Dr Nandamalabhivasa SayarKaungShimaNibanYa

Sdílet
Vložit
  • čas přidán 10. 05. 2022
  • ဆရာတော်ကြီး၏ ထေရုပတ္တိ အကျဉ်း
    - (၁၃၀၁) ခုနှစ်၊တပေါင်းလပြည့်၊ (၁၉၄၀)ခုနှစ်၊မတ်လ(၂၂)ရက်နေ့တွင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ နေ ခမည်းတော် ဦးစံလှ+မယ်တော် ဒေါ်ခင်တို့မှ ဖွားမြင်သည်။
    - (၁၃၀၅)ခုနှစ်၊(၁၉၄၄) အသက် ၅နှစ်သားအရွယ် စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ ပေါ်တော်မှုကျောင်း၊ ဆရာတော်ဦးကေလာသ(ဦးလေး ဘုန်းကြီး)ထံတွင် မြန်မာစာပေနှင့် ဗုဒ္ဓစာပေများကို စတင်သင်ကြားခဲ့သည်။
    - (၁၃၁၀)ခုနှစ်၊(၁၉၄၉)၊ဝါဆိုလဆန်း (၁၁)ရက်၊ အသက် (၁၀)နှစ်အရွယ်တွင် စစ်ကိုင်းတောင်ရိုး၊ဝိပဿနာဂန္ဓာရုံ ကျောင်းရှိ အဘိဓဇမဟာရဋ္ဌဂုရု၊ နဝမမြောက်ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြုလျက် ရှင်သာမဏေပြုခဲ့သည်။
    - (၁၃၁၄)ခုနှစ်၊(၁၉၅၃) အသက်(၁၃)နှစ်တွင် အဘိဓမ္မာစာမေးပွဲသုံးဆင့် စတင်အောင်မြင်ခဲ့သည်။
    - (၁၃၁၇)ခုနှစ်၊ (၁၉၅၆)အသက်(၁၆)နှစ်တွင် အစိုးရဓမ္မာစရိယတန်းကို ဂုဏ်ထူးကျမ်း(၂)ကျမ်းနှင့်အတူအောင်မြင်၍ သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့ရရှိခဲ့သည်။
    - (၁၃၁၉)ခုနှစ်၊ (၁၉၅၇) သာသနာလင်္ကာရ သာမဏေကျော်ဘွဲ့ကိုရရှိခဲ့သည်။
    - (၁၃၂၀)ခုနှစ်၊(၁၉၅၈) စစ်ကိုင်းမြို့ မဟာသုဗေရုံတိုက်ကိုနောင်တော်များနှင့်အတူတည်ထောင်ကာ ပဓာန စာချ၊တိုက်ကြပ်အဖြစ် အဆင့်ဆင့်တာဝန်များထမ်းဆောင်ခဲ့သည်။
    - (၁၃၂၁)ခုနှစ်၊(၁၉၆၀)ပြည့်နှစ်တွင် နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရာကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ရောက်ရှိခဲ့သည်။ နောင်တော်ရင်းဖြစ်သော ဘဒ္ဒ န္တနာရဒ ထံတွင် သဒ္ဒါ။ သင်္ဂဟဓပိဋက အခြေခံများ၊ ပထမပြန်စာမေးပွဲဆိုင်ရာ ကျမ်းစားများသင်ယူခဲ့ပြီး၊ ဇယမေဓနီ ၊ ဝါဆိုကျောင်းဆရာတော် ဘဒ္ဒ န္တ အဂ္ဃိယ (ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု) ထံဓမ္မာစရိယတန်းဆိုင်ရာ ကျမ်းစားများကို သင်ယူခဲ့သည်။ စစ်ကိုင်းမြို့ မဟာသုဗောဓာရုံ တိုက်ရှိ နောင်တော်များဖြစ်ကြသည့် နာယက၊ တိုက်အုပ်၊ တိုက်ကြပ်ဆရာတော်များထံတွင် သကျသီဟ၊ စေတိယင်္ဂဏတန်းဆိုင်ရာ ကျမ်းစာများကိုသင်ယူခဲ့သည်။ ရန်ကုန်မြို့ ဇမ္ဗူဒီပကျောင်းဆောင်တွင် တိပိဋကပါဠိ+မြန်မာအဘိဓာန်ကျမ်းပြုအဖြစ် ဆောင်ရွက်နေစဉ် ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒ န္တ ဇနကာဘိဝံသထံတွင် အင်္ဂလိပ်ဘာသာကို စတင်သင်ယူခဲ့သည်။
    - (၁၃၂၄)ခုနှစ်၊ (၁၉၆၃) ရန်ကုန်စေတိယင်္ဂဏ အဘိဝံသ ဘွဲ့ကိုရရှိခဲ့သည်။
    - (၁၃၂၅)ခုနှစ်၊ (၁၉၆၄) သာသနာဓဇဓမ္မယစရိယ ဝိနယပါဠိပါရဂူဘွဲ့ကိုရရှိခဲ့သည်။
    - (၁၃၂၅)ခုနှစ်၊ (၁၉၆၄) မန္တလေး သကျသီဟ အဘိဝံသဘွဲ့ကိုရရှိခဲ့သည်။
    - (၁၃၃၂)ခုနှစ်၊ (၁၉၇၃)မှစတင်၍ ကျမ်းစာများရေးသားပြုစုခဲ့ရာ အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ကျမ်းစာများကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။
    - (၁၃၃၉)ခုနှစ်၊ (၁၉၈၀) မှအစပြု၍ သာသနာရေးဆောင်ရွက်ချက်များ-ပထမအကြိမ်သံဃအဖွဲ့အစည်းအဆင့်ဆင့်အတွက် စစ်ကိုင်းမြို့နယ် သံဃနာယကအဖွဲ့ (ရွှေကျင်) အဖွဲ့ဝင် အဖြစ်လည်းကောင်း ၊ဓမ္မယစရိယစာမေးပွဲ အကျိုးဆောင် အဖြစ်လည်းကောင်း၊ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် (ရွှေကျင်) အဖြစ်လည်းကောင်း ၊ ပထမပြန်စာမေးပွဲပြဋ္ဌာန်းကျမ်းစာ ပြင်ဆင်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နိကာယ်စာမေးပွဲစည်းမျဉ်း စည်းကမ်းရေးဆွဲရေး အဖွဲ့ဝင်၊နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့အမှတ်(၁/၉၈) ၏ ဝိနည်းဓိုရ် ၊ပထမပြန်စာမေးပွဲကျင်းပရေး အဖွဲ့(စစ်ကိုင်း)၏ ပုစ္ဆကအဖွဲ့ ဥက္ကဌ အဖြစ်လည်းကောင်းဆောင်ရွက်ခဲ့သည်။
