ပန်းကန်တွေ၊ ပုလင်းတွေ၊ ဒယ်အိုးတွေကို ခေါင်းပေါ်တင်ပြီး ဆိုင်းတီးပြသူ လက်သံများပြား သံလက်ဝါး

Sdílet
Vložit
  • čas přidán 21. 03. 2024
  • ၁၅ နှစ်သားအရွယ်ကတည်းက ပန်းကန်တွေ၊ ပုလင်းတွေ၊ ဒယ်အိုးတွေကို ခေါင်းပေါ်တင်ပြီး ဆိုင်းတီးပြကာ ရွှေတံဆိပ်ဆုတွေ ယူပြခဲ့သူ လက်သံများပြား သံလက်ဝါး
    -------------------------
    လက်သံများပြား သံလက်ဝါး ဟာ ထူးခြားတဲ့ဆိုင်းပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ပုလင်းတွေ၊ ပန်းကန်တွေ၊ ဒယ်အိုးတွေကို ဦးခေါင်းထက်မှာ ငြိမ်နေအောင် တင်ထားပြီး တစ်ကိုယ်တော် ဆိုင်းတီးပြတဲ့ ပတ်မတီးခေါင်းဆောင်က လက်သံများပြား သံလက်ဝါး ပါပဲ။ မျက်လုံးတွေကို မှိတ်ထားပြီး ဆိုင်းကို အလှပဆုံး တီးပြနိုင်တာကလည်း ဆိုင်းပညာရှင် လက်သံများပြား သံလက်ဝါးရဲ့နောက်ထပ် ထူးခြားချက်တစ်ရပ်ပဲဖြစ်ပါတယ်။ အသက် ၁၅ နှစ်အရွယ်ကတည်းက သူများတွေနဲ့မတူဘဲ ထူးခြားချင်လို့ ဆန်းသစ်တီထွင်မယ့်နည်းလမ်းကို ရှာဖွေရင်း ဦးခေါင်းထက်မှာ ပုလင်းတွေ၊ ပန်းကန်တွေကိုတင်ကာ လက်သံများပြား သံလက်ဝါးက ဆိုင်းတီးလေ့ကျင့်ခဲ့တာပါ။ ရွှေတံဆိပ်ဆု ၂ ခုနဲ့အတူ ဆုပေါင်းများစွာကို ဆွတ်ခူးရရှိခဲ့ဖူးပြီး Myanmar Got Talents ပြိုင်ပွဲမှာဆိုရင်လည်း ဖိုင်နယ်အဆင့်ကို တက်နိုင်ခဲ့တဲ့အထိ လက်သံများပြား သံလက်ဝါးက အောင်မြင်မှုရရှိခဲ့ပါတယ်။ ရွှေတံဆိပ်ဆုရှင်လည်းဖြစ်သလို လက်သံကလည်း ထူးခြားပြီး ဆန်းသစ်တီထွင်သူတစ်ယောက်လည်းဖြစ်တဲ့ ဆိုင်းပညာရှင် လက်သံများပြား သံလက်ဝါးရဲ့အကြောင်းကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။

Komentáře • 2

  • @koko-sv4hr
    @koko-sv4hr Před měsícem

    အားပေးနေပါတယ်

  • @ffrrfh
    @ffrrfh Před 4 měsíci

    လေးစားပါတယ်