စစ်တပ် ရက်စက်မှုကြောင့် သေဆုံးခဲ့ရတဲ့ မှတ်တမ်းရုပ်ရှင်ပညာရှင်

Sdílet
Vložit
  • čas přidán 11. 09. 2024
  • စစ်တပ် ရက်စက်မှုကြောင့် သေဆုံးခဲ့ရတဲ့ မှတ်တမ်းရုပ်ရှင်ပညာရှင်
    ……………
    မြန်မာမှတ်တမ်းရုပ်ရှင် ရိုက်ကူး၊ ဖန်တီးသူတွေကြားထဲ လူသိများထင်ရှားသူတစ်ဦးဖြစ်တဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ၊ တည်းဖြတ်သူနဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ကိုဖေမောင်စိမ်းဟာ စစ်တပ်ရဲ့ လူမဆန်တဲ့ စစ်ကြောရေးဒဏ်ကြောင့် ထောင်ကလွတ် လာပြီး ၃ရက်အကြာ ဩဂုတ်လ ၁၉ရက်နေ့က ကွယ်လွန်သွားခဲ့တာပါ။
    အခုနှစ် ဧပြီလအတွင်းမှာတော့ ကိုဖေမောင်စိမ်းဟာ လွိုင်ကျော်အကျဉ်းထောင်မှာ အရိုးတီဘီရောဂါနဲ့ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး သေသွားခဲ့ပါတယ်။ လွိုင်ကော်မြို့ စစ်ဆေးရုံမှာ ပြောင်းရွှေ့ကုသခွင့်ရခဲ့ပေမယ့် ကျန်းမာရေးအခြေအနေက ပိုမိုးဆိုးရွားလာခဲ့ပါတယ်။
    သူရဲ့ကျန်းမာရေးအခြေအနေကြောင့် လွိုင်ကော်ထောင်ကနေ ရန်ကုန်အင်းစိန်ထောင်ကို ဇူလိုင်လထဲမှာ ပြောင်းရွှေ့ခွင့်ရခဲ့ပြီး၊ အင်းစိန်ပြည်သူ့ဆေးရုံမှာ ခြေထောက်ကို သံကြိုးခတ်ပြီး၊ ရဲလုံခြုံရေးနဲ့ ဆေးကုသခဲ့ရပါတယ်။
    ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ရက်နေ့မှာ လွတ်ရက်စေ့လို့ ပြန်လွှတ်ခဲ့ပြီး ရန်ကုန်မြို့က ပုဂ္ဂလိကဆေးရုံတစ်ခုမှာ မိသားစုက ပြောင်းရွှေ့ကုသပေးခဲ့ပေမယ့် ဩဂုတ်လ ၁၉ရက်နေ့မှာတော့ အရိုးတီဘီ၊ အဆုတ်ကင်ဆာ စတဲ့ ရောဂါတွေနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
    ခန္ဓာကိုယ်အောက်ပိုင်းသေပြီး၊ ရောဂါဝေဒနာခံစားနေရပေမယ့် ကိုဖေမောင်စိမ်းဟာ ‘ဆေးရုံကဆင်းရင် အိမ်ပြန်မယ့်အကြောင်း’ ကွန်လွန်ခါနီးအချိန်ထိ ပြောသွားခဲ့တယ်လို့ ဇနီးဖြစ်သူက ပြောပြပါတယ်။
    သူရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင်တွေထဲ လွန်ခဲ့တဲ့ ၁၆နှစ်ကျော်က ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသမှာ လူတစ်သိန်းကျော်သေဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်းအကြောင်းနဲ့ မြန်မာနိုင်ငံမှာ အရှည်ဆုံးသော ဧရာဝတီမြစ်ရဲ့ အရေးပါပုံအကြောင်း မှတ်တမ်းရုပ်ရှင်တွေဟာ ထင်ရှားအောင်မြင်ခဲ့ပြီး နိုင်ငံတကာဆုတွေလည်း ရရှိခဲ့ပါတယ်။
    လူမှုပတ်ဝန်းကျင်က အဖြစ်အပျက်တွေကို မှတ်တမ်းရုပ်ရှင်အဖြစ် ဖန်တီးဖို့ အရူးအမူးစိတ်အားထက်သန်သူ ကိုဖေမောင်စိမ်းဟာ လွိုင်ကော်ထောင်ထဲမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ လှုပ်ရှားခဲ့ကြတဲ့ စာပေ၊ ကဗျာ၊ ကာတွန်းပြိုင်ပွဲတွေ ဦးဆောင်ကျင်းပခဲ့သူတွေထဲမှာ တစ်ဦးပါဝင်ပါတယ်။
    ကိုဖေမောင်စိမ်းက သူကိုယ်တိုင်လည်း ထောင်ထဲကနေ အက်ဆေးတစ်ပုဒ်ရေးခဲ့ပါတယ်။
    သူရေးခဲ့တဲ့ အက်ဆေးအကြောင်းအရာကတော့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် အကျိုးမပြုတဲ့ 'မြန်မာပေါကားရုပ်ရှင်' တွေအကြောင်းဖြစ်တယ်လို့ သူနဲ့အတူ နှစ်နှစ်နီးပါး လွိုင်ကော်ထောင်ထဲအတူဖြတ်သန်းခဲ့သူက ပြန်ပြောပြပါတယ်။
    သတင်း၊ တင်ဆက် - အောင်ခမ်း၊ စထွန်းအောင်