    - (၁၃၄၇)ခုနှစ်၊ (၁၉၈၆) အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်နှင့် အရုဏ ချယ်ပရာဒေ့ရှ်မှ ရဟန်း၊ သာမဏေ၊ ကျောင်းသားငယ်များ အားမြန်မာစာနှင့် အဘိဓမ္မာ တို့ကိုပို့ချပေးခဲ့သည်။
    - (၁၃၄၈)ခုနှစ်၊ (၁၉၈၇) သီရိလင်္ကာနိုင်ငံ၊ ဘော်ရဲလာမြို့ Y.M.B.A အသင်းတိုက်တွင် အဘိဓမ္မာကို အင်္ဂလိပ်ဘာသာဖြင့်ပို့ချပေးခဲ့သည်။
    - (၁၃၅၀)ခုနှစ်၊ (၁၉၈၉) သီရိလင်္ကာနိုင်ငံ University of Kelaniya မှ M.A (Buddhist Studies) ဘွဲ့ကိုရရှိခဲ့သည်။
    - (၁၃၅၅)ခုနှစ်၊ (၁၉၉၄) အမေရိကန်ပြည်ထောင်စု၊မေရိလင်းပြည်နယ်၊ဘိလ်ဗားစပရင်းမြို့ ၊မင်္ဂလာရာမကျောင်းတိုက်တွင် မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မာဘာသာရပ်ကိုပို့ချပေးခဲသည်။
    - (၁၃၅၇)ခုနှစ်၊ (၁၉၉၆) နိုင်ငံတော်မှ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့ကိုဆက်ကပ်ခဲ့သည်။ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ပါမောက္ခအဖြစ် ဆောင်ရွက်ကာ Department of Language Studies တွင် English Diploma Class နှင့် B.A တန်းများရှိ ဘာသာရပ်များကို လည်းကောင်း၊ အမေရိက၊ကိုရီးယား၊မက္ကဆီကို၊ဂျာမဏီ၊ပြင်သစ် စသောနိုင်ငံများမှ ကျောင်းသား/ကျောင်းသူများအား ပါဠိဘာသာ၊အဘိဓမ္မာ ဘာသာရပ်များကို လည်းကောင်းသင်ကြားပို့ချပေးခဲ့သည်။
    - (၁၃၅၈)ခုနှစ်၊ (၁၉၉၇) အမေရိကန်ပြည်ထောင်စု၊ဘော်လတီမိုးမြို့၊ကေလာသဝိဟရကျောင်းရှိ မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မ ညသင်တန်းပို့ချပေးခဲ့သည်။
    - (၁၃၆၀)ခုနှစ်၊ (၁၉၉၉) ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ သြဝါဒစရိယ ဧည့်ပါမောက္ခအဖြစ် ပြည်တွင်းပြည်ပကျောင်းသားများအား စာပေပို့ချပေးခဲ့သည်။
    - (၁၃၆၁)ခုနှစ်၊ (၂၀၀၀) နိုင်ငံတော်မှ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ကိုဆက်ကပ်ခဲ့သည်။
    - (၁၃၆၄)ခုနှစ်၊ (၂၀၀၃) အိန္ဒိယနိုင်ငံ၊ မဂဓတက္ကသိုလ်မှ Ph.D ဒေါက်တာဘွဲ့ကိုရရှိခဲ့သည်။ ထိုနှစ်မှစတင်၍ ဂျာမဏီ၊ နယ်သာလန်၊သြစတြီးယား၊အင်္ဂလန်၊ စင်္ကာပူ၊မလေးရှား၊ကိုးရီးယား နိုင်ငံများသို့ နှစ်စဉ်မပျက်ကြွရောက်၍ အဆိုပါနိုင်ငံသားများအား အဘိဓမ္မာသင်တန်းများ သင်ကြားပို့ချပေလျက်ရှိသည်။
    - (၁၃၆၇)ခုနှစ်၊ (၂၀၀၆) ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။
    - (၁၃၈၁)ခုနှစ်၊ (၂၀၂၀) နိုင်ငံတော်မှ အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့ကိုဆက်ကပ်ခဲ့သည်။
    - ယခုအခါ ဆရာတေ် သည်စစ်ကိုင်းမြို့ မဟာသုဗောဓာရုံစာသင်တိုက် ၏ပဓာနနာယကဆရာတော် တာဝန်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ပါမောက္ခချုပ်တာဝန်များကို ထမ်းဆောင်ရင်း Diploma သင်တန်းများနှင့် B.A ပ၊ဒု၊တတိယ နှစ်များတွင် စာပေပို့ချပေးတော်မူခြင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်၊အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ ပါမောက္ခချုပ် အဖြစ် တာဝန်ထမ်းဆောင်ရင်း လူသားများအကျိုးအတွက် တရားဓမ္မများဟောပြောခြင်းဖြင့် သာသနာပြုလျက်ရှိသည်။
    My videos sources
    All Myanmar Dhamma Talks are dowloading from dhammadownload.com website and www.thitsarparamisociety.com website.

