နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ၊ ပဋ္ဌနာတော်ဖြင့် ဘုရားသခင်ရှေ့တော်မှောက်သို့တိုးဝင်ချဉ်းကပ်ခြင်း၊ စတုတ္တနေ့

Sdílet
Vložit
  • čas přidán 26. 08. 2024
  • နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ
    “ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့၏အဘ” Our Father who art in heaven
    အဓိကအချက် - ပဋ္ဌနာတော် ဆုတောင်းခြင်းဖြင့် ဘုရားသခင်ရှေ့တော်မှောက်သို့တိုးဝင်ချဉ်းကပ်ခြင်း၊ စတုတ္တနေ့
    ဖတ်ရန်ကျမ်းချက် - ရှင်ယောဟန်ခရစ်ဝင်ကျမ်း၊ ၁း၁၂-၁၃
    “ထိုသူကိုလက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။-” (ယောဟန်၊ ၁း၁၂)
    သခင်ယေရှုသွန်သင်ခဲ့သော ဆု‌တောင်းခြင်း၏အစတွင် ‘ကောင်းကင်ဘုံ၌’ဟု ဆိုရာ၌ အရာခပ်သိမ်း ထက်မြင့်မြတ်သော ကောင်းကင်ဘုံ၌ ကိန်းဝပ်စံပယ်တော် နေမူပြီး၊ မြေကြီးပေါ်မှာ ရှိသမျှသော ဖခင် အားလုံးထက် ကြီးမြတ်သာလွန်ကာ၊ ကျွန်ုပ်တို့ အားလုံး အတွက် ဖခင်ခေါ်ထိုက်သော ကောင်းကင်ဘုံ အရှင် အဖ ဖြစ်သည်။
    အရာခပ်သိမ်းထက် ကြီးမြတ်တော် မူသော အရှင်သခင်အဖကို အထူး ရိုသေလေးစားသော စိတ်ထား၊ အလေးအမြတ်ပြုသော နှလုံးသားနှင့် အတူ မြင်မြတ်သောအရှင်သခင် ရှေ့တော်မှောက်မှာ နှိမ့်ချပြတ်ဝတ်သော ကိုယ်နုတ်အမှုအရာဖြင့် တိုးဝင်ချဉ်းကပ်ရပါမည်။
    ထိုဖခင်၏ သားသမီးများဖြစ်ရခြင်းအခွင့် အတွက်ကျေးဇူးတော် ချီးမွမ်းသော စိတ်ဖြင့် ဝမ်းမြောက်စွာ တိုးဝင်ချဉ်းကပ်ပါ။ ခရစ်တော်အားဖြင့် ခရစ်တော်နောက်လိုက်များ အားလုံးသည် ထိုအဖ၏ သားသမီးများဖြစ်သည်ဟု ဆင်ခြင်နှလုံးသွင်းရမည်။ အခြားသော ဘုရားသားသမီးများ၊ ဘုရားအမွေခံများ၊ ကိုမိမိသွေးရင်း သားချင်းကဲ့သို့ မြင်လာကာ ပိုမိုချစ်ခင်လျှက် သူတို့အတွက်ပါ တိုးရှိုး တောင်းလျှောက် လာနိုင်ပေမည်။
    “ကောင်းကင်ဘုံ၌ရှိတော်မှုသော အကျွန်ုပ်တို့အဘ’ ဟု စတင်ဆုတောင်းသည်နှင့် ကောင်းကင်ဘုံရှင် အဘဘုရားသခင်၏ အနှစ်သာရနှင့်ဘုန်းအသရေတော်ကို ကျွန်ုပ်တို့ နှလုံးသားထဲတွင် မှန်ကန်စွာ နေရာ ပေးကြရမည်။ ထိုအခါချစ်သော အဘ၏ ထူးသံ၊ လက်ခံနေရာပေးမှု၊ ဘုန်းအသရေ၊ အကွယ်အကာ နှင့်မေတ္တာတော်များ နှလုံးသားထဲသို့ စတင်စီးဝင်ပြည့်လျှံလျှက် ရှေ့ဆက်ရမည့် ဆုတောင်းချက်များ အတွက် စိတ်ချသေချာမှုများ၊ အခြားသူများအတွက် ဆက်လက်ဆုတောင်းပေးလိုသော စိတ်များ ပေါ်ထွက်လာပေမည်။ နာမ်ဝိညာဉ်ဖြစ်တော်မူသော် အဘဘုရားသခင်သည်၊ မှန်ကန်စွာကိုးကွယ်သော ကျွန်ုပ်တို့ ၏နာမ်ဝိညာဉ်ကို စတင်ဆက်သွယ်လာပြီး၊ ကျွန်ုပ်တို့ သည်လည်း ဘုရားသခင်တစ်ပါးတည်း ကိုသာ အာရုံပြုလျှက်သစ္စာရှိစွာ ဝတ်ပြု ဆုတောင်းလာနိုင်ပေမည်(ယော ၄း၂၄)။
    ဆင်ခြင်ရန် - အရာခပ်သိမ်းထက်မြင့်မြတ်တော်မူသော ဘုရားသခင်၏ကြီးမြတ်တော်မူခြင်း ကိုစိတ်နှလုံးထဲမှသိမှတ်လျှက်၊ ဖခင်တစ်ဦးကဲ့သို့ အဖဟုရင်းနှီးစွာ ဆုတောင်းပဌနာပြုခွင့်သည် ခရစ်တော်အားဖြင့်ရသော အံ့မခန်းအခွင့်အရေးတစ်ခုဖြစ်သည်။
    ဆုတောင်းရန် - ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ ကိုယ်တော်၏ကြီးမြတ်ခြင်းကို သိမှတ်ဝန်ခံလျှက် ကောင်းကင်ဘုံရှင် အဘဘုရားသခင်၏ ဘုန်းအသရေတော်ကို ကျွန်ုပ်တို့ နှလုံးသားထဲ တွင် မှန်ကန်စွာနေရာပေးပါ၏။ ကိန်းဝပ်စံပယ်တော်မူပါ။ ကြားနိုင်သောအသံဖြင့် ထူးတော်မူပါ။ ကျွန်ုပ်တို့၏ ဆုတောင်းသံကို လက်ခံနေရာပေးတော်မူပါ၊ ကိုယ်တော်၏ ဘုန်းအသရေ၊ အကွယ်အကာနှင့် မေတ္တာတော်များ ကျွန်ုပ်တို့ နှလုံးသားထဲသို့ စီးဝင်ပြည့်လျှံနေစေလျှက် ရှေ့ဆက်ဆုတောင်းချက်များ ကို စိတ်ချယုံကြည်ခြင်းအပြည့်ဖြင့် ဆက်လက်ဆုတောင်းစေပါ။ အာမင်။

Komentáře •