Oak Aw Podcast : “မြို့ပြညရဲ့ သူရဲကောင်းများ”

Sdílet
Vložit
  • čas přidán 28. 07. 2023
  • မင်္ဂလာပါ..🕊️
    အပတ်စဉ် စနေနေ့တိုင်း တင်ဆက်နေကြဖြစ်တဲ့ “Oak Aw Podcast” ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
    ဒီတစ်ပတ်ဆွေးနွေးမယ့် ခေါင်းစဉ်ကတော့ :
    📌 “မြို့ပြညရဲ့ သူရဲကောင်းများ” ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။
    ဒီနေ့ ည ဥဩမှာ ပါဝင်ဆွေးနွေးကြမယ့် သူများကတော့ -
    • ဒေါက်တာဖြိုးသီဟ
    • ကိုဝေယံ
    • ကိုဇင်မျိုး
    • ကိုနေလင်း
    တို့ပဲဖြစ်ပါတယ်။ ရင်ထဲ နက်နက်နဲနဲ ခံစားရတဲ့ အခိုက်တံ့၊ တော်လှန်ရေးမှာ ဒီလိုမတန်တဆ ပေးဆပ်မှူတွေ၊ ဖြူစင်စွာ ရယူလိုမှူကင်းတဲ့ စိတ်စေတနာတွေဟာ ရင်ကိုပြင်းပြင်းရှရှ ခံစားရစေတဲ့ အခိုက်တံ့တွေပါ။ အသံသွင်းရင်း မျက်ရည်တွေလဲ ကျခဲ့ရပါတယ်။
    သေချာတာတော့ ဥဩမှာ ပါဝင်သူတိုင်းရော၊ နားထောင်သူတိုင်းရော အတူတူထိုင်ပြီး ပြောနေကြရတယ်လို့ ခံစားမိကြစေတာပါပဲ။ အပတ်စဉ် “Stress Relief” အဖြစ် အကြောင်းရာစုံကို ဥဩမှာ နားဆင်ကြရမှာပဲဖြစ်ပါတယ်။
    ဥဩကို အပတ်စဉ် စနေနေ့တိုင်းမှာ #WeSupportMM ယူကျုချန်နယ်၊ မမများနဲ့ ပွဲကမယ် Facebook Page၊ မမပရောဂျက်၏ နိုင်ငံတကာမှ ကိုယ်စားလှယ်ကြီးများ၏ ပေ့ချ်များ၊ ပြည်သူ့မီဒီယာ Facebook Pages မှတဆင့် နားဆင်အားပေးနိုင်ကြပါပြီ။
    #OakAwPodcast 🕊️
    #တော်လှန်ရေးကြီးပြီးသွားတဲ့အခါ
    #WeSupportMM
    #မမများနဲ့ပွဲကမယ် 💃🏻💃🏻
    ▪️▪️▪️▪️▪️▪️▪️▪️
    ခုတစ်ပတ် အသံသွင်းစဉ်က ရဲဘော် (၃) ဦးရဲ့ လေးစားစရာစိတ်ဓါတ်၊ ခံယူချက်နဲ့ ဆုံးဖြတ်ချက်တွေအပေါ် လေးစားစိတ်၊ တန်ဖိုးထားစိတ်များနဲ့ ဆရာဖြိုးကို ဆောင်းပါးရေးဖို့ တောင်းဆိုမိသလို ဆရာဖြိုးကိုယ်တိုင်လဲ အဲ့နေ့ညက ရေးခဲ့တဲ့ဆောင်းပါးလေးပါ။
    🕊️🕊️🕊️🕊️🕊️
    ဥဩ Podcast အတွက် ​မြေပြင်က ရဲ​ဘော် ညီငယ် ၃ ​ယောက်နဲ့ ​အသံသွင်းဖြစ်တယ်။
    ​တော်လှန်​ရေးပြီးရင် ဘာလုပ်ကြမယ် ​တွေးထားလဲ၊ အနာဂတ်အိပ်မက်​လေး​တွေ ​ပြောပါဆို​တော့ -
    တစ်​ယောက်က ဧရာဝတီတိုင်းမှာ တွင်ခံလုပ်ငန်းလုပ်တာ၊ အဲဒါ​လေး ပြန်လုပ်မယ်တဲ့။ ကိုယ့်​ကြောင့် ကိုယ်ချစ်ရသူ​တွေ စိတ်ဆင်းရဲခဲ့ရတာများလို့ အတိုးချပြီး ပြန်လုပ်​ပေးမယ်တဲ့။
