ပါမောက္ခချုပ်ဆရာတော်ကြီးနှင့် နေရွှေသွေးအောင်တို့၏ ဗုဒ္ဓဓမ္မဆိုင်ရာအမေးအဖြေ အပိုင်း (၇)

Sdílet
Vložit
  • čas přidán 28. 10. 2020
  • အပိုင်း(၇)၏မေးခွန်းများ -
    (၃၃) ပွင့်ခဲ့တဲ့ ဘုရားအဆူဆူနဲ့ နောက်ပွင့်မယ့် မြတ်စွာဘုရားက India ပြည်တစ်ခုထဲမှာပဲ ပွင့်ခဲ့တာ ဟုတ်ပါသလား ၊ ယခင်ဘုရားရှင်များ ပွင့်တော်မူခဲ့ချိန်တုန်းက လူ့သက်တမ်းနှစ်သောင်းလို့ သိရပြီး ယနေ့ခေတ်မှတ်တမ်းများအရ လူသားတွေအသက်က နှစ်သောင်းနဲ့ ချီၤပြီး နေခဲ့တာ မရှိပါဘူး၊ ဒီ ကွဲလွဲမှုအပေါ် အရှင်ဘုရားရဲ့ အမြင်ကို မိန့်ကြားတော် မူပါ။
    (၃၄) လူ့ဘဝမှာ အပြစ်ပြုမိခဲ့တဲ့ အခါ တရားဥပဒေအရ ပြစ်ဒဏ်စီရင်ခြင်း ခံရပြီးရင်ကော နောက်သံသရာမှာ ဆက်ပါလာနိုင်ပါသလား။
    (၃၅) လူတစ်ယောက်ရဲ့ အကုသိုလ်၊ ကုသိုလ်ကံများရဲ့ အကျိုးပေးပုံများကို သိရှိလိုပါတယ်။ တချို့ကံတွေက အခုဘဝမှာပဲ အကျိုးပေးတယ်လို့ ပြောပြီး တချို့ကံတွေက အရင်ဘဝတွေက ပြုလုပ်ခဲ့တဲ့ အကုသိုလ်၊ ကုသိုလ်အကျိုးများကြောင့်လို့ ပြောကြပါတယ်။ ဘယ်လိုကံတွေက ဘယ်လိုအချိန်တွေမှာ အကျိုးပေးတတ်လဲဆိုတာ အနီးစပ်ဆုံး ခွဲခြားသိမြင်နိုင်အောင် ရှင်းပြပေးတော်မူပါ။
    (၃၆) ကောင်းမှုကုသိုလ်ပြု ပြီးတိုင်း ကိုယ်လိုချင်တဲ့ ဆုတောင်းခြင်းဟာ သင့်လျော်မှု ရှိပါရဲ့လား၊ ဘာကြောင့်လဲဆိုတော့ တချို့လူတွေက ပန်းလေးတစ်ပွင့် ရေလေးတစ်ခွက်လောက်သာ အလှူလုပ်ပြီးတော့ ကြီးမားတဲ့ ဆုကြီးများကို တောင်းဆိုမှုပြုတဲ့အတွက် သင့်လျော်မှု ရှိမရှိ သိလိုပါတယ်။ ဆုမတောင်းဘဲ ကောင်းမှုကုသိုလ်ပြုလုပ်ရင်ရော ကိုယ် လိုရာဆန္ဒ ပြည့်ဝနိုင်ပါသလား။
    (၃၇) အဆိုးတွေ ပျောက်အောင် ယတြာချေတယ်လို့ ပြောကြတယ်။ မတရားတာ လုပ်ြင်္ပီး ယတြာချေလိုက်ရင် အဆိုးတွေ ပျောက်သလား။
    (၃၈) ပရိတ်တော်ရဲ့ အဓိပ္ပာယ်ကို ရှင်းပြပေးတော်မူပါ။ ပရိတ်ကြီး ၁၁ သုတ်အနက် မည်သည့် ပရိတ်က မြတ်စွာဘုရားကိုယ်တိုင် မိန့်ဆိုခဲ့ပြီး မည်သည့် ပရိတ်များကတော့ တခြားသူများ စီမံထားတဲ့ ပရိတ်တော်များ ဖြစ်ပါသလဲ။

Komentáře •