MY Travelogue မုန့်ဟင်းခါးဟင်းရည်လုပ်ငန်း

Sdílet
Vložit
  • čas přidán 10. 09. 2021
  • #ပုသိမ်မြို့
    #ရွာသစ်ရွာ
    MY Travelogue ကိုကြည့်ရှုနေကြတဲ့ ပရိတ်သတ်များအားလုံးပဲမင်္ဂလာပါ...အခုတခေါက်မှာဆိုရင်တော့ ပုသိမ်မြို့၊ ရွာသစ်ရွာမှာနေထိုင်ကြတဲ့ ရွာသူရွာသားတွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ ဒီရွာလေးမှာနေထိုင်ကြတဲ့သူတွေက မုန့်ဟင်းခါးဟင်းရည်တမျိုးထဲကိုသာချက်ပြုတ်ပြီး ရောင်းချကြတာပဲဖြစ်ပါတယ်။ လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းလည်းလုပ်ကိုင်ကြပါတယ်။ မုန့်ဟင်းခါးဟင်းရည်ချက်ပြုတ်တဲ့နေရာမှာ အရင်ဆုံးအနေနဲ့ငါးကိုပြုတ်ထားပြီး အဲဒီ့ငါးပြုတ်ရေထဲကိုကိုယ်လိုချင်သလောက်ရေကိုထည့်ပြီးဆူလာတော့မှ ဆန်လှော်မှုန့်၊ ပဲမှုန့်၊ ဆန်စိမ်းမှုန့်၊ ဆား၊ သကြား၊ ငံပြာရည်၊ နနွင်းကိုဖျော်ပြီး မုန့်ဟင်းရည်အိုးထဲကိုထည့် ဆူအောင်ထားပြီးမှ ထွင်ပြီးသားငါးပြုတ်ကိုထည့် ပြီးတော့မှ ဂျင်း၊ ငရုတ်ကောင်း၊ ကြက်သွန်ထည့်တာဖြစ်ပါတယ်။ မုန့်ဟင်းခါးဟင်းရည်ချက်ပြုတ်တဲ့နေရာမှာ ငါးကအဓိကဖြစ်ပြီး ငါးဂျင်းကိုအဓိကအသုံးပြုတာပဲဖြစ်ပါတယ်။ ဒီရွာလေးမှာဆိုရင် မျိုးရိုးစဉ်ဆက်မုန့်ဟင်းခါးဟင်းရည်ကို ရောင်းချလာတာဖြစ်ပြီး မုန့်ဟင်းခါးဟင်းရည်ချက်ပြုတ်တဲ့နေရာမှာ ဆီကိုလုံးဝအသုံးမပြုတာလည်းဖြစ်ပါတယ်။

Komentáře • 54

  • @khinyeemyawaddy3154
    @khinyeemyawaddy3154 Před 8 měsíci +12

    ရိုးရိုးသားသား ဝိရိယနဲ့ကြိုးစားပြီးလုပ်ဆောင်တဲ့သူတွေကို ချီးကျူးပါတယ်❤

  • @kyukyuswe6046
    @kyukyuswe6046 Před 2 lety +9

    ငါးနွှင်​နေတဲ့တ​ယောက်က လက်သည်းအရှည်ကြီးနဲ့
    အစားအ​သောက်​ရောင်းသူ​တွေ လက်သည်းရှည်မထားသင့်ဘူး
    ငါးကိုလဲ ပြုတ်​ရေထဲကဆယ်ပြီးမှ သတ်သတ်နွှင်ယင်ပိုသန့်မယ်
    အခုကျ​တော့လက်သည်းရှည်ကြီးနဲ့ ခနခနအရည်ထဲနှိုက်​နေရတာ

  • @user-zv9he1cg8l
    @user-zv9he1cg8l Před 2 lety +7

    感恩!分享!很養生魚湯麵!老板說的没有錯!將心比心有良心的老闆!辛苦老闆工作人員感恩!祝福你們生意興隆!!我來自台灣!

  • @user-bb5qx6fm3w
    @user-bb5qx6fm3w Před 29 dny +2

    တို့ဒေသကတော့ငါးဆီသပ်နံ့မွှေးနေမှကြိုက်တာဒေသမတူအကြိုက်မတူကြတာ

  • @keithdanvers-colquhoun
    @keithdanvers-colquhoun Před 2 lety +17

    My command of the Burmese language is very basic, so I can understand a few words spoken. These people I admire very much as they work hard for their living, but more important they all work well in a team. Hence, it brings in the income to keep the home fires burning. Hard work always pays dividends.
    The lady is a good cook, and she is cooking my favourite dish, Mohinga, which I invariably have whenever I have had the pleasure of visiting Myanmar.
    Finally, the Burmese are a lovely race, always pleasant & smiling , in spite of financial hardship. It’s such a great pity about their persecution, but I hope with perseverance for full democracy, they will succeed. May Buddha bless them all🙏🙏🇲🇲🇲🇲🇬🇧🇬🇧