    ​နောက်တစ်​ယောက်က အ​မေနဲ့ ညီမ​လေးကို အိမ်ပိုင်​​လေးနဲ့ ထားချင်တယ်တဲ့။ သူက ထိခိုက်ဒဏ်ရာ ရထားလို့ ထမင်း​တောင် သူ့ဟာသူ မစားနိုင်​တော့တဲ့သူ။ အလုပ်ပြန်လုပ်ဖို့ သိပ်မလွယ်လို့ အိမ်ဆိုင်​လေး ဖွင့်မယ်တဲ့။
    ​​နောက်ဆုံးတစ်​ယောက်က​တော့ ခု CZcams က​နေ ဟင်းချက်တဲ့ ဗီဒီယို​လေး​​တွေ ကြည့်ကြည့်ထားတယ်။ ​နောင်ကျ ထမင်းဆိုင်​လေး ဖွင့်မလို့တဲ့။
    ရိုးရှင်းလိုက်တာ။ ဒါ ​တော်လှန်​ရေးမှာ မိသားစုတင်မက ကိုယ့်အသက်ကိုပါ ထည့်မစဥ်းစားဘဲ ပါဝင်​နေတဲ့ လူငယ်​တွေရဲ့ အနာဂတ်စိတ်ကူးတဲ့လား။ ရယူပိုင်ဆိုင်လိုတာ ဘာတစ်ခုမှ မရှိဘူး။ ဘယ်သူဘယ်ဝါရယ်​တောင် ဘယ်သူကမှ သိပ်သိကြတာ မဟုတ်ဘူး။
    ​တော်လှန်​ရေးကို အသုံးချပြီး ​နေရာယူလိုသူ​တွေ၊ အာဏာယူလိုသူ​တွေ၊ နာမည်တည်​ဆောက်လိုသူ​တွေ ရှက်တတ်ရင် လဲ​သေဖို့​တောင် ​ကောင်းတယ်။
    ဒီကာလပြီးသွားလည်း ကျ​နော်တို့တာဝန် မပြီး​သေးဘူး​နော်။ ဒီလိုလူငယ်​တွေအတွက် အများကြီး ကူကြရလိမ့်ဦးမယ်။ ​နောက်ကျ​နေတဲ့ ပညာ​ရေး၊ အသက်​မွေးဝမ်း​ကျောင်း အတတ်ပညာကစလို့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ​တွေအထိ​ပေါ့။
    (အဲဒီကျမှ တချို့​တွေ Myanmar Celebrity တို့ ဘာတို့ကို ​ခေါ်လာပြီး Personal Branding လုပ်ကြဦးမှာလည်း မြင်​ယောင်​သေးတယ်။)
    အဆုံးမှာ​တော့ ကျ​နော်လည်း ​ပြောလိုက်ပါတယ်။ ကို - - ရဲ့ တွင်ခုံလုပ်ငန်းလည်း လာ​လေ့လာမယ်။ ကို - - ရဲ့ အိမ်ဆိုင်​လေးလည်း လာအား​ပေးမယ်။ ကို - - ရဲ့ ထမင်းဆိုင်မှာလည်း လာစားမယ်လို့။
    လူချင်း​တောင် မမြင်ဖူးတဲ့သူ​တွေနဲ့ ​ဆွေမျိုးရင်းချာလို ခံစားလာရ​စေတဲ့ ကာလပါ။ ဒါကြီး ပြီးသွားရင် ဆုံကြမယ်​နော်။ တစ်ခါပြန် မိတ်ဆက်ကြမယ်။ ဘယ်နာမည်ဝှက်နဲ့က ဘယ်သူဆိုတာမျိုး​ပေါ့။ ဒီနှစ်​တွေအတွင်း ​တွေ့ကြုံခဲ့ရတာ​တွေကို ပြန်​ပြောကြမယ်။ ရယ်စရာ​တွေ မျှ​ဝေမယ်။
    အဲဒီမတိုင်ခင်​တော့ တစ်​ယောက်ကိုတစ်​ယောက် ​ဖေးမရင်း အားတင်းထားကြရ​အောင်နော်။
    ကျ​နော်ယုံကြည်ပါတယ်။ အဲဒီလို ကျ​နော်တို့ ညီအစ်ကို​မောင်နှမ​တွေ ပြန်ဆုံကြတဲ့​နေ့ဟာ မလွဲမ​သွေ ​ရောက်ကို​ရောက်လာမှာပါ။
    လူဆိုတာ ​မျှော်လင့်ချက်နဲ့ အသက်ရှင်ရတာပဲ မဟုတ်လား။
    ဒေါက်တာဖြိုးသီဟ
    ၁၄.၇.၂၀၂၃
    Now
  • Zábava

