နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ၊ ခဲယဉ်းသောကာလတွင် နိုင်ငံတော်အနှစ်သာရဖြင့်လျှောက်လှမ်းခြင်း၊ ပထမနေ့

Sdílet
Vložit
  • čas přidán 26. 08. 2024
  • နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ
    “သေမင်း၏အရိပ်လွမ်းမိုးသော်လည်း....”
    အဓိကအချက် - ခဲယဉ်းသောကာလတွင် နိုင်ငံတော်အနှစ်သာရဖြင့်လျှောက်လှမ်းခြင်း၊ ပထမနေ့
    ဖတ်ရန်ကျမ်းချက် - ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၈း၁၀-၁၁
    ထိုကြောင့်ပညာမဲ့ကဲ့သိုမဟုတ်၊ ပညာရှိကဲ့သို စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း၊ သတိပြုကြလော့။ ယခုနေ့ရက်ကာလတိုသည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနုတ်ကြလော့။ ဧဖက်၊ ၅း၁၅-၁၆
    အခြေပြုကျမ်းချက်များ
    ဧဖက် ၅း၁၅-၁၆၊ ဆာလံ ၉၁း၄၊ ယောရှု ၁း၉၊ လုကာ ၁၂း၃၁-၃၂
    အတောင်တော်အမွေးနှင့်ဖုံးအုပ်တော်မှု၍၊ အတောင်တော် အောက်၌ သင်သည်လုံခြုံစွာနေရလိမ့်မည်။ သစ္စာတော် သည်သင်၏ဒိုင်းလွှားဖြစ်လိမ့်မည်။ ဆာလံ ၉၁း၄
    သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်း ရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွား လေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏။ ယောရှု၊ ၁း၉
    သင်တိုမူကား ဘုရားသခင်၏ နိုင်ငံတော်ကို ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော် မူလတံ့။ သိုးစုငယ်၊ သင်တိုသည် မကြောက်ကြနှင့်။ သင်တိုအဘသည် သင်တိုအား နိုင်ငံကိုပေးခြင်းငှါ အလို ရှိတော်မူ၏။ လုကာ၊ ၁၂း၃၁-၃၂
    ယနေ့ကာလအချိန် နှင့် နိုင်ငံတော်အနှစ်သာရ
    နိုင်ငံတော်အနှစ်သာရဖြင့်ခက်ခဲသောကာလကိုဖြတ်သန်းခြင်း
    1. ကာလအချိန်ကို နားလည်ခံယူခြင်း
    2. ကာလအချိန်ကို ရင်ဆိုင်ရန်ပြင်ဆင်ခြင်း
    3. ကာလအချိန်ထဲမှာ ရှင်သန်ခြင်း
    4. ကာလအချိန်ထဲမှာ အစေခံဝန်ထမ်းခြင်း
    A ယနေ့ကာလအချိန်ကို နားလည်ခံယူခြင်း
    • ခက်ခဲဆင်းရဲသောကာလ
    • သေမင်းအရိပ်လွမ်းမိုးသောကာလ
    • မုန်တိုင်းထဲရောက်နေသောအချိန်ကာလ
    • ခရီးကြမ်းလျှောက်လှမ်းရသောကာလ
    • ကြိုးစားသမျှအရာမထင်သောကာလ
    ကာလအချိန်ကို နိုင်ငံတော်အနှစ်သာရဖြင့်ကြည့်ခြင်း
    • ဘုရားမျက်နှာတော်ကို စေ့စေ့ကြည့်မိသောကြောင့် ဘုရားသဘောတော်ကိုပိုသိလာ
    • သေမင်းအရိပ်ထဲမှာနေ့စဉ် အကွယ်အကာရနေတယ်
    • မုန်တိုင်းထဲမှာ ခရီးဆက်နိုင်သေးတယ်
    • ခရီးကြမ်းလျှောက်လှမ်းရင်းကျေးဇူးတော်များခံစာရ
    • ချစ်ခြင်းမေတ္တာတွေစီးဆင်း‌‌ဝေမျှနိုင်တယ်

Komentáře •