Komentáře • 167

  • @Mrxyz-cx7qd
    @Mrxyz-cx7qd Před 21 dnem +50

    အဖေကလည်း ပညာတတ်အကျိုးပြုကာတွန်းဆရာ သားကလည်း ပြည်သူအကျိုးပြု မှတ်တမ်းရုပ်ရှင်ဖန်တီးဆရာ ဪ လူသေလည်းနာမည်မသေ သမိုင်းလှတဲ့ လူသားတွေ

  • @naynyo4936
    @naynyo4936 Před 21 dnem +54

    လူယုတ်မာတွေကြီးစိုးနေသမျှ ဒါမျိုးတွေ ကြုံတွေ့နေရဦးမယ် ။
    ကောင်းရာ သုဂတိဘုံဘဝကိုရောက်ရှိပါစေ။

    • @dayday2253
      @dayday2253 Před 7 dny

      ကောဿဠမင်းကြီး အိပ်မက် နဲ့ လူယုတ်မာ ခေတ် ကုန်တော့မဲ့ နွေဦးတော်လှန်ရေး ပေါ်ပေါက်လာပြီလေ 21ရာစုမြန်မာ ကဗာငြိမ်းချမ်းစေရမည်...ပုံ...မောင်ဒေဝ

  • @jbmo8541
    @jbmo8541 Před 21 dnem +39

    လူယုတ်မာတွေ အာဏာရကြီးစိုးတဲ့အခါ
    လူတော် လူကောင်း ပညာရှင်တွေ ဆုံးရှူံးရတယ်😢
    မြင့်မြတ်ရာဘုံဘဝ ရောက်ရှိပါစေ
    😢

  • @SwanPyae-qs8ce
    @SwanPyae-qs8ce Před 21 dnem +22

    မိုက်ရိုင်းလိုက်တဲ့စစ်တပ်ကွာ အာ့ကြောင့်လူငယ်တွေကခွင့်မလွှတ်တာ

  • @yatyarzarday
    @yatyarzarday Před 21 dnem +44

    လူတော်လူကောင်းတွေ ပညာမဲ့စစ်တပ်ခေါင်းဆောင်တွေကြောင့်သေကြေနေရပီ

  • @yupawadi7330
    @yupawadi7330 Před 21 dnem +27

    တိုင်းပြည် မှာ အဖိုးတန် တဲ့ လူသား အရင်းအမြစ်တွေ အသက်ဆုံးရှံးရတာ ပြည်သူတစ်ယောက်အနေနဲ့ တကယ်ကို ခံစားရတယ် 😢

  • @kunglay-d6r
    @kunglay-d6r Před 21 dnem +28

    မကောင်းတဲ့တစုတဖွဲ့ကြောင့် နိုင်ငံ့ကောင်းကြိုးပြု့တဲ့ပြည်သူတွေအများကြီးအသက်ဆုံးရှုံးလိုက်ရတာ ဘာနဲ့မှလဲမရဘူး😢😢😢😢😢😢

  • @zawhtun158
    @zawhtun158 Před 21 dnem +83

    😢😢😢 ကိုဖေမောင်စိမ်း အတွက် များစွာစိတ်မကောင်းပါ။
    ဆရာကြီး ကာတွန်း ဦဖေသိန်း ရဲ့သားဆိုတာ သိရတော့ မျိုးရိုးဂုဏ် ထိမ်းသူမို့လေးစားရပါတယ်။
    ကောင်းရာသုဂတိ လားပါစေ။😢😢😢

  • @zawlin8718
    @zawlin8718 Před 21 dnem +25

    ကို ေဖ ေမာင် စီမ်း ေရ ေကာင်း ရာသုဂတိ လား ပါ ေစဗျာ။
    အစ်ကို ရဲ့ဖန်တီး မူ ေတွကို အရမ်း ေလးစားပါတယ်။