Komentáře • 659

  • @khaingvanandel3318
    @khaingvanandel3318 Před 11 měsíci +50

    ဆရာဖြိုးတို့ကြောင့် ဒီလိုကလေးတွေ ကိုယ်ကျိုးစွန့်လုပ်ကိုင်ကြတာကြားရလို့ ကျေးဇူးလည်းတင်ပါတယ်။ နိုင်ငံ့အကျိုးသယ်ပိုးကြသူများအားလုံးဘေးရန်ကင်းကြပါစေ။

  • @sansanhtay7148
    @sansanhtay7148 Před 11 měsíci +33

    ရဲဘော်ဇင်မျိုး၊နိုင်လင်း၊ဝေယံအရမ်းကိုလေးစားရပါတယ်ကလေးတို့၊ပြောစရာစကားလုံးမရှိအောင်နာကြင်ခံစားရတယ်၊ခုချိန်ထိနိုင်ရာဝန်ထမ်းပီးတတ်နိုင်သလောက်ကူညီနေပါတယ်၊ဖိုက်တင်း💪💪💪

  • @yumeemee7325
    @yumeemee7325 Před 11 měsíci +69

    နားထောင်ရတာတောင် ရင်မောလိုက်ရတာ ကလေးတွေ ဘေးကင်းပီး လိုအင်ဟူသမျှပြည့်စုံကြပါစေ မအလ ကျဆုံးပါစေ 🙏🙏🙏🙏🙏

  • @MyintZu-pi2rr
    @MyintZu-pi2rr Před 11 měsíci +40

    နာကျင်စရာတွေများတဲ့ သူရဲကောင်းတွေရယ်...မိသားစုအတွက်ဝမ်းနည်းနေကြမယ့် အနာဂတ် လေးတွေ...ဘေးကင်းပါစေ❤❤

  • @yiyiaye2276
    @yiyiaye2276 Před 11 měsíci +35

    စိတ်ထဲ အရမ်းခံစားရပါတယ်....ခ​လေး​တွေရဲ့ စိတ်ဓါတ်​တွေ ​လေးစားတယ် ဆိုတာထက် ပိုပါတယ် ....တလရကြီးမြန်မြန်​အောင်မြင်ပါ​စေ ..
    နိုင်တာအကုန်ထမ်းရင်း ပါဝင်​နေပါတယ်....အဆုံးထိ ပါဝင်မှာပါ....

  • @burmesesoul193
    @burmesesoul193 Před 11 měsíci +37

    ဘေးကင်းအောင်မြင်ကြပါစေ ကျမတို့လဲ ကလစ်မှန်မှန်လုပ်ပြီး ပါ၀င်နေပါတယ် 💪

    • @user-hu8jj8lr4j
      @user-hu8jj8lr4j Před 10 měsíci

      နင်လည်း ဖင်ခံပေးလိုက်ပါလား သူတို့လည်း အားတက်သွားတာပေါ့....

  • @riovannakun164
    @riovannakun164 Před 11 měsíci +66

    အရာအားလုံးစွန့်ပီး ပြည်သူတစ်ရပ်လုံးကို ကာကွယ်ပေးနေတဲ့မောင်လေးတို့ကို အထူးကျေးဇူးတင်ပါတယ်❤❤❤
    ဘေးကင်းကြပါစေ🙏🙏🙏

    • @TawSwe-rh1kt
      @TawSwe-rh1kt Před 11 měsíci

      တော်လှန်ရေးအောင်မြင်ပြီးဆုးံသည်ထိ အောင်မြင်စွာဆောင်ရွက်နိုင်ပါစေဟု ဆုမွန်ပို့သလျှက်။

    • @user-cf3rc4yc6h
      @user-cf3rc4yc6h Před 10 měsíci

      KARen KPTV neews

  • @myintmyintkyi6411
    @myintmyintkyi6411 Před 11 měsíci +30

    အခက်အခဲပေါင်းစုံကြားက ရှင်သန်ရပ်တည်နေတဲ့ သူရဲကောင်းတွေပါ
    ဆက်လက်ပီးလည်းအောင်ပွဲရသည်အထိ ဘေးကင်းစွာဖြင့် ရှိနေပီး မိသားစုနဲ့ ပြန်လည် စုံစည်းနိုင်ပါစေ🙏🙏🙏😍😍😍😍😍😍😍😍

  • @khinlatt3539
    @khinlatt3539 Před 11 měsíci +30

    ကိုယ်တို့စိတ်မလျှော့ စိတ်မပြောင်း တကြောင်းတည်းသော ခိုင်မာသောစိတ်ဓါတ်ဖြင့်အားပေးကူညီလျှက်ပါ။

  • @NayNay-vh3wl
    @NayNay-vh3wl Před 11 měsíci +10

    အားနားလေးစားရပါတယ်ညီလေးတို့ရေ။ တော်ရုံတန်ရုံစိတ်နဲ့လုပ်ဖို့ဆိူတာမလွယ်ဘူး။ 🙏

  • @hninnwenwethantnitar6282
    @hninnwenwethantnitar6282 Před 11 měsíci +11

    ဒီိ podcast လေးက တော်လှန်ရေးကို ပိုမို ခံစားနားလည် နိုင်စေလို့ စီစဉ်သူများ ပါဝင်သူများ ကို ကျေးဇူးအထူးတင်ပါတယ်။

  • @shwetun-ti3or
    @shwetun-ti3or Před 11 měsíci +39

    ငါ့ရင်တွေနာလိုက်တာသားတို့ရယ် ..
    အမြန်ဆုံး..အောင်မြင်ပါစေနော်❤❤❤

    • @user-hu8jj8lr4j
      @user-hu8jj8lr4j Před 10 měsíci

      ရင်နာရင် ဖင်ခံလို့ရတယ်နော့ မ‌ေြပာမရှိနဲ့...