  • @khinewai7208
    @khinewai7208 Před rokem +2

    မှန်ပါတယ် အန်တီရယ်။ မုန့်နှစ်ဖျော်တဲ့အချိန်မှာသာ ဇွန်လေးနဲ့မွှေပေးရင်ပိုကောင်းမယ်ထင်ပါတယ်။ ချက်စားကြည့်အုံးမယ်။ ကျေးဇူးပါ

  • @Retire-py2yk
    @Retire-py2yk Před 2 lety +4

    watching this @ 2 am and I'm hungry now.. I hope things will get better and people can travel ..

  • @user-sw8xx7js3c
    @user-sw8xx7js3c Před 11 měsíci +1

    ပုသိမ်မြို့မဈေးထဲမှာရှိတယ် မနက်ဖက်

  • @ngelay1475
    @ngelay1475 Před 2 lety +1

    ဘူတာ​ဈေးထဲမှာ စားဖူးတယ်​ ကြိုက်​တယ်

  • @sandar4567
    @sandar4567 Před 2 lety +2

    တခါမှမစားဘူးပါ။စားချင်တယ်။

  • @အဖေ့သား
    @အဖေ့သား Před 27 dny

    ချွန်ဒေါ်အဂြိုက်ဇုံးဘာဘဲခညာ😘

  • @ayethinmyat8826
    @ayethinmyat8826 Před rokem +1

    မဂ်လာပါ

  • @boidun7107
    @boidun7107 Před 2 lety +1

    ❤️💐

  • @mothet9812
    @mothet9812 Před 2 lety +2

    စားချင်လိုက်တာ အရမ်းသရေကျလာပြီ အမကြီးလည်းပင်ပန်းပေမဲ့ကုသိုလ်တမျိုးပေါ့

  • @ROSE-eg5pq
    @ROSE-eg5pq Před 2 lety +1

    ဆန်မှုန့်စိမ်း ဆန်မှုန့်ကျက် ပဲမှုန့်က ဘယ်လိုအချိုးအစားနဲ့ချက်ရလဲရှင် သိသူများမျှဝေပေးပါဦး

  • @AyeAye-ej4om
    @AyeAye-ej4om Před 2 lety +2

    ပုသိမ်​မြို့​ရောက်​ရင်​ဘယ်​မှာ​ရောင်းတာလဲလိပ်​စာ​ပြောပါ

  • @bosan4022
    @bosan4022 Před 8 dny

    caption ရေးထားတာ မုန့်ဟင်းခါးဟင်းရည်ချက်လုပ်ငန်းတဲ့၊ ဟင်းရည်ပဲချက်ပီးဆိုင်တေလိုက်ဖြန့်တယ်မှတ်လို့

  • @khinsan3914
    @khinsan3914 Před 2 lety +1

    စားချင်လိုက် တာ အန်တီရယ်

  • @tumer3958
    @tumer3958 Před 2 lety +6

    ဆီမပါမှမြန်မာမွင်းငါးအစစ်
    အဖွားရှိတုန်းကပြောပြဘူးတယ်

  • @julietkhin6076
    @julietkhin6076 Před měsícem

    ငယ်ငယ်တုန်းက ကျမတို့ရွာရဲ့ မြစ်ဟိုဘက်ကမ်းဒီဘက်ကမ်းပါ စားဖူးပါတယ်

  • @zawaung6979
    @zawaung6979 Před 2 lety +2

    ဟင်းရည်ပူခပ်တဲ့ခွက်က စတီးခွက်ဖြစ်သင့်တယ် ကျန်းမာရေးအရဆို ကော်ခွက်က ကင်ဆာဖြစ်တတ်တယ် ငါးနွံတဲ့လက်က လက်သည်းမဆိုးသင့်ပါဘူး အစားအသောက်ထဲ ပါမသွားဘူးလို့ မပြောနိုင်ဘူး လက်သည်းဆိုးဆေးက ကွာလွယ်တယ် သန့်ရှင်းသပ်ရပ်မှုက အရမ်းလိုပါသေးတယ်

  • @Smo-go2rb
    @Smo-go2rb Před měsícem +1

    ရိုက်ချက်ညံ့ မုန့်ဟင်းခါးငါးဖယ် ဘဲဥ အကြော် စသဖြင့်ပြင်စဥ်ပြီးရိုက်ပြသင့်...