  • @zawzaw-pt9sq
    @zawzaw-pt9sq Před 21 dnem +29

    မင်္ဂလာပါ Myanmar Now
    နိုင်ငံရေးကြောင့် ကျရှုံးသွာသော ဒါရိုက်တာ ကောင်းရာရောက်ရှိပါစေဗျာ 😢😢😢

    • @user-uw6go2mt5m
      @user-uw6go2mt5m Před 20 dny +1

      နိုင်ငံရေးကြောင့်မဟုတ်ပါ
      အာဏာရူး တစ်စုနဲ့ နောက်လိုက် အသိဥာဏ်မဲ့အတ္တကြီးသူတွေကြောင့်ပါ
      နောက်တစ်ခုက ကျရှုံးတယ်ဆိုတဲ့စကားသုံးစရာမလိုပါ
      လူသေရင်တောင်နာမည်မသေမဲ့ သူရဲကောင်းတွေပါ
      လူမသေတဲ့ အရှုံးသမားတွေ အများကြီး ပါ

  • @TarYar-e9s
    @TarYar-e9s Před 21 dnem +17

    ထောင်ကပြန်လွှတ်ခဲ့တာတောင် ဘယ်နှရက်မှ မနေခဲ့ရပါလားဗျ.အလောင်းလာကောက်လို့ပြောလိုက်တာနဲ့ အတူတူပါပဲ့😢

  • @thannaingoo4297
    @thannaingoo4297 Před 21 dnem +13

    တိုင်းပြည်ကိုမချစ် ပြည်သူအ​ပေါ်မငဲ့ကြတဲ့ ကိုယ်တိုင်လဲ လူလိုမ​တွေး​ခေါ်တတ်ကြ သင့်မသင့် ​တော်မ​တော်ဆင်ခြင်​တွေး​ခေါ်န်ိုင်စွမ်းမရှိကြတဲ့ မတန်မရာ နိုင်ငံ့​ခေါင်း​ဆောင်​နေရာတက်လုပ်​နေကြတဲ့ စစ်​ခေါင်း​ဆောင်ဗိုလ်ယုတ်​တွေဟာ တတ်သိနားလည်ကြသူ အသိပညာရှင် အတတ်ပညာရှင်​တွေ ပညာတတ်လူငယ်​တွေ အနုပညာရှင်အစစ်အမှန်​တွေဆိုရင် သူတို့က အလိုလို​နေရင်းကိုမုန်းတီး​နေကြတာ ဖိနှိပ်​နေချင်​နေကြတာ ဒီလူယုတ်မာစစ်​ခေါင်း​ဆောင်​တွေ​​ကြောင့် ဒီနိုင်ငံမှာ ​သေ​ကြေပျက်ဆီးကြရတဲ့ အသိပညာရှင် အတတ်ပညာရှင် အနုပညာရှင် အ​တွေးအ​ခေါ်ရှင် နိုင်ငံ​ရေးသမား ​ကျောင်းသားပြည်သူရဟန်းရှင်လူ​တွေမနည်း​တော့ပါဘူး ဒီလိုအဖိုးတန်လူသား​တွေကို အမျိုးယုတ်စစ်မိစ်ဆာကြီးများကတန်ဖိုးမထား မ​မြှောက်စားကြတဲ့အပြင် အမြဲဖိနှိပ်ဖျက်ဆီး​နေကြ​တော့ ဒီနိုင်ငံအတွက်အလွန်နစ်နာဆုံးရှုံးရပါတယ်ဗျာ

  • @MarTin-p5s
    @MarTin-p5s Před 21 dnem +19

    ကိုယ်တွေ ငယ်ငယ်က
    အမြဲဖတ်ခဲ့တဲ့ ကာတွန်း
    ဆရာကြီးဦးဖေသိန်းရဲ့..
    သားပေါ့...
    ကောင်းရာသုဂတိလား
    ပါစေ...။

  • @aungmaung9198
    @aungmaung9198 Před 21 dnem +7

    စစ်တပ်ရဲ့ ယုတ်မာမှူ့ကြောင့် တန်ဘိုးရှိတဲ့ အနုပညာဖန်တီးရှင်တယောက် ဆုံးရှူံးလိုက်ရတာ မတန်လိုက်တာ..၊ ကောင်းမွန်ရာ ရောက်ပါစေ ကိုဖေမောင်စိမ်း..
    မိသားစုနဲ့ ထပ်တူညီမျှ ဝမ်းနည်းကြေကွဲရပါတယ် ဗျာ..😢