  • @aena6825
    @aena6825 Před 11 měsíci +34

    ရဲဘော်ဇင်မျိုးရဲ့ vedio လေးကြည့်ခဲ့ရတုန်းကရင်ထဲမှာနင့်နေအောင်ခံစားရတယ် :_( လေးစားဦးညွှတ်ပါတယ် ရဲဘော်ဇင်မျိုး၊ရဲဘော်နိုင်လင်း၊ရဲဘော်ဝေယံ၊အစီအစဥ်တင်ဆက်ပေးတဲ့အတွက်ဆရာဖြိုးကိုကျေးဇူးတင်ပါတယ်။(Stay strong our UG Heros all,we're together with you guys)

    • @potato-potato.........
      @potato-potato......... Před 11 měsíci +1

      ခုတောင်နားထောင်ရင်းစိတ်မကောင်းဘူးမမရယ်။

    • @aena6825
      @aena6825 Před 11 měsíci

      @@potato-potato......... ဟုတ်တယ်နန့်ရယ်😔

    • @chrisshweyee8305
      @chrisshweyee8305 Před 11 měsíci

      အဲ့ကေလး အသက္ဘယ္ေလာက္လဲဟင္အမ

    • @aena6825
      @aena6825 Před 11 měsíci

      @@chrisshweyee8305 20လောက်ပဲရှိဦးမယ် အသက်နှစ်ဆယ်ပြည့်တာတောင်မကြာသေးဘူးထင်တယ်

    • @mayinyinmyint1534
      @mayinyinmyint1534 Před 11 měsíci +2

      လေးစားပါတယ်ဘေးကင်းအောင်မြင်ပါစေ

  • @ayeayekhaing3569
    @ayeayekhaing3569 Před 11 měsíci +11

    အလွန်ကောင်းလက်တွေ့ကျ...သဘာဝကျ..လွတ်လပ်ပေါ့ပါးတဲ့အရှိတရားဖြတ်သန်းနေသူတွေရဲ့...စကားလုံးခံစားချက်တွေ..ကြားသိနားဆင်ခွင့်ရတာ..အလွန်ဝမ်းသာကျေးဇူးတင်ပါရစေ..ဆရာဖြိုး...❤❤❤❤ပြည်သူတဦးအနေနဲ့..ထပ်တူ..ရှင်သန်နေသရွေ့..အဆုံးထိ..❤❤❤❤သစ္စာပြုပါတယ်...❤❤❤❤😊

  • @yinmon1787
    @yinmon1787 Před 11 měsíci +4

    ရင်နာနာနဲ့ ကျေးဇူးတင်အားနာရပါတယ်လူငယ်လေးတွေရေ ဘေးရန်ကင်းကြပါစေ အောင်မြင်ကြပါစေ

  • @Kyozuki-k3012
    @Kyozuki-k3012 Před 11 měsíci +11

    အားလုံးကို လေးစား
    ဂုဏ်ယူ အ‌ လေးပြုပါတယ်
    ❤❤❤

  • @kyikyi1717
    @kyikyi1717 Před 11 měsíci +11

    ❤❤❤❤❤❤❤❤❤
    ​တော်လှန်​​ရေးသူရဲ​ကောင်းများအားလုံး​ဘေးရန်အမျိုးမျိုးတို့မှအမြန်ဆုံးကင်း​ဝေးကြပါ​စေ၊ကင်းလွတ်ကြပါ​စေ၊၊

  • @karyan4737
    @karyan4737 Před 11 měsíci +25

    ​နား​​​ထောင်ပြီး​ပြောစရာစကားလုံး​တောင်
    ရှာမရဘူး...😢
    We all stand with you,our heroes!

  • @shwelone4217
    @shwelone4217 Před 11 měsíci +6

    တကယ်စိတ်မ​ကောင်းဖြစ်ရပါတယ်.😪.ပညာသင်ကြားရမယ့်အရွယ်​လေး​တွေဒုက္ခအခက်ခဲမျိုးစုံကိုကြံ့ကြံ့ခံရင်ဆိုင်ရင်းပြည်သူ​တွေအတွက်၊တိုင်းပြည်​ကောင်းဖို့အတွက်အစစအရာရာစွန့်လွှတ်အနစ်နာခံ​ပေး​နေကြတဲ့က​လေးများအားလုံးကို​ကျေးဇူးတင်​၊လေးစားချစ်ခင်အားကိုးပါတယ်..အားလုံးအဆင်​ပြေကျန်းမာကြပါ​စေ..​တွေ့သမျှ​ဘေးကင်း​ဝေးပြီးရင်ဆိုင်ရတဲ့အခက်ခဲမှန်သမျှအလွယ်ကူ​ကျော်လွှား​အောင်မြင်နိုင်ကြပါ​စေ🙏🙏🙏

  • @Rose-zo1oy
    @Rose-zo1oy Před 11 měsíci +23

    နားထောင်နေရင်း မျက်ရည်ကျနေမိတယ်😭😭😭
    သားတို့ရေ အားတင်းထားပါ🥰

    • @user-dt1qr9pl7z
      @user-dt1qr9pl7z Před 11 měsíci +2

      ဒါကြောင့်သိပ်နားမထောင်ချင်တာစိတ်ထိခိုက်လွန်းလွန်လို့ပါ

    • @sankyu4434
      @sankyu4434 Před 10 měsíci

      မျက်ရည်ကျမိပါတယ်
      ဘေးကင်းကြပါစေ
      ခလေးတို့ရေ😢😢

  • @shwema2882
    @shwema2882 Před 11 měsíci +6

    သိခွင့်ရလို့ Oak Aw စီစဉ်သူဆရာဖြိုးနဲ့ရဲဘော်များကျေးဇူးပါ🙏🏾 ဘေးကင်းစွာအိမ်ပြန်နိုင်ကြပါစေ🙏🏾

