ပသျူးထမင်းကြော်

Sdílet
Vložit
  • čas přidán 12. 01. 2023
  • ပသျှူးထမင်းကြော်
    ဒီနေ့ အိစံချက်ပြမှာကတော့ အိစံရဲ့လူကြိုက်များတဲ့ ပသျှူးထမင်းကြော်လေးပဲဖြစ်ပါတယ်။ အိစံကိုယ်တိုင်လည်း အရမ်းကြိုက်တဲ့ ထမင်းကြော်လေးပါ။ ပူပူစပ်စပ်မွှေးမွှေးလေးနဲ့ အရမ်းကို စားလို့ကောင်းပါတယ်။ တချို့ဆိုင်တွေက ပသျှူးထမင်းကြော် ကို ခြောက်ခြောက်လေးကြော်တယ်။
    တချို့ဆိုင်တွေကတော့ ကော်ရည်နည်းနည်းထည့်ထားပြီး စီးစီးလေးကြော်တတ်ပါတယ်။ အိစံက ကော်ရည်နည်းနည်းနဲ့ အရမ်းမခြောက်တဲ့ စီးစီးလေးကို ပိုကြိုက်လို့ အဲ့ဒီနည်းလေးနဲ့ ချက်ပြထားပါတယ်။ စီးတာမကြိုက်ရင်တော့ ကော်ရည်မထည့်ဘဲ ကြော်ပါ။
    ဒီထမင်းကြော်လေးကို Goody ရဲ့နေကြာဆီနဲ့အတူ ရိုးရိုးရှင်းရှင်း​လေးချက်ပြထားပါတယ်။ Goody နေကြာဆီက ဟင်းပွဲရဲ့ အနံ့အရသာကို ပိုမိုကောင်းမွန်စေတဲ့အပြင် 100% နေကြာဆီစစ်စစ်ဖြင့် ပြုလုပ်ထားသောကြောင့် Vitamin E ကြွယ်ဝပြီး နှလုံးသွေးကြောကျဥ်းရောဂါကိုကာကွယ်ပေးပါတယ်။
    ပါ၀င်သောပစ္စည်းများ
    ၁။ အအေးခံထားသော ထမင်း - တရုတ်ထမင်းစားပန်းကန်လုံး ၂လုံး
    ၂။ ကြိုက်နှစ်သက်ရာ အသား(သို့)ပုဇွန် - ၁၂ ကျပ်ခွဲသား (အသားကိုအတုံးလေးတွေနဲ့ကြိုက်ရင် တုံးထားပါ။)
    ၃။ ကြက်ဥ - ၃ လုံး
    ၄။ ထိုင်းပင်စိမ်း - လက်တစ်ဆုပ်စာ
    ၅။ ငရုတ်သီးစိမ်း - ၅ တောင့်(သို့) ၁၀ တောင့် (ကြိုက်နှစ်သက်ရာ (သို့) ငရုတ်သီး၏အစပ်ပေါ်မူတည်၍ အတိုးအလျော့ လုပ်နိုင်ပါသည်။)
    ၆။ ကြက်သွန်ဖြူ - ၂ မွှာ
    ၇။ ခရုဆီ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
    ၈။ ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
    ၉။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
    ၁၀။ ရှမ်းချဥ် - နုတ်နုတ်စင်း
    ၁၁။ မုန်လာဥနီ - တရုတ်ထမင်းစားပန်းကန်လုံး ၁ လုံး
    ၁၂။ ကြာညို့ (သို့) ပဲငံပြာရည်အပျစ် - လက်ဖက်ရည်ဇွန်း တစ်ဝက်
    ၁၃။ ဘိုစားပဲသီးတောင့် - တရုတ်ထမင်းစားပန်းကန်လုံး ၁ လုံး
    ၁၄။ ဆီ - ထမင်းစားဇွန်း ၆ ဇွန်း
    ၁၅။ ကော်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
    ၁၆။ ရေ - ထမင်းစားဇွန်း ၂ ဇွန်း
    ၁၇။ ငရုတ်ကောင်း - အနည်းငယ်
    အသားနှပ်
    ၁။ ခရုဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
    ၂။ ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
    ၃။ ကြာညို့ (သို့) ပဲငံပြာရည်အပျစ် - လက်ဖက်ရည်ဇွန်း တစ်ဝက်
    ၄။ သကြား (သို့) အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
    (ထမင်းစားဇွန်း = 1 tablespoon = 15 ml)
    (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

Komentáře • 4

  • @sawmyatnwe9276
    @sawmyatnwe9276 Před rokem +1

    ရှမ်းချဥ်ကထည့်မချက်ပဲ အရံစားဖို့ပါလားရှင် ?

  • @yamonelay7528
    @yamonelay7528 Před rokem

    အသားကနူးပါ့မလား

  • @tinlinnko3233
    @tinlinnko3233 Před rokem

    တရုတ်ထမင်းက jasmine rice လိုပဲလားဟင်

  • @yamonelay7528
    @yamonelay7528 Před rokem

    ဝက်သားကရေမထည့်ပဲနူးပါ့မလား