  • @chesealvely4875
    @chesealvely4875 Před 21 dnem +46

    ကောင်းရာသုဂတိ ရောက်ပါစေ
    စစ်ခွေးတိရစ္ဆာန် များအားလုံး
    အမြန်ဆုံး မျိုးပြုတ်ပါစေ

  • @pokhokhanhto3635
    @pokhokhanhto3635 Před 21 dnem +8

    ဦးညွှတ်အ​လေးပြုပါတယ်ဗျာ ​ကောင်းရာသုကတိလားပါ​စေ

  • @BlueSky-by6pt
    @BlueSky-by6pt Před 21 dnem +6

    😢လူယုတ်မာတွေကြောင့် လူတော် တွေဆုံးရူံးရတယ်😢 ကောင်းရာသုဂတိလားပါစေ ကိုစိမ်း

  • @user-xz5rg4lr9w
    @user-xz5rg4lr9w Před 21 dnem +15

    ကျုပ်တို့နိုင်ငံက လူတော်လူတတ်တွေ မနေနိုင်တဲနိုင်ငံပါဗျာ ။

  • @ChitOoKhin-vv4qu
    @ChitOoKhin-vv4qu Před 21 dnem +15

    လောကကြီးကလူကောင်းတွေခေါ်ပြီလူယုတ်မာမ​အလကြီးကိုငါတို့နဲ့ထားခဲ့တယ်😢

  • @leoleo5704
    @leoleo5704 Před 21 dnem +26

    ကိုဖေမောင်စိမ်းကို မြင်ရတာ ရေမွန်ကိုပါ ပိုသတိရသွားတာအမှန်။
    ရုပ်ချင်းဆင်သလို ခံစားမိလို့😢😢😢😢😢

  • @sansan1234-ig9jm
    @sansan1234-ig9jm Před 21 dnem +19

    စစ်အာဏာရှင်တွေရဲ့ရက်စက်မှု့တွေ ဘယ်တော့မှမမေ့ကြေး သွေးမအေးကြေးနော်

  • @ThanHtikeSaan
    @ThanHtikeSaan Před 21 dnem +17

    အဲ့လိုတွေ မြင်ရတွေ့ရတဲ့အခါ ဝဋ်ကြွေးတို့ တူညီသောအကျိုးခံစားရတယ်တို့. ဆိုတဲ့စကားတွေကို မေးကြည့်ခြင်လာတယ် စစ်အာဏာရူးအဆက်ဆက်အတွက် ဝဋ်ကြွေးက ဘယ်မှာလဲ တူညီစွာတန်ပြန်ခံစားရမှု့က ဘယ်မှာလဲ နောင်ဘဝလို့ ဆိုလျင်တော့ ဖျင်သာခံလိုက်ပါတော့

    • @yarzar6560
      @yarzar6560 Před 21 dnem +4

      အကြိုက်ဆုံး မန့်ပဲ Bro

    • @Myominhtut1910
      @Myominhtut1910 Před 16 dny +1

      Karma ကသူတို့အပေါ်မှာမသက်ရောက်ဘူးလို့တောင်ထင်မိတဲ့အထိပါဘဲဗျာ တစ်ကယ်သက်‌ဆိုးရှည်တဲ့ ‌မအေးလိုးတွေ

  • @user-pf2fy3qx7z
    @user-pf2fy3qx7z Před 21 dnem +14

    ရင်နာစရာ နောက်ဘဝတွေအေးချမ်းတဲ့ဘုံရပါစေ

  • @YeeyeeYeeyee-mr5si
    @YeeyeeYeeyee-mr5si Před 21 dnem +17

    ရင်နာဘို့အကောင်းဆုံးမို့ဝမ်းနည်းရပါတယ်😢😢😢😢😢

  • @user-lk8wd2os5e
    @user-lk8wd2os5e Před 21 dnem +15

    လူကိုခွေးကိုက်လို့လူကောင်းတစ်‌ေယာက်ဆုံးရုံးပြန်ပြီရင်နာတယ်ကွာ

  • @khinsawwin1458
    @khinsawwin1458 Před 21 dnem +6

    အရမ်းလေးစားမိပါတယ်။
    မိသားစုနဲ့ထပ်တူထပ်မျှခံစားမိပါတယ်။ မြင့်မြတ်သောဘုံဘဝကို ‌ရောက်ရှိပါစေ🙏🙏🙏

