နိုင်ငံရပ်ခြားမှာရှိတဲ့ မင်းတုန်းမင်းရဲ့ အလှူအတန်း

Sdílet
Vložit
  • čas přidán 18. 09. 2023
  • မြန်မာလူမျိုးများအပါအဝင် ဗုဒ္ဓဘာသာဝင်များသည် ဘုရားရှင်၏ သံဝေဇနိယ လေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) ဖြစ်သော ဖွားတော်မူသည့် နီပေါနိုင်ငံ လုမ္ဗိနီ ဥယျာဉ်၊ ဘုရားအဖြစ်သို့ ရောက်တော်မူ (ပွင့်တော်မူ) သည့် ဗုဒ္ဓဂယာရှိ မဟာဗောဓိ၊ ဓမ္မစကြာ တရားဦးဟောတော်မူခဲ့သည့် မိဂဒါဝုန်တောနှင့် ပရိနိဗ္ဗာန်စံခဲ့သည့် ကုသိနာရုံတို့ကို ဗုဒ္ဓ၏ အထွတ်အမြတ် နေရာတော်များအဖြစ် နှစ်စဉ်သွားရောက် ဖူးမြော်ကြည်ညိုလေ့ရှိကြသည်မှာ နှစ်ကာလ ရှည်ကြာခဲ့ပြီဖြစ်ပေသည်။
    မဟာစေတီတော်သည် စတုဂံပုံ နှစ်ထပ်စေတီတော်ကြီးဖြစ်ကာ အာသောက မင်းကြီး တည်ခဲ့စဉ်က စေတီငယ်လေးသာဖြစ်ခဲ့ပြီး အေဒီ နှစ်ရာစုတွင် မာဂဓတိုင်းမှ ဘုရင်တစ်ပါးက လက်ရှိဖူးမြင်ရသည့် စေတီတော်ပုံကို တည်ထားကိုးကွယ်ခဲ့သည်။ အေဒီ ခုနစ်ရာစုတွင် ပါလမင်းက စေတီတော်ကြီးအား ပြန်လည် မွမ်းမံ တည်ဆောက်ခဲ့သော်လည်း အေဒီ ၁၂ ရာစုတွင် ဖျက်ဆီးခြင်းခံခဲ့ရသဖြင့် အေဒီ ၁၃ ရာစု တွင် ပြန်လည်တည်ထားခဲ့ရာ လက်ရှိ မဟာဗောဓိစေတီတော်သည် ဉာဏ်တော် ၅၅ မီတာမြင့်သည်။
    ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်နေရာဖြစ်သဖြင့် မြန်မာဘုရင်များသည် မဟာဗောဓိ စေတီတော်ကို လှူဒါန်းပူဇော်မှုများနှင့်အတူ ထိန်းသိမ်းစောင့်ရှောက် မှုများပြုလုပ်ခဲ့သည်။ ပုဂံခေတ်တွင် ကျန်စစ်သားမင်းကြီးသည် မဟာစေတီတော်ကြီးကို မွမ်းမံပြင်ဆင်ရန် မှူးမတ်များကို လှူဖွယ် ကျောက်သံပတ္တမြားများပေး၍ စေလွှတ်ခဲ့သည်။ ထို့အတူပင် အေဒီ ၁၂၉၉ ခုနှစ်တွင် ပုဂံဘုရင် ကျော်စွာသည်လည်းကောင်း၊ အေဒီ ၁၈၀ဝ ပြည့်နှစ်တွင် ကုန်းဘောင်ဘုရင် ဘိုးတော်ဘုရားသည်လည်းကောင်း ဗုဒ္ဓဂယာသို့ သာသနာပြုအဖွဲ့များ စေလွှတ်ခဲ့သည်။ မင်းတုန်းမင်းသည်လည်း စေတီတော်ကြီးအတွက် ရူပီးငွေ သန်း ၇၀ လှူဒါန်းခဲ့ပြီး ဗုဒ္ဓဂယာသို့ လာရောက်ဖူးမြော်ကြသည့် မြန်မာပြည်သူများ တည်းခိုနားနေနိုင်ရန် ဇရပ်ကြီး တစ်ခုကို ဆောက်လုပ်ပေးခဲ့သည်။
  • Zábava

Komentáře •