အရှေ့မြင်အနောက်မြင်တောင် Mt. Ashae Myim Anauk Myim ရှေ့မြင်နောက်မြင်တောင်

Sdílet
Vložit
  • čas přidán 16. 01. 2024
  • အရှေ့မြင်အနောက်မြင်တောင် Mt. Ashae Myim Anauk Myim, 7752 Feet (ရှေ့မြင်နောက်မြင်တောင်)
    ⛰️အရှေ့မြင်အနောက်မြင်တောင်သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် မြစေတီရွာအနီးမှာတည်ရှိပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် 7752ပေမြင့်မားပြီး မြေသားတောင်အမျိုးအစားဖြစ်ပါသည်။ အရှေ့မြင်အနောက်မြင်တောင်သည် မြေသားတောင်များအနက် ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပြီး ချင်းပြည်နယ်ရှိ ဝိတိုရိယတောင်ခေါ် နတ်မတောင်မှာ မြန်မာနိုင်ငံတွင် မြေသားတောင်များအနက်အမြင်ဆုံးဖြစ်ပါသည်။
    🛣️ တောင်ပေါ်သို့တက်ရောက်ရန် ပန်စစ်ရွာဖက်မှတက်သောလမ်း၊ မြစေတီရွာဖက်မှတက်သောလမ်းနှင့် မိုးလုံးမှိုင်းဖက်မှတက်သောလမ်းဟူ၍ရှိရာ ကျွန်တော်တို့က ရှု့ခင်းအလှဆုံးဖြစ်တဲ့ မြစေတီရွာဖက်လမ်း‌ကြောင်းဖက်မှတက်ခဲ့ကြပါတယ်။
    မြစေတီရွာမှ ဒေသခံလမ်းပြကိုညိုပြူးအိမ်တွင်ကားများထား... နေ့လည်စာကို စားခဲ့ကြပြီး ရွာမှကားများဖြင့် ညောင်ပင်ကြီးရှိရာ တောင်ခြေစခန်းသို့ သွားခဲ့ကြပါတယ်။ လမ်းအတက်မက်စောက်သောကြောင့် အိမ်စီးကားများနှင့်အဆင်မပြေနိုင်ပါ။ လမ်းလျှောက်ပါက လေးဆယ့်ငါးမိနစ်ခန့်သွားရပါသည်။
    🌳ညောင်ပင်ကြီးမှ စတက်တက်ချင်းကအတက်တွေပါပဲ လွင်ပြင်နားရောက်မှ ခပ်ပြေပြေလေးလျှောက်ရတာပါ။ လွင်ပြင်တွေနားက 🌳သစ်ပင်တစ်ပင်တည်းထီးထီးပေါက်နေတဲ့ တောင်စောင်းနေရာလေးကအတော်ကဗျာဆန်ပါတယ်။ လွင်ပြင်တွေကျော်ပြီးရင်တော့🌺 တောင်ဇလပ်ပင်တွေကိုတွေ့ရပါပြီ။ လမ်း‌တစ်လျောက်က ရှု့ခင်းတွေကဘယ်နေရာကြည့်ကြည့်ကို လှနေတာပါ။ လွင်ပြင်တွေကျော်ပြီး တောင်ဇလပ်တောနှစ်ခုလောက်ကျော်ပြီးရင် နောက်ထက်အတက်တစ်ခုကို ကုန်းပြီးတက်ရပါသေးတယ်။ ပြီးရင်တောင်ဇလပ်တောတွေထဲကနေ summit ကိုရောက်ရှိပါပြီ။ 🚶ညောင်ပင်ကြီးကနေ အတက်ကို ငါးနာရီ၊ အဆင်းကို သုံးနာရီကျော်ကြာခဲ့ကြပါတယ်။
    ⛺ တောင်ထိပ်တောင်ဇလပ်တောအုပ်ထဲမှာ ညအိပ်စခန်းချခဲ့ကြပါတယ်။ ကျွန်တော်တို့အဖွဲတဲ အလုံး၄၀အတွက်ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ညစာကို ကိုညိုပြူးမှစီစဉ်ပေးပါတယ်၊ စားခဲ့ရသမျှသုံးနှပ်လုံးအတော်ကိုကောင်းပါတယ်..