  • @htetgyi6214
    @htetgyi6214 Před 21 dnem +17

    သေမင်းက အလွန်းကိုမှ အကောင်းကြိုက်လွန်တယ်ဗျာ😢😢😢

  • @TINTIN-rl1es
    @TINTIN-rl1es Před 21 dnem +8

    လူ​တော်တ​ယောက်ဆုံးရှူံလိုက်ရပြီ ​ခွေး​တွေ​ကြောင့်

  • @niniko5936
    @niniko5936 Před 21 dnem +4

    ကောင်းရာသုဂတိလားပါစေဆရာ 🙏🙏🙏မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်

  • @dawmyintmyintcho2614
    @dawmyintmyintcho2614 Před 21 dnem +4

    ဝဋ်​ကြွေး​တွေဒီဘဝနဲ့​ကြေပါ​စေပညာရှင်တစ်​ယောက်နှ​မြောမိပါတယ်😢😢😢

  • @winelay4438
    @winelay4438 Před 21 dnem +3

    ကောင်းရာသုဂတိလားပါစေ မိသားစုနှင့်ထပ်တူဝမ်းနဲကြေကွဲရပါတယ်

  • @sandarwin5399
    @sandarwin5399 Před 21 dnem +5

    ကောင်းရာသုဂတိ ရောက်ပါစေ

  • @ConfusedFlowerPot-nk5xt
    @ConfusedFlowerPot-nk5xt Před 20 dny +3

    လူတော်လူကောင်းတွေဟာ လူယုတ်မာပညာမတက်တဲ့ စခ ရခ တွေကြောင့်ကြွေလင့်နေကြထှာ ရင်နာစရာပါ😢😢😢

  • @aungsannwin3512
    @aungsannwin3512 Před 21 dnem +3

    လူတွေကိုစစ်ခွေးရဲခွေးတွေကိုက်သတ်တာတော်တော်များနေပြီ
    လုံးဝ(လုံးဝ)ခွင့်လွတ်လို့မရတဲ့ထဲမှာစစ်ကြောရေးနှင့်အကျဉ်ဦးစီကောင်လည်းပါတယ်

  • @aungmyolwin-dj1pq
    @aungmyolwin-dj1pq Před 21 dnem +4

    ကောင်းရာဘုံဘဝရောက်ပါစေ😢😢😢😢😢😢😢

  • @kyikyi3327
    @kyikyi3327 Před 20 dny +2

    ကိုဖေမောင်စိမ်းကောင်းရာသုဂတိ လားပါစေ

  • @nawaratviboonsang8805
    @nawaratviboonsang8805 Před 21 dnem +4

    အရည်အချင်းရှိသူတယောက်ဆုံးရှုံးရတာလုံးဝစိတ်မကောင်းပါ။😢😢😢

  • @sama0313
    @sama0313 Před 21 dnem +6

    ခွေးသူတောင်းစားစစ်တပ် အမြန်ဆုံး ကျရှုံးပါစေ ခွေး မအလ တူတောအကျိုး များများေပးပါစေ

  • @deenana9216
    @deenana9216 Před 21 dnem +4

    ဒီ စစ်မိစ္ဆာ အာဏာ ရှိနေသရွေ့ တော့ လာဦးမာ 😢

  • @ngeinchan-c2h
    @ngeinchan-c2h Před 21 dnem +5

    ကြားရလေလေ ခွေးတွေ အသေဆိုးတာပဲ မြင်ချင်လေလေပဲ
    မအလ ဘောဆွဲတွေရေ

  • @musicman7187
    @musicman7187 Před 18 dny +1

    ❤❤❤🙏🙏🙏ကောင်းရာသုဂတိလားပါစေဦးလေး

  • @mgmgkoko5903
    @mgmgkoko5903 Před 21 dnem +7

    မအလဖက်စစ်စစ်ခွေးသူပုန်အကြမ်းဖက်ထွီး

  • @user-ps8lo7nq4d
    @user-ps8lo7nq4d Před 21 dnem +4

    ကောင်းရာဘုံဘဝရောက်ပါစေ။❤

  • @khinmohmohoo5520
    @khinmohmohoo5520 Před 21 dnem +4

    ကောင်းရာသုဂတိရောက်ပါစေကိုစိမ်း😢

  • @chitmaymay7887
    @chitmaymay7887 Před 21 dnem +3

    ကောင်းရာဘုံဘဝရောက်ပါစေ

  • @chitchitmg-v1n
    @chitchitmg-v1n Před 21 dnem +2

    ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီးနောက်ပိုငး်ခေတ်အဆက်ဆက်ဟာ နိူင်ငံချစ်စိတ်သူရဲကောင်းစိတ်ရှိသူတိုင်းပညာကြွယ်ဝသူတိုင်းအဖိနှိပ်အလုပ်ကြံခံနေရတာတွေမြင်ရတော​့ 😢😢😢

