ပအိုဝ်းဒေသတွင်း တိုက်ပွဲကြောင့် ဒုတိယအကြိမ်စစ်ရှောင် ၃၀၀၀ ကျော်ရှိနေ

Sdílet
Vložit
  • čas přidán 5. 09. 2024
  • ပအိုဝ်းဒေသတွင်း တိုက်ပွဲကြောင့် ဒုတိယအကြိမ်စစ်ရှောင် ၃၀၀၀ ကျော်ရှိနေ
    ရှမ်းတောင် ပင်လောင်းမြိုနယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် လမ်းကြောင်းတွေကို စစ်ကောင်စီက ပိတ်ထားတာကြောင့် ကရင်နီနယ်စပ်က စစ်ရှောင်စခန်းကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
    ဇွန်လ တတိယပါတ်က စတင်ဖြစ်ပွားခဲ့တဲ့ ပအိုဝ်းဒေသတွင်း ပင်လောင်းမြို့နယ်က စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသူ ၃ထောင်ကျော်ရှိနေပြီး အများစုက ဒုတိယအကြိမ် စစ်ဘေးထပ်ရှောင်နေရတဲ့သူတွေဖြစ်ပါတယ်။
    ပင်လောင်းကနေ ညောင်ရွှေ၊ တောင်ကြီးထွက်ပေါက်လမ်းကြောင်းတွေမှာ စစ်ကောင်စီတပ်တွေက ပိတ်ဆို့ထားတာကြောင့် စစ်ရှောင်တွေဟာ ကရင်နီနဲ့ ဖယ်ခုံဘက် စစ်ရှောင်နေရတာပါ။
    လက်ရှိမှာ စစ်ရှောင်စခန်းတွေက လူဦးရေများလာတဲ့အတွက် စားနပ်ရိက္ခာနဲ့ နေထိုင်ဖို့မိုးကာနဲ့တဲတွေအပြင် ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီက သိရပါတယ်။
    ဒေသတွင်းတိုက်ပွဲတွေက စစ်ရှောင်လာသူတွေကို PNO ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ ဝါဒဖြန့်မှုတွေကြောင့်လက်ခံမယ့် ကျေးရွာတွေနည်းပါးလာပြီး နေထိုင်ဖို့ အခက်အခဲတွေဖြစ်ပေါ်နေတာပါ။
    ပင်လောင်းမြို့နယ်အတွင်းက နမ့်နိန်း၊ လုံးပျဉ်ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့တွေက စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတာပါ။
    ပအိုဝ်းလူငယ်အစည်းအရုံးPYOရဲ့ ထုတ်ပြန်ချက်အရ ဒေသတွင်းတိုက်ပွဲ ရက်ပေါင်း ၁၅၀ ကျော်မှာ အရပ်သားထိခိုက်သေဆုံးမှုမှာ လူဦးရေ ၈၄ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂၀ကျော်ရှိတယ်လို့ သိရပါတယ်။

Komentáře • 1

  • @ArKaHtetArKaHtet
    @ArKaHtetArKaHtet Před 2 měsíci

    ပအိုအချင်းချင်းမကူဘူးလားအလကား