  • @ssthu3311
    @ssthu3311 Před 11 měsíci +8

    လေးစားပါတယ် သူရဲကောင်းတို့။
    ရဲဘော်တွေရဲ့ဘဝကို ထဲထဲဝင်ဝင်သိခွင့်ရလို့ ဒီအစီအစဥ်လေးကို တင်ဆက်ပေးတဲ့
    ဆရာ့ကိုလည်းကျေးဇူးတင်ပါတယ်။
    တကယ်လုပ်ရတဲ့ရဲဘော်တွေက
    အပြောထက်အလုပ်နဲ့သက်သေပြတာကိုပိုသိခွင့်ရပါတယ်။ တကယ်လုပ်ရတဲ့သူတို့တွေက မညည်းဘဲ ဘာမှမလုပ်ဘဲ အခက်အခဲအသေးလေးကို ပုံကြီးချဲ့နေမိတဲ့ကိုယ်တွေအဖြစ်ကိုလည်း ရှက်မိပါတယ်။

  • @thandarlin1947
    @thandarlin1947 Před 11 měsíci +6

    အားလုံးဘေးကင်းပါစေ ကျွန်မလည်းတက်နိုင်သာက ကလစ်တယ် ယူကျုတွေဖွင့်တယ် တစ်ရက်မပျက်ပါဘူး တလရအမြန်ဆုံးအောင်မြင်ချင်ပါတယ် ငွေလည်းမလှူနိုင်ဘူး ကလစ်ပုံမှန်လေးဝင်နေပါတယ်ရှင့် ဖိုက်တင်းပါရှင့်

  • @moemoeaung2520
    @moemoeaung2520 Před 11 měsíci +7

    သူတို့​တွေမှာလက်နက်​တွေ​ကြောင့်ပါ
    သားတို့​တွေကိုချစ်ခင်အား​ပေးအားကိုးလျှက်ပါ

  • @sandarrak4955
    @sandarrak4955 Před 11 měsíci +10

    တစ်ဦးတည်း​သောသား​လေး သားတို့​ရေအဆုံးထိရှိ​နေပါမယ်🙏🙏🙏

  • @htayhtayyi7758
    @htayhtayyi7758 Před 11 měsíci +11

    အရမ်းလေးစားပါတယ် သူရဲကောင်း တို့ရေ၊ ဘေးရန် ကင်းကြပါစေ❤❤❤

  • @khatkhat8453
    @khatkhat8453 Před 11 měsíci +49

    Fighting ပါ သားတို့ရေ၊အားလုံးကိုချစ်ပါတယ်။

    • @user-hu8jj8lr4j
      @user-hu8jj8lr4j Před 10 měsíci +1

      ချစ်ရင် ဖင်ခံပေးလိုက်ပါလား မြန်မာပြည်မှာနေပြီး ြပည်ပျက်အောင်အားပေးနေတဲ့ ပြည်ဖျက်ဖာသယ်မ....

    • @khatkhat8453
      @khatkhat8453 Před 10 měsíci +1

      @@user-hu8jj8lr4j ဟဲ့🐕‍🦺

  • @glsing5966
    @glsing5966 Před 11 měsíci +8

    ​​လေးစားတာထက်ပိုပါတယ် သူရဲ​ကောင်း ကြယ်ပွင့်​လေးတို့​ရေ တိုက်ပွဲတိုင်း အထိအခိုက်အကျအဆုံးမရှိ​အောင်မြင်ပါ​စေ တူတူတိုက်မယ် fighting

  • @yadanayadana-vm4bj
    @yadanayadana-vm4bj Před 11 měsíci +4

    ရင်ထဲမကောင်းဖြစ်ရပါတယ် genY အနေနဲ့ လူကိုယ်တိုင် ဝင်မတိုက်နိုင်လို့ သိမ်ငယ်ရပါတယ် ရဲဘော်တွေဆံခြည်တမျှင်တောင် ဘေးမသီရန်မခပဲ အောင်ပွဲဆင်နိုင်ပါစေ
    အငယ်ဆုံးရဲဘော်လေးစကားမှာ ရင်နာရပါတယ် 😢

  • @orangethie-ky2lj
    @orangethie-ky2lj Před 11 měsíci +10

    ပြည်သူ့ သူရဲကောင်းများအားလုံးသားတို့ သမီးတို့ ဘေးကင်းကျန်းမာအောင်မြင်ပါစေ

  • @ter-ge7cp
    @ter-ge7cp Před 11 měsíci +7

    ထပ်တူပါ..ဆရာဖြိုးရေ..
    သူရဲကောင်း ရဲဘော်များကိုအစဉ် ဦးညွတ်လျက်... ဘယ်တော့မှ..နောက်မဆုတ်ဘူး..💪💪💪👍👍👍