  • @user-no3ep5nj6c
    @user-no3ep5nj6c Před 24 dny +1

    ရွာသစ်တဖက်ကမ်းမှာ ၂၀၂၄ ဧပြီလထိ ကြော်မပါ ၆၀၀ ကျပ်ဒို့ဆို ၂ပွဲ ၃ပွဲ စားခဲ့တာ ကုန်းကြီးရွာတဲ့ မှန်စက်ရုံသွားတဲ့ဖက်

  • @ajit4j
    @ajit4j Před 2 lety +2

    I love my wife

  • @user-tq1mb3gv3m
    @user-tq1mb3gv3m Před měsícem

    ဆန်စိမ်းမုန့်ပါတဲ့ငါးဆီမသပ်တဲ့မုန့်ဟင်းခါးမစားဖူးသေးဘူးစားချင်တယ်

  • @user-su8ns6ru9f
    @user-su8ns6ru9f Před měsícem

    ဆီမပါလို့ကြိုက်တယ်

  • @mathandar4169
    @mathandar4169 Před rokem +1

    မုန်ဟင်းခါးအချိန်သုံဆယ်ထည်နည်လေးပြောပေးပါ

  • @seinnweaye7079
    @seinnweaye7079 Před 2 lety +2

    One day will go and try

  • @catgeol7300
    @catgeol7300 Před 2 lety +4

    ပုသိမ်မြို့​စျေး​လေး မြို့သစ်​စျေး
    သည်အမှန်တကယ်​ငွေသုံးစွဲနိုင်သူ
    များ​စျေးဝယ်​လေ့ရှိ​သောအဓိက​နေရာဖြစ်ပါတယ်။အလွန်​စျေးဝယ်လိုအား​ကောင်း​သော​နေရာဖြစ်ပါတယ်။

  • @tumer3958
    @tumer3958 Před 2 lety +4

    သဘောကျတယ်

    • @zarnizarni320
      @zarnizarni320 Před 2 lety

      စ း
      ရ ြဗ ဗဖ&mnc atrxkkxh။ ဘယဃ
      ဃဌ

  • @okokok287
    @okokok287 Před 2 lety +6

    အခု D Day ခေါ် ချိန်ကစပြီး
    တပ်ထဲမှ နေ့စဥ် အော်ဒါမှာလို့ လက်မလည်ဖူးပေါ့နော်။
    မွတ်ခါးရောင်းတာအရမ်းအဆင်ပြေတယ်နော်။

  • @gugu4714
    @gugu4714 Před 2 lety +2

    ရွာသစ်မုန့်ဟင်းခါးည့ံသွားပါပြီ။၂၀၁၄ ကစားခဲ့ရတာ။

    • @tantan2774
      @tantan2774 Před 7 měsíci

      မညံပါဘူး အရသားကအပုံမှန်ပါဘဲ တစ်ယောက်နဲ့တစ်ယောက် အချိုးအစားမတူကျလို့ပါ

  • @NyiLinKha
    @NyiLinKha Před měsícem

    ယယ

  • @khinthant1736
    @khinthant1736 Před 19 dny

    သူတို့က ဆီမသုံးဘူး...ဆီချက်သုံးကြတယ်တဲ့......စမီးတို့ရန်ကုန်က သကြားမထည့်ဘူး...

  • @cingmang1363
    @cingmang1363 Před 2 lety +1

    ဆန် မုန့် စိမ်း ဆို တာ ဘာ လဲ

    • @sansanmyint9133
      @sansanmyint9133 Před 2 lety +1

      ဆန်ကိုအမှုန့်ကြိတ်ထားတာ မလှော်ပဲ အစိမ်းသက်သက်ပါ

  • @LaMin-su3tn
    @LaMin-su3tn Před rokem +4

    တအားကောင်းတဲအစီအဆင်ပါမုန့်ဟင်းခါးကြိက်သူများအတွက်အကောင်းဆုံးအစီအဆင်ပါ

  • @user-gk2mp2fu8u
    @user-gk2mp2fu8u Před měsícem

    ပုသိမ်ရောက်ရင်လာစားမယ်နော်အန်တီကြီးမျက်နှာကြည့်တာနဲ့မုန့်ဟင်းရည်ကောင်းမှန်းသိတယ်

  • @myinthlaing666
    @myinthlaing666 Před 2 lety +2

    ကြက်တူရွေးဇာပြင်ဈေးမှာရောင်းတာထင်ပါတယ်

  • @kokyaw991
    @kokyaw991 Před rokem +1

    ❤❤❤❤❤❤❤ပုသိမ်မြို့မဈေးထဲမှာလားရှင့်

  • @marcho9312
    @marcho9312 Před 2 lety +1

    ရှယ်ပါ

  • @definitelynotadrian3028
    @definitelynotadrian3028 Před 7 měsíci

    မျှင်ငပိထည့်သလား

    • @zayya9026
      @zayya9026 Před 6 měsíci

      မထည့်ရပါဘူး ငံပြာရည်ပဲထည့်ရတာပါ

  • @marcho9312
    @marcho9312 Před 2 lety +1

    ရှယ်ပါ