  • @nangayechel1719
    @nangayechel1719 Před 17 dny

    ဘုရား ဘုရား

  • @maymoe9841
    @maymoe9841 Před 21 dnem +3

    တိုင်းပြည်ကောင်းကျိုးပြုနေတဲ့
    တန်ဘိုးရှိသူတွေကို
    လောကကြီးကထွက်သွားစေခဲ့တဲ့
    စစ်မိစ္ဆာ အာဏာရူးတွေ
    ဘဝအဆက်ဆက်
    တစ်ဦးချင်းစီရဲ့ ဝဋ်ဒုက္ခတွေ
    မလွဲမသွေ တန်ပြန်ခံစားကြရပါစေသား

  • @maymoe9841
    @maymoe9841 Před 21 dnem +2

    ကောင်းရာဘုံဘဝရောက်ရှိပါစေ
    စစ်ခွေးအာဏာရူးအားလုံး
    အမြန်ဆုံးကျဆုံးပါစေ

  • @user-ni4di7mc1e
    @user-ni4di7mc1e Před 21 dnem +3

    ကောင်းမွန်သော ဘုံဘဝ ရရှိပါစေ။

  • @maychit-yo9vc
    @maychit-yo9vc Před 21 dnem +2

    ရင်ထဲမကောင်းလိုက်တာကြားရတာမိ့သားစုနဲ့အတူထပ်တူခံစားရပါတယ် ကောင်ရာမွန်ရာရောက်ပါစေလိုစုတောင်းပေးပါတယ်

  • @NovemberThazin
    @NovemberThazin Před 21 dnem +2

    ကောင်းရာသုဂတိလားပါစေဆရာ

  • @nwaymoeaung9544
    @nwaymoeaung9544 Před 21 dnem +3

    မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ် 😥

  • @user-gs2qm5oh7z
    @user-gs2qm5oh7z Před 17 dny

    တန်ဖိုးကိုသိမှ တန်ဖိုးကိုနားလည်တာ တိုင်းပြည်အတွက်တန်ဖိုးမဖြတ်နိုင်အောင် ဖြစ်ရပါတယ် သနားစရာ

  • @myooo7262
    @myooo7262 Před 21 dnem +3

    စိတ်မကောငိးစရာပါဘဲ😢😢😢

  • @toptenyangon
    @toptenyangon Před 21 dnem +6

    ေခွးတသိုက်မင်းတို အလဲ့လာပါပိ😢😢😢😢😢😢😢😢

    • @mamay8698
      @mamay8698 Před 21 dnem +1

      အမှန်ပေါ့

  • @KhinKhinOhn-kf3nc
    @KhinKhinOhn-kf3nc Před 21 dnem +1

    ​ကောင်းရာဘုံဘဝ​ရောက်ပါ​စေ

  • @user-et6hs2xu8v
    @user-et6hs2xu8v Před 21 dnem +1

    🎉🎉😢 ကောင်းရာဘုံဘဝသိူ့ရောက်ပါစေ 😢🎉🎉

  • @user-nh9ux6yg5y
    @user-nh9ux6yg5y Před 21 dnem +1

    ​ေဩာ် ဆရာကြီး ဦးဖေသိန်း ရဲ့သားပေပဲကိုးး 😓😓😓

  • @khinsoe5759
    @khinsoe5759 Před 21 dnem

    ကောင်းရာမွန်ရာရောက်ပါစေ။
    ဖြစ်လေရာ၊ဘဝတိုင်းမှာခုလိုမအေလိုးစစ်အာဏာရှင်များနဲ့မကြုံဆုံရပါစေနဲ့။

  • @HtetAungSoe-h5o
    @HtetAungSoe-h5o Před 20 dny

    လေးစားပါတယ်ဗျ။ ❤❤🎉🎉🎉

  • @htayaungwin325
    @htayaungwin325 Před 17 dny

    ဖြစ်ရလေ
    ဖြစ်ရလေ။။။လူကိုခွေးသတ်ထာခံရထာ။။
    လူ့အဖိုးတန်အရင်းမြစ်တွေကိုဖျက်ဆီးခံရထာပါ။။
    ရဲဘော်ဖေမောင်စိမ်းရေ၊၊ ကျမတို့ပြုသမျကုသိုလ်များအားလုံးပေးပါတယ်ရှင်။။ပြည်သစ်မှာရဲဘော်တို့ကူညီဘို့ပြန်လာခဲ့ကြပါနော်။။။ရင်ထဲထိခိုက်လိုက်ထာ😢😢😢😢

