၃၆
    ထိုကြောင့်အချင်းလူတို့ သက်သာခြင်း ရှိကြ လော့။ ငါ့အား မိန့်တော်မူသည်အတိုင်းဖြစ်လိမ့်မည်ဟု ငါသည်ဘုရားသခင်ကို အမှီပြု၍ ယုံခြင်းရှိ၏။ (တမန်၊ ၂၇း၂၅)
    မစိုးရိမ်နှင့်စိတ်သက်သာခြင်းရှိလော့ ဆိုတဲ့စကားကို ဓမ္မသစ်ကျမ်းတွင် သခင်ယေရှုက ငါးကြိမ်အသုံးပြုသည်။
    လက်ခြေသေ၍ အိပ်ရာပေါ်မှာ တုံးလုံးနေသော သူတယောက်ကို အထံတော်သို့ဆောင်ခဲ့ကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင် လက်ခြေသေသောသူအား၊ ငါ့သားမစိုးရိမ်နှင့်။ သင်၏အပြစ် ကို လွတ်စေပြီဟု မိန့်တော်မူ၏။(Mat_9:2)။
    ယေရှုသည် လှည့်၍ ထိုမိန်းမကို မြင်တော်မူလျှင်၊ ငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီဟု မိန့်တော်မူ၏။ ထိုခဏမှစ၍ ထိုမိန်းမသည် အနာကင်းပျောက်လေ၏။(Mat_9:22)။
    • ယေရှုသည် ဂါလိလဲအိုင်တွင် ထိတ်လန့်နေသောတပည့်တော်များအား ယေရှုသည် ချက်ခြင်းနှုတ်ဆက်၍ တည်ကြည်သောစိတ်ရှိကြလော့။ ငါပင်ဖြစ်သည်။ မကြောက်လန့် ကြနှင့်ဟု မိန့်တော်မူ၏။ (မဿဲ ၁၄း၂၇)။
    • ယေရှုသည် ကားစင်တင်မသတ်မီညတွင် တပည့်တော်များအား မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီဟု မိန့် တော်မူ၏။ (ယော၊ ၁၆း၃၃)။
    နက်ဖြန့်နေ့ညဉ့်တွင် သခင်ဘုရားသည် ပေါလု အနား၌ ပေါ်လာတော်မူလျက်၊ ပေါလု မစိုးရိမ်နှင့်။ ငါ၏ အကြောင်းအရာကို သင်သည် ယေရုရှလင်မြို့၌ သက်သေခံပြီးသည်နည်းတူ၊ ရောမမြို့၌ လည်းခံရလေ ဦးမည်ဟု မိန့်တော်မူ၏။ (တမန်၊ ၂၃း၁၁)
    ယခုတွင် စိတ်သက်သာခြင်း ရှိကြလော့။ အကြောင်းမူကား၊ သင်္ဘောဆုံးခြင်းမှတပါးသင်တို့တွင် အဘယ်သူမျှ အသက်မဆုံးရ၊ (တမန်၊ ၂၇း၂၂)
    ထိုကြောင့်အချင်းလူတို့ သက်သာခြင်း ရှိကြ လော့။ ငါ့အား မိန့်တော်မူသည်အတိုင်းဖြစ်လိမ့်မည်ဟု ငါသည်ဘုရားသခင်ကို အမှီပြု၍ ယုံခြင်းရှိ၏။ (၂၇း၂၅)
    ထိုသူအပေါင်းတို့သည်လည်း စိတ်သက်သာ ခြင်းရှိ၍ အစာကို စားကြ၏။ (၂၇း၃၆)
    မစိုးရိမ်နဲ့လို့ပြောတာက အခြေအနေတွေအားလုံးချက်ခြင်းပြောင်းလဲ ငြိမ်သက်သွားမယ်လို့ပြောတာမဟုတ်ဘူး
    ဘုရားသခင်ရဲ့ စကားကိုယုံကြည်ပြီးကိုယ့်စိတ်နှလုံးကို ပြောင်းလဲဖို့၊ ဘုရားသခင်ရဲ့ဂတိတော်ကို ယုံကြည်စိတ်ချ ငြိမ်သက်နေဖို့ပါ
    မစိုးရိမ်နဲ့လို့ပြောတဲ့စကားသည် အခြေအနေတွေမကောင်းလည်း၊ တည်ငြိမ်စွာရင်ဆိုင်ရမယ်ဆိုတဲ့ လမ်းညွန်ချက်လည်းဖြစ်တယ်။
    မစိုးရိမ်နဲ့လို့ပြောတဲ့စကားကို ကိုယ်တိုင် ယုံကြည်ပြီး။ အခြေအနေတွေကို ရင်ဆိုင်ပါ။
    အဲ့ဒီ ဂတိတော်လမ်းညွန်ချက်ဟာ ကိုယ့်အသက်တာမှာ အသက်ဝင်လာမယ်၊ ကိုယ့်ဘဝမှာ လက်တွေ့ သက်သေတွေရှိလာပြီး။ သူတစ်ပါးကိုလည်း အဆိုးရွားဆုံးအခြေအနေတွေမှာ ငြိမ်သက်ခြင်းပေးနိုင်တဲ့အထိ ဘုရားသခင်အသုံးပြုပါလိမ့်မယ်။

Komentáře •