  • @noramay2598
    @noramay2598 Před 11 měsíci +17

    အားလုံးကျန်းမာချမ်းမြေ့ပါစေ ဘေးကင်းကြပါစေ🙏🙏🙏🙏🙏

  • @klynn2009
    @klynn2009 Před 11 měsíci +9

    🙏🏻🙏🏻🙏🏻 အားလုံး ကို လေးစားပါတယ်
    ကျမတို့ကလဲ နောက်ကွယ်ကနေ တတတ်တအား ပါဝင်နေပါတယ်
    အောင်ပွဲရတဲ့ အထိ အတူသွားကြမယ်
    🙏🏻🙏🏻🙏🏻

  • @koko-yh5pe
    @koko-yh5pe Před 11 měsíci +5

    လူငယ်တွေရဲ့စွန့်လွှတ် ပေးဆပ်မှုတွေအတွက်များစွာဂုဏ်ယူမိပါတယ် လေးစားပြီးကျေးဇူးလည်းတင်ပါတယ် အားလုံးဘေးကင်း အောင်မြင်ကြပါစေ❤

  • @machaw8556
    @machaw8556 Před 11 měsíci +4

    နားထောင်ရတာ အင်မတန် နာကျင်ရပါတယ် အခုလိုကြိုးစားပေးနေကြတဲ့ သူရဲကောင်းအားလုံးကို ကျေးဇူးတင်ပါတယ် အားလုံးပဲ ပြည်သူတွေမေတာ နဲ့ ဘေးကင်းအောင်မြင်ကြပါစေ

  • @nilarwin498
    @nilarwin498 Před 11 měsíci +4

    ဘေးကင်းကျန်းမာကျပါစေ ကျေးဇူးလည်းတင်ပါတယ် ❤❤❤

  • @chawsuaung7974
    @chawsuaung7974 Před 11 měsíci +16

    အားလုံးဘေးကင်းကျန်မာကြပါစေ🙏🙏🙏

  • @shintagi6365
    @shintagi6365 Před 11 měsíci +14

    ဘေးကင်းပါစေ၊ အောင်မြင်ပါစေ။

  • @nilarsannlwin9876
    @nilarsannlwin9876 Před 11 měsíci +19

    အားတင်းထားပါနော် ဘေးကင်းကျန်းမာပါစေ HEROES များ ❤

  • @dr.kyimonmonko7371
    @dr.kyimonmonko7371 Před 11 měsíci +34

    No words to mention your brave, sacrifice, strength, and honest. Huge Respect to All UG heroes. Always support every time. We must win. Thank you Saya Phio, UG heroes ,and wesupportmm team.

  • @jjjjj-vm5el
    @jjjjj-vm5el Před 11 měsíci +4

    နားထောင်ရင်းမျက်ရည်တွေကျမိတယ် ဘေကင်းကြပါစေ သူရဲကောင်းတို့ရေ🙏🙏🙏

  • @minmyatthu8035
    @minmyatthu8035 Před 11 měsíci +11

    ဘေးကင်းအောင်မြင့်ပါစေ အားလုံး ပဲ❤❤❤💪💪💪

  • @07lay45
    @07lay45 Před 11 měsíci +4

    သူရဲကောင်းတွေ လေးစားပါတယ်အားပေးလျက်ပါ❤❤❤

  • @user-xj3pz1xi5j
    @user-xj3pz1xi5j Před 11 měsíci +9

    တလရ မှာပါဝင်သူ အားလုံး ကို အထူး ကျေးဇူးတင် လေးစားလျက်ပါ ကိုယ်တိုင်လည်း နိုင်သလောက် ကလစ်နေပါတယ်

  • @lmmh1415
    @lmmh1415 Před 11 měsíci +7

    အားလုံးကို တကယ်လေးစားကျေးဇူးပါတယ်

  • @Capeditz21
    @Capeditz21 Před 11 měsíci +4

    နား​ထောင်​နေရင်းမကြားရက်​အောင်ကိုနာကျင်ရပါတယ်😭ဂုဏ်လည်းယူပြီး​လေးစားပါတယ😍

  • @kyalkyalkk
    @kyalkyalkk Před 11 měsíci +13

    အားလုံး ဘေးကင်းကျန်းမာ အေးချမ်းကြပါစေ 🙏🙏🙏😍😍😍

  • @zorzaw518
    @zorzaw518 Před 11 měsíci +10

    PDFညီအစ်ကိုများအားလုံးကို ​လေးစားဂုဏ်ယူလျက်ပါ ❤❤❤❤👍👍👍👍👍

  • @eimyat2186
    @eimyat2186 Před 11 měsíci +6

    နားထောင်ရင်းကို နာကျင်နေရတယ် 😢

  • @yiyisanYiYiSann-rt9lc
    @yiyisanYiYiSann-rt9lc Před 11 měsíci +5

    စီစဉ်တင်ဆက်တာလေးအရမ်းကောင်းပါတယ် မပျက်မကွက်အားပေးနေပါတယ်❤❤❤❤❤❤❤

  • @ayethitsar914
    @ayethitsar914 Před 11 měsíci +13

    ဘေးရန်ကင်း၍ ကျမ်းမာပါစေ လေးစားပါတယ် ပြည်သူ့ သူရဲကောင်း များကို Thank you ❤❤❤❤❤💪💪💪

