မုံရွာခရိုင်အတွင်းက PDF တပ်ရင်းတွေကျင်းပတဲ့ ၇၇ နှစ်ပြည့် အာဇာနည်နေ့

Sdílet
Vložit
  • čas přidán 5. 09. 2024
  • မုံရွာခရိုင်အတွင်းက PDF တပ်ရင်းတွေကျင်းပတဲ့ ၇၇ နှစ်ပြည့် အာဇာနည်နေ့
    မုံရွာ၊ ဇူလိုင် ၁၉၊ ၂၀၂၄။
    စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းက မုံရွာခရိုင်တပ်ရင်း ၅ Aung San Force-ASF၊ မုံရွာခရိုင်တပ်ရင်း ၉ Farmers Revolution Force နဲ့ မုံရွာခရိုင်တပ်ရင်း ၁၂ တို့က ၇၇ နှစ်ပြည့်အာဇာနည်နေ့ အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ အဲဒီတပ်ရင်းတွေဆီက သိရပါတယ်။
    မုံရွာခရိုင်တပ်ရင်း ၅ အတွင်းမှာ အာဇာနည်နေ့အခမ်းအနားကို မနက် ၁၀နာရီမှာ စတင်ပြုလုပ်ခဲ့ပြီး အာဇာနည် ၉ ဦးနဲ့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့တဲ့သူတွေနဲ့ တပ်ရင်းမှာ ကျဆုံးရဲဘော် ၅ ဦးတို့ကို အလေးပြုခဲ့တယ်လို့ ပြန်ကြားရေးတာ၀န်ခံ ရဲဘော်အောင်ဆန်းဖြိုးက ပြောပါတယ်။
    ဒါ့အပြင် မုံရွာခရိုင် တပ်ရင်း ၉ Farmers Revolution Force ကလည်း အာဇာနည်နေ့အခမ်းအနား ပြုလုပ်ခဲ့ကာ အာဇာနည်ခေါင်းဆောင်တွေနဲ့ တပ်ရင်းကကျဆုံးရဲဘော် ၂ ဦးတို့ကိုလည်း အလေးပြုခဲ့တယ်လို့လည်း တပ်ရင်းမှူး ဗိုလ်ယက္ခက ပြောပါတယ်။
    အလားတူမုံရွာ တပ်ရင်း ၁၂ ကလည်း အာဇာနည်နေ့အခမ်းအနားကို ဒေသခံပြည်သူတွေနဲ့အတူ အကျဥ်းချုံး ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒုတပ်ရင်းမှုး ကိုအောင်ဇေကပြောပါတယ်။
    ဒီနေ့ ဇူလိုင် ၁၉ မှာ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားကို မုံရွာခရိုင် တပ်ရင်း ၅၊ ၉၊ ၁၂ အပြင် မုံရွာခရိုင်တပ်ရင်း၂၊ တပ်ရင်း၃၊ တပ်ရင်း ၄ စတဲ့ တပ်ရင်းအသီးသီးမှာလည်း ကျင်းပခဲ့တယ်လို့သိရပါတယ်။
    သတင်း - မင်းခန့်၊ တည်းဖြတ် - ငြိမ်းဇော်
    #မြေလတ်အသံ
    #မုံရွာ #PDFတပ်ရင်းများ #ပြည်သူ #၇၇နှစ်မြောက် #အာဇာနည်နေ့

Komentáře • 5

  • @MoeMoe-lk7yy
    @MoeMoe-lk7yy Před měsícem +1

    သတင်မှန်တင်ဆက်ပေးတဲ့
    မြေလတ်အသံကိုကျေးဇူးအထူးတင်ပါတယ်

  • @mmt486
    @mmt486 Před měsícem +1

    ❤❤❤❤❤❤❤❤