🌶️ငရုပ်သီးထောင်းကတော့ အတော်ကိုစပ်ပါတယ်။ တောင်ထိပ်မှာ လေအေးတွေတိုက်တဲ့အတွက် ❄️ညဖက်အတော်အေးပါတယ်။ ကျွန်တော်တို့တော့ ထင်းကိုင်းခြောက်လေးတွေရှာပြီး မီးဖိုမှ အပြင်မှာနေနိုင်ပါတယ်။ဆောင်းတွင်းအခါသွားရင် Tentနဲ့ Sleeping bag ကတော့လိုပါတယ်။ကြေးပြားတွေရှိတဲ့ ‌နေရာနားက တောင်ဇလပ်ပင်လေး လေကြမ်းလို့လားမသိ လဲနေတာကိုတွေ့ခဲ့ရပါတယ်။ မနက်စာကိုတော့ ကိုယ်အစီစဉ်နဲ့ပဲစားခဲ့ကြပါတယ်။ ကျွန်‌ေတာ်တို့ စခန်းချတဲ့နေရာတစ်ဝိုက်မပြန်ခင် အမှိုက်မကျန်ခဲ့ရအောင်ကောက်ပြီး မီးရှိ့ခဲ့ကြပါတယ်။ လမ်းတစ်လျောက်မှာလည်းအမှိုက်တွေပွနေတာ မမြင်ခဲ့ရတဲ့အတွက်ဝမ်းသာမိပါတယ်။
    Rhododendron ဟုခေါ်တဲ့🌺တောင်ဇလပ်ပန်းများကိုမြင်တွေ့လိုပါက December, January လအတွင်းသွားရင်အသေချာဆုံးပါ။ တောင်တက်လမ်းမှာ သစ်ခွပင်မျိုးစုံကိုလည်းတွေ့ရပါတယ်။ ပင်းတယ၊ ကလောဖက်က ဘုရားတွေမှာ ရောင်းနေတဲ့ သစ်ခွပင်တွေက အဲ့ဖက်ကနေရှာဖွေကြတာပါ။ မြေပြန်မှာ မတွေ့ရတဲ့အခြားပန်းပင်တွေကိုလည်းလေ့လာနိုင်ပါတယ်။ ဒေသဆိုင်ရာယုံကြည်မှု့အရ တောင်ပေါ်သို့ငါးမသယ်ရတာပါ။ မေးကြည့်တော့ တောင်ပေါ်မှာ လူတစ်ယောက်ငါးရိုးစူးသေပြီး အစောင့်ဖြစ်နေသလိုလို အတိအကျတော့မေးမရခဲ့ပါဘူး။ ❗တောင်တက်တယ်ဆိုကတည်းက သဘာဝကိုချစ်မြတ်နိုးလို့ပါ တောင်ဇလပ်ပန်းတွေမခူးကြပါနဲ့ ပန်းဆိုတာအပင်ပေါ်မှာ ပိုလှပါတယ်။ အမှိုက်ကိစ္စကိုလည်း သေသေချာချာလေးမီးရှို့ဖျက်စီးခဲ့ကြပါခင်ဗျာ။
    မန္တလေးကနေ ကား 14စီး လူအယောက်70 လမ်းပြနှင့်အထမ်း14‌ယောက် တက်ရောက်ခဲ့ကြပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ရှိတဲ့ ကျွန်တော်တို့အဖွဲ့ စည်းစည်းလုံးလုံးနဲ့ ငွေကုန်ကြေးကျသိပ်မရှိပဲသွားခဲ့ကြတာပါ။
    ဒေသခံလမ်းပြ ကိုညိုပြူးဖုန်း☎️ 09 698242276
    Facebook / aung.gyi.5439
    Instagram
    pCkzUolLJp...
    Redmi note 11pro ဖုန်းနှင့်ရိုက်ကူးတည်ဖြတ်ထားပါသည်။
    ကျွန်တော့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးကြပါအုံး ချစ်မိတ်ဆွေများခင်ဗျာ ❣️❣️
    #အရှေ့မြင်အနောက်မြင်တောင်
    #ရှေ့မြင်နောက်မြင်တောင်
    #အရှေ့မျော်အနောက်မျော်တောင်
    #ဓနုဌာနေ
    #ရွာငံမြို့
    #မြစေတီရွာ
    #တောင်ဇလပ်ပန်း
    #ဇလပ်နီ
    #ရှမ်းပြည်တောင်ပိုင်း
    #AshaeMyimAnaukMyim
    #ArkarAdv
    #Rhodoendron
    #Ywangan
    #MyanmarHiking
    #hiking
    #MyanmarAdventure
    #ArkarAdventureTripMyanmar
    #adventuremyanmar
    #myanmaradventure