  • @boak6374
    @boak6374 Před 11 měsíci +5

    နားထောင်ရင်း မျက်ရည်တောင်ဝဲမိတယ်😢😢

  • @nyeinnyein2836
    @nyeinnyein2836 Před 11 měsíci +4

    လေးစားရတဲ့သူရဲကောင်းတွေပါ❤❤❤

  • @sandarrak4955
    @sandarrak4955 Před 11 měsíci +2

    ကရုစိုက်ကြသားတို့ ​ဘေးကင်းကြပါ​စေ🙏🙏🙏

  • @yiyicho3626
    @yiyicho3626 Před 11 měsíci +7

    အားလုံးကိုလေးစားရပါတယ်💪💪💪

  • @ayethandarwin2388
    @ayethandarwin2388 Před 11 měsíci +5

    အရမ်းကိုခံစားရပါတယ်ခလေးတို့ရယ်

  • @shinthant7760
    @shinthant7760 Před 11 měsíci +2

    ချစ်​သောသူများအားလုံး​ဘေးကင်းကျန်းမာသက်ရှည်ပါ​စေ

  • @zamitra4783
    @zamitra4783 Před 11 měsíci +4

    နားထောင်ရင်..မျက်ရည်တွေက ထိန်းမရပါ..ကျေးဇူးတင်တာထက်ပိုပါတယ်.

  • @boisnaudchocho7406
    @boisnaudchocho7406 Před 11 měsíci +8

    ရဲဘော်တို့အားလုံးဘေးကင်းကြပါစေ🙏
    အမြဲနားထောင်းအားပေးလျှက်ပါရှင့်❤

  • @user-ud1ut8sp3r
    @user-ud1ut8sp3r Před 11 měsíci +3

    အခက်အခဲတွေမှလွတ်ပြီး လိုရရာဆန္ဒတွေပြည့်ပါစေ 👍🙏👍

  • @b2a194
    @b2a194 Před 11 měsíci +5

    UG များကိုအရမ်းလေးစားရပါတယ်❤❤❤

  • @kotinhtun5208
    @kotinhtun5208 Před 11 měsíci +7

    ကြားရတာ ရင်ထဲမကောင်းလိုက်တာ ရဲဘော်လေးတို့ရယ် ပြောပြလို့မရအောင် ဝမ်းနည်းမိစွာ ခံစားရပါတယ် လေးစားလိုက်တာကလေးတို့ရယ်

  • @potato-potato.........
    @potato-potato......... Před 11 měsíci +9

    အားလုံးဘေးကင်း ကျန်းမာကြပါစေရှင်။❤

    • @phonenaing2359
      @phonenaing2359 Před 11 měsíci +2

      ကောင်းသောညလေးဖြစ်ပါ‌စေ။

    • @potato-potato.........
      @potato-potato......... Před 11 měsíci +1

      @@phonenaing2359
      မင်္ဂလာညချမ်းဖြစ်ပါစေညီမလေး။😘

  • @lethlethwin9557
    @lethlethwin9557 Před 11 měsíci +3

    ကိုဇင်မျိုး အတွက် ဂုဏ်ယူပါတယ်❤ဆရာတိူ ့အားလံုး ဘေးဘယာ ဝေးပါစေ ရှင်🙏

  • @sandarkyaw5640
    @sandarkyaw5640 Před 11 měsíci +2

    ဘေးကင်းကျန်းမာကြပါစေ
    နားထောင်ရင်း ရင်ထဲမချိဖြစ်ရတယ်

  • @liwinjessie3041
    @liwinjessie3041 Před 11 měsíci +3

    စွန့်လွှတ်စွန်းစါးကြသော သူရဲကောင်းအပေါင်းတို့အားအလေးပြုပါတယ်၊ အရေးတော်ပုံ အမြန်အောင်ပါစေ❤

  • @oaktarawati8085
    @oaktarawati8085 Před 11 měsíci +6

    လေးစားပါတယ်ရဲဘော်တို့❤❤❤❤❤❤❤❤❤❤

  • @khinzarchi4201
    @khinzarchi4201 Před 11 měsíci +5

    Speech less sir.we love and respect you all. We see god in visual ❤❤.🙏🏻🙏🏻🙏🏻

  • @myintmyintthan2073
    @myintmyintthan2073 Před 11 měsíci +4

    နားထောင်နေရင်း ရင်ထဲဆို့နစ်နေတယ် သူရဲကောင်းကလေးတွေအားလုံးဘေးကင်းကြပါစေ နိုင်တဲ့ဝန်ထမ်းနေပါတယ် fighting