  • @user-vr8el1qw7v
    @user-vr8el1qw7v Před 20 dny

    ကောင်းရာသုကတိလားပါစေ😢😢😢

  • @nkyaw7750
    @nkyaw7750 Před 7 dny

    လူတော်လူကောင်းတွေကို တော်တော်များများ ဆုံးရှုံးနေရပြီ 😢

  • @fakeusertas721
    @fakeusertas721 Před 21 dnem +2

    Money has four legs (ခြေလေးချောင်း) ဇာတ်ကားကြည်ချင်လို ညွန်းပေးကျပါအုန်း

  • @htayaungwin325
    @htayaungwin325 Před 17 dny

    ရဲဘော်ဖေမောင်စိမ်းရေ
    မပြီးဆုံးတဲ့အလုပ်တွေအများကြီးနဲ့အတူဆင်းရဲတွင်းဆုံးဒုက္ခ​တောထဲမှာကျန်ခဲ့တဲ့နိုင်ငံအတွက်စိတ်မချနောက်ဆံတင်းနေထာမို့အမြန်ပြန်လာခဲ့ပါနော်။။။

  • @UMawHtay
    @UMawHtay Před 20 dny

    နေ့စဥ် အကုသိုလ်အကောင်တွေကြောင့် တိုင်းပြည်အတော်နာနေပြီ ကျသတုန်းနိုင်ငံဖြစ်နေပြီ
    အကုသ်ိုတွေ အမြန်ပျက်စီးပါစေ

  • @user-mv8ie8hf8p
    @user-mv8ie8hf8p Před 17 dny

    ဒီစစ်ခွေးတွေကဘယ်အနုပညာရှင်ဟာကလောင်ထက်တယ် သူတို့လုပ်ကွက်တွေရုပ်လုံးရုပ်ကွက်ချပြဖော်ပြနိုင်တယ်ထင်ရင် ခုလိုဘဲးလုပ်နေကျဘဲးခုမှမဟုတ်ရှေ့မှာတွေလဲးအများကြီးရှိခဲ့ပြီ😢😢😢😢မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်ကိုကြီးစိန်ရေ🖐

  • @user-bc6ns3js7n
    @user-bc6ns3js7n Před 21 dnem +1

    ပညာရှိပညာတတ်တွေကိုဖမ်းဆီးသတ်ဖြတ်တဲ့ စစ်ခွေးတပ် အရူံးကြီးရူံး တာ မဆန်းပါဘူးလေ

  • @user-be6ns6fu3n
    @user-be6ns6fu3n Před 21 dnem

    အားပေးလျက်ပါ မြန်မာနောင်ရေ မျှဝေတာ ကျေးဇူးအထူးပါနော် ကြားရတာစိတိမကောင်းလိုက့်တာ မှတ်တမ်းဓာတ်ပုံဆရာကို အဲ့လောက့်နှိပ်စက်စရာလို့လာဗျာ့😭😭😭⭐⭐🤘🤘ဆရာကောင်းရာဘုံဘဝ ရောက်ပါစေ အေးချမ်းစွာ အနားယူနိုင်ပါစေ 🙏🙏🙏⭐🤘🌷🌹💐မျိုးရိုးက အထက်တန်းစားတွေ အလေးနီပြုပါတယ် ဆရာရေ မျက်ရည်မဆယ်နိုင်အောင်ဖြစ်ရပါတယ်😭😭😭💞💞💝💝

  • @user-ol6gi3yk8w
    @user-ol6gi3yk8w Před 20 dny

    မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်

  • @user-lr8tx1qj9b
    @user-lr8tx1qj9b Před 14 dny

    လူတော်တွေကိုသတ်တဲ့နိုင်ငံမှာလူလာဖြစ်နေရတဲ့ငါတို့ဘ၀ပဲ ခလေးတွေpdfထဲအလုံးအရင်း၀င်သွားတာလည်းမဆန်းပါဖူးလေ အနာဂတ်ပျောက်သွားတာကိုး စစ်ကောင်စီရဲ့အကြီးမားဆုံးအားနည်းချက်ကတော့ မျိုးဆက်သစ်တွေကိုအထင်သေးတာပဲ အာ့မျိုးဆက်သစ်တွေကြောင့်ပဲ မင်းတို့ရဲ့ယန္တရားပျက်စီးလိမ့်မယ်

  • @SanSanMaw-cj8ql
    @SanSanMaw-cj8ql Před 21 dnem

    😢နာကျင်ကြေကွဲလျက် တူသောအကျိုး ဆတိုးအမြန်ရကြပါစေ

  • @user-qy9bf9pn2e
    @user-qy9bf9pn2e Před 20 dny

    THE COMRADE OF THE TRUTH.