Komentáře • 9

  • @khinmoeyu3703
    @khinmoeyu3703 Před 2 lety +2

    သာဓု သာဓု သာဓုပါဘုရာ🙏🙏🙏

  • @luwin6480
    @luwin6480 Před rokem +1

    🙏 သာဓုပါ 🙏 သာဓုပါ 🙏 သာဓုပါ ဘုရား ။ 🙏🌹🙏🌹🙏🌹 ဆရာတော် အရှင်မြတ်ကြီး ဘုရား 🙏🌹🙏🌹🙏🌹

  • @zarzar5578
    @zarzar5578 Před rokem

    🙏🏻🙏🏻🙏🏻 သာဓု သာဓု သာဓုပါဘုရား ကျန်းမာပါစေ ချမ်းသာပါစေဘုရား 🙏🏻🙏🏻🙏🏻

  • @luwin6480
    @luwin6480 Před rokem +1

    🙏🙏🙏🌹🙏🙏🙏🌹🙏🙏🙏🌹

  • @sallysan173
    @sallysan173 Před rokem

    သာဓုသာဓုသာဓုပါအရွင္ဘုရား

  • @hlaohnmarkhin2853
    @hlaohnmarkhin2853 Před rokem

    သာဓု သာဓု သာဓုပါဘုရား

  • @zarzar5578
    @zarzar5578 Před rokem

    🙏🏻🙏🏻🙏🏻🙇‍♀️🙇‍♀️🙇‍♀️🙏🏻🙏🏻🙏🏻

  • @panmu1971
    @panmu1971 Před rokem

    🌷🌼💓🙏🙏🙏💓🌼🌷

  • @thinnyi2194
    @thinnyi2194 Před 2 lety

    💐🙏🙏🙏🙏🙏🙏🙏🙏🙏💐