ဗောဇ္ဈင်္ဂသုတ် အနှစ်ချုပ် - ဒေါက်တာနန္ဒမာလာဘိဝံသ

Sdílet
Vložit
  • čas přidán 10. 09. 2024
  • ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ တွေကို စိတ်ကလေးနဲ့ စောင့်ကြည့်နေတာဟာ သတိသံဗောဇ္ဈင်္ဂကို လေ့ကျင့်ပေးနေတာပဲလို့ ဆိုပါတယ်။
    သတိထားလိုက်တာနဲ့ တရားဓမ္မတွေပေါ်မှာ စူးစမ်းဆင်ခြင်လေ့လာတာတွေ လုပ်တတ်လာက ဓမ္မဝိဇယသံဗောဇ္ဈင်္ဂလို့ ဆိုပါတယ်။
    စူးစမ်းဆင်ခြင်ဖို့ ကြိုးပမ်းအားထုတ်မှုလေးဖြစ်ပေါ်လာတာက ဝီရိယသံဗောဇ္ဈင်္ဂလို့ ဆိုပါတယ်။
    ကြိုးပမ်းအားထုတ်လို့ တရားဓမ္မနဲ့ ပတ်သက်ပြီး ထူးခြားမှုလေးတွေဖြစ်လာတဲ့အခါ ပီတိတွေဖြစ်ပေါ်လာတယ်။ ဒါကို ပီတိသံဗောဇ္ဈင်္ဂလို့ ဆိုပါတယ်။
    ပီတိဖြစ်လာတဲ့အခါ ကိုယ်ရော၊ စိတ်ရော ငြိမ်းချမ်းလာတယ် ဒါကို ပဿတိသံဗောဇ္ဈင်္ဂလို့ ဆိုပါတယ်။
    ကိုယ်စိတ်ငြိမ်းချမ်းလာတဲ့အခါ စိတ်ကလေးက ငြိမ်လာတဲ့အခါ သမာဓိဖြစ်လာတယ် ဒါကို သမာဓိသံဗောဇ္ဈင်္ဂလို့ ဆိုပါတယ်။
    စိတ်ကလေးငြိမ်လာပြီဆိုရင် သဘာဝတရားတွေဟာ ဆိုင်ရာဆိုင်ရာ သူ့ကိစ္စတွေကို ဟန်ချက်ညီညီ ဆောင်ရွက်သွားကြတယ် ဒါကို ဥပေက္ခာသံဗောဇ္ဈင်္ဂလို့ ဆိုပါတယ်။
    ဒီလို မိမိတို့သဏ္ဍန်မှာ ဗောဇ္ဈင်္ဂ ၇ ပါးကို လေ့ကျင့်ပျိုးထောင်ပေးမှ အသိဉာဏ်ထူးတွေ ဖြစ်ပေါ်လာမှာ ဖြစ်တယ်လို့ ဆရာတော်က မိန့်ကြားထားပါတယ်။
    #သောတာပန်
    #နန္ဒမာလာဘိဝံသ
    #DhammaEdu_နန္ဒမာလာဘိဝံသ

Komentáře • 51