ကိုရဲလွင် (မဇ္ဈိမလှိုင်း) ပြောတဲ့ ခင်ဝမ်းနဲ့ "ပန်းခရမ်းပြာ"

Sdílet
Vložit
  • čas přidán 10. 09. 2024
  • "ခရမ်းပြာ"ဆိုတာ တကယ်တော့ အဆောင်နာမည် မဟုတ်ဘူး။ အဆောင်နာမည်က တစ်ခု။ နယ်ကနေ ကျောင်းလာတက်တဲ့ လူငယ်တစ်ယောက်က လဘက်ရည်ဆိုင်လေး လာဖွင့်တယ်။ "ခရမ်းပြာ"ဆိုပြီး နာမည်ပေးလိုက်တယ်။ လူငယ်တွေ ပါးစပ်ဖျားမှာ ခရမ်းပြာကို သွားမယ်ဆိုပြီး နာမည်တွင်သွားတယ်။ အဆောင်ကလည်း "ခရမ်းပြာ"ဆိုတဲ့နာမည် ဖြစ်လာတယ်။ လဘက်ရည်ဆိုင်ကို ခဏလေးပဲ ဖွင့်လိုက်ရတယ်။ ဝိုင်းလုပ်၊ ဝိုင်းစားလုပ်ရင်းနဲ့ ဆိုင်က ပြုတ်သွားတယ်။ ဒါပေမယ့် "ခရမ်းပြာ" ဆိုတဲ့ နာမည်ကတော့ ကျန်ရစ်တယ်။
    " ပန်းခရမ်းပြာ " သီချင်းက အဆောင်နဲ့ ပတ်သက်တဲ့ ခံစားမှုလေးပါ။ နာမည်ကလည်း "ပန်းခရမ်းပြာ"။ သူ့ရဲ့သဘာဝအတိုင်းလေးပါပဲ။ အဆောင်မှာ နေဝင်တဲ့အချိန်လေးကို ကြည့်ရင်းနဲ့ ရေးဖြစ်သွားတာပါ။ သီချင်းမှာ ဗေဒါဆိုတာ ပါတယ်။ ဆရာဇော်ဂျီရဲ့ ဗေဒါကိုလည်း ခံစားခဲ့တော့ ခရမ်းပြာဆိုတဲ့ ဗေဒါကိုပဲ ခံစားရေးဖွဲ့လိုက်တာပါ။ ဒီမြင်ကွင်းလေးကတော့ ကိုယ့်စိတ်ကူးနဲ့ ဖန်တီးလိုက်တာလည်း ပါတာပေါ့လေ။
    ကိုခင်ဝမ်းအသံက ကျွန်တော်တို့ကြိုက်တဲ့ အသံပါ။ သူ့အသံက sweet ဖြစ်တယ်။ သူက စိုင်းထီးဆိုင် နာမည်ကြီးချိန် ပေါ်လာတာ။ ထီးဆိုင်ရဲ့ flow မျိုးနဲ့ သွားဆိုရင် သူအောင်မြင်မှာ မဟုတ်ပါဘူး။ ထီးဆိုင် အောင်မြင်နေချိန် သူဖြစ်လာတာဟာ ဘာပဲဖြစ်ဖြစ် သူ့မှာ ကိုယ်ပိုင်ဟန် ရှိလို့ပါ ။
    သူ့သီချင်းတွေကို ကျွန်တော်တို့က ကဗျာလို့ပဲ မြင်တယ်။
    - ကိုရဲလွင် ( မဇ္စျိမလှိုင်း )

Komentáře • 17