Komentáře • 10

  • @user-jg2mj7jk7e
    @user-jg2mj7jk7e Před měsícem

    Ok

  • @KoKo-kt6uy
    @KoKo-kt6uy Před 6 měsíci +4

    ခရိးသွားမှတ်တမ်းလေးတွေတင်ပေးလို့ကျေးဇူးပါ

    • @arkar1082
      @arkar1082  Před 6 měsíci

      ဟုတ်... တောင်တက်သွားရင် မြင်သမျှလေးတွေ ဖုန်းနဲ့ရိုက်ထားတာလေးတွေပါ 🌺 ကြည့်ရှု့ပေးလို့ ကျေးဇူးအထူးပါနော် 🤗

  • @eizin4599
    @eizin4599 Před 23 dny

    ပျော် စရာလေး

    • @arkar1082
      @arkar1082  Před 23 dny

      @@eizin4599 ရှု့ခင်းတွေအတော်ကိုလှပါတယ်

  • @user-jb3zr5ly6p
    @user-jb3zr5ly6p Před 17 dny

    တက္ကသိုလ်တုန်းက ​မတက်ဖြစ်ခဲ့တဲ့တောင်

  • @user-jb3zr5ly6p
    @user-jb3zr5ly6p Před 17 dny

    အပြန်မှာ...
    အမှိုက်တွေ ပြန်သိမ်းခဲ့ကြရဲ့လား?

    • @arkar1082
      @arkar1082  Před 17 dny

      @@user-jb3zr5ly6p တောင်ပေါ်စရောက်တုံးကလည်း တောင်ပေါ်မှာအမှိုက်တွေမတွေ့ရပါဘူး ပြန်သွားတော့လည်းအမှိုက်တစ်ပင်မကျံခဲ့ပါဘူး၊ ကိုယ်စီအသိနဲ့ စားပြီးကတည်းက အမှိုက်တေ‌ွကို မီးဖိုထဲတစ်ခါတည်းထည့်ပြီး ရှို့လိုက်ကြတာပါပဲ.. video ထဲမှာလည်းပါ ပါတယ်။

  • @LayMaung-hb9ml
    @LayMaung-hb9ml Před měsícem +1

    ပအဲဒီနေရာမှာခရီးသွားအပန်းဖြေဗန်ဂလိုလေးတွေဆောက်ပြီးခရီးသွားတွေအဆင်ပြေစွာတည်းခိုနိုင်ရင်ပိုပြီးဖွိ့ဖြိုးတိုးတက်လာဖို့ကအများကြီးအလားအလာရှိပါတယ်လုပ်ကြစေချင်ပါတယ်ရေရှည်အကြိုးအမြတ်အများကြီးရနိင်တယ်ရောက်အောင်လဲသွားအုံးမယ်

    • @arkar1082
      @arkar1082  Před měsícem +1

      အဲ့လိုမျိုးလုပ်ရင် ရှု့ခင်းတွေအရမ်းလှတာကြောင့် သေချာပေါက်အောင်မြင်နိုင်ပါတယ်။ ဒါပေမဲ့ စည်းကမ်းမရှိတဲ့အချို့ခရီးသွားတွေကြောင့် သဘာဝဂေဟစနစ်တွေ ပျက်စီးသွားစေနိုင်ပါတယ်။ သေချာတာကတော့ တောင်ဇလပ်တွေပွင့်ရင် ခူးကြတာနဲ့ကုန်မှာပဲ။ အခုက လူအရောက်နည်းသေးလို့သာ သဘာဝတွေကျန်ရှိနေသေးတာပါ။