  • @linlin2825
    @linlin2825 Před 21 dnem +1

    ပေးဆပ်ရတာတွေက
    ရင်ထဲကိုနင့်လို့😊

  • @NiNiCHO-nf2jw
    @NiNiCHO-nf2jw Před 20 dny

    ကောင်းရာဘုံဘဝရောက်ပါစေ
    လေးစားပါတယ်သားလေး

  • @user-xt8yg1hu2v
    @user-xt8yg1hu2v Před 21 dnem +1

    လေးစားဂုဏ်ယူအထူးဝမ်းနည်းကြေကွဲရပါတယ်။

  • @thinthinkhang3277
    @thinthinkhang3277 Před 20 dny

    ❤မိသာစုနဲ့ထပ်တူဝမ်နည်ရပါတယ်

  • @HtetKyawKhant143
    @HtetKyawKhant143 Před 20 dny

    Myanmar nowဝိုင်းတော်သားတွေ လေးစားပါတယ်

  • @Nilar-v6b
    @Nilar-v6b Před 20 dny

    စိတ်ထိခိုက်ရပါတယ်

  • @KoKo-z6t4t
    @KoKo-z6t4t Před 21 dnem

    ကောင်းရာသုဂတိရောက်ပါစေဗျာ

  • @AungKyawThuAungKyawThu-wp2jb

    🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉

  • @KKKKKK-tu7bb
    @KKKKKK-tu7bb Před 13 dny

    🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

  • @aungmobile3826
    @aungmobile3826 Před 20 dny

    ကိုယ်ပိုင်နံပါတ်ဘယ်လောက်လဲ

  • @user-rh9xx6uy1z
    @user-rh9xx6uy1z Před 21 dnem

    ကျေးဇူးပါMN🎉🎉🎉❤❤❤❤❤❤❤❤❤❤❤😢

  • @HtetKyawKhant143
    @HtetKyawKhant143 Před 20 dny

    rest in peace sir. မြန်မာပြည်မှာ လူတော်တွေအတွက်နေရာမရှိပါ။

  • @nansoesoehtwe4058
    @nansoesoehtwe4058 Před 21 dnem +1

    ❤🙏🙏🙏😔

  • @koaung253
    @koaung253 Před 17 dny

    😢so sorry

  • @PoPo-h8p
    @PoPo-h8p Před 20 dny

    RIP son.

  • @uaungnaingAung-in3ck
    @uaungnaingAung-in3ck Před 12 dny

    Kmkl မင်းအောင်လိူင်
    Kmkl စစ်ခွေးတွေ
    Kmkl ဘောမသူ ဘောမသားတွေ သေချင်းဆိုးနဲ့ အမြန်သေကြပါစေ

  • @aungoo7955
    @aungoo7955 Před 20 dny

    😢😢😢

  • @teekyee6927
    @teekyee6927 Před 21 dnem

    တကယ့်လူ​တော်​တွေ နှ​မြောစရာ​ကောင်းလိုက်တာ၊ စစ်​ခွေး​တွေ ယုတ်မာလိုက်ကြတာ၊

  • @Aung416
    @Aung416 Před 20 dny

    😢😢😢😢😢

  • @user-vs4lz7zk5i
    @user-vs4lz7zk5i Před 20 dny

    😢😢😢😢😢😢😢😢😢😢😢

  • @MinThein-cq8bc
    @MinThein-cq8bc Před 20 dny

    😢😢😢😢😢😢😢

  • @YeeyeeYeeyee-mr5si
    @YeeyeeYeeyee-mr5si Před 21 dnem +1

    😢

  • @AungmyoOo-v9c
    @AungmyoOo-v9c Před 21 dnem +1

    😢😢😢😢

  • @MoeKyaw-v3j
    @MoeKyaw-v3j Před 21 dnem +1

    Rest In Peace

  • @phoethar20243
    @phoethar20243 Před 21 dnem

    စစ်ခွေးကိုအားပေးသူရောထောက်ခံသူရော အရှင်ဆို ဒုက္ခိတ အသေဆို ပုပ်ပွတဲ့ထိ ပြန်လည် လက်ဆောင်ပေးရမယ်

  • @auntywinwin4603
    @auntywinwin4603 Před 21 dnem

    7:30