  • @sintsinthtay7836
    @sintsinthtay7836 Před 11 měsíci +2

    ဘုရားရေ 😭🙏

  • @kyikyi1717
    @kyikyi1717 Před 11 měsíci +4

    💐နိုင်တဲ့​နေရာက​နေတတ်နိုင်သ​လောက်ကူညီ​ပေး​နေပါတယ်⚘။

  • @nikamwee133
    @nikamwee133 Před 11 měsíci +1

    ဆရာနဲ့ရဲဘော်တို့အားလုံးကိုလေးစားပါတယ်။ ကျန်းမာပါစေ။ဘေးကင်းပါစေ❤

  • @lmmh1415
    @lmmh1415 Před 11 měsíci +2

    အားလုံးဘေးကင်းအောင်မြင်ကြပါစေ

  • @ohnmarswe59
    @ohnmarswe59 Před 11 měsíci +7

    Mingalar par.
    Thanks WESUPPORTMM for reading and sharing OAK AWn PODCAST 😊❤❤

  • @hsumyatnoe2089
    @hsumyatnoe2089 Před 11 měsíci +3

    နားထောင်ရင်း ရင်ထဲနင့်နေအောင်ခံစားရတယ်

  • @amberrose2963
    @amberrose2963 Před 11 měsíci +4

    Thank You So Much Dr Phyoe Thiha & We Support MM Admin Team ..

  • @htwesaya
    @htwesaya Před 11 měsíci +1

    ပြည်သူ့ဘက်တော်သား သူရဲကောင်းများ ဘေးကင်းလုံခြုံကြပါစေ။ ရည်မှန်းချက်တွေအမြန်ဆုံးအောင်မြင်ကြပါစေ။

  • @user-bw4wi3ip7t
    @user-bw4wi3ip7t Před 11 měsíci +1

    နားထောင်ရင်းနဲ့ရင်ထဲဆို့တက်လာပါတယ်။အကုန်လုံးဘေးကင်းကျန်းမာပါစေ။

  • @AliciaYinMonAung
    @AliciaYinMonAung Před 11 měsíci +3

    I am crying and sorry to hear your stories and braveness.

  • @khinpyonemyint9731
    @khinpyonemyint9731 Před 11 měsíci +2

    လေးစားရသောလူငယ်လေးတွေ အရာရာစွန့်လွှတ်ပြီးပါဝင်ပေးတာကျေးဇူးတင်ပါတယ် နေကောင်းကျန်းမာဘေးကင်းပါစေ အစ်မတို့ဘယ်တော့မှလက်မလျော့ဘူးနော်အဆုံးထိပါဝင်နေတယ်✊✊✊
    ကိုယ်လည်းပြေးရရှောင်ရနေတော့စိတ်
    ဓာတ်ကျတဲ့အချိန်တွေရှိပေမယ့်ဒီစကားဝိုင်းကြားပြီးငါအားလျော့လို့မဖြစ်ဘူးလို့သိလိုက်ရတယ် ဆရာဖြိုးနဲ့အတူအားလုံးကျေးဇူးတင်ပါတယ်😍

  • @newsky8647
    @newsky8647 Před 11 měsíci +3

    ဘေးကင်းကြပါစေ အမြန်ပြီးဆုံးအောင်ရမည်

  • @MyintZu-pi2rr
    @MyintZu-pi2rr Před 11 měsíci +6

    ရင်ထဲမှာနာကျင်လိုက်တာ...ငါတို့တတ်နိုင်တဲ့ဘက်က ကြိုးစားကြမယ်....

  • @ayethwin1087
    @ayethwin1087 Před 11 měsíci +15

    So proud of our heros, can't imagine how you all went through, 🙏never ever forgive shift brain cruel thief ma a la and their supporters

  • @leelingling4087
    @leelingling4087 Před 11 měsíci +2

    ဆရာဖြိုး၊ကိုနိုင်လင်း၊ကိုဇင်မျိုး၊ကိုဝေယံတို့နှင့်တကွအရာအားလုံးပေးဆပ်နေကြသောပြည်သူ့ရဲဘော်အားလုံးလေးစားစွာကျေးဇူးတင်ပါတယ်🫡

  • @NayChi-qp1qh
    @NayChi-qp1qh Před 11 měsíci +6

    နားထောင်နေပါတယ်❤❤

  • @patriciaandrews6207
    @patriciaandrews6207 Před 11 měsíci +6

    I proud of these kids. Thanks. Take care.

  • @patricialee5679
    @patricialee5679 Před 11 měsíci +6

    Be safe and alert! We respects you !

  • @yiyihtay3089
    @yiyihtay3089 Před 11 měsíci +4

    အားလုဲးဘေးကင်းကျန်းမာကြပါစေ။

  • @maikyinwe6234
    @maikyinwe6234 Před 11 měsíci +5

    Love it so much! ^,,^

  • @khinsanlin6783
    @khinsanlin6783 Před 11 měsíci +2

    တော်လှန်လူငယ် UG တွေအကြောင်းနားထောင်ရင်း စိတ်ဓာတ်တွေပိုအားတင်း ပိုထောက်ပံ့နိုင်ဖို့ ကြိုးစား မယ် ✊

  • @thirimaung9938
    @thirimaung9938 Před 11 měsíci +4

    Thanks support team!❤❤❤❤❤❤❤❤❤❤

  • @khinisnotavailable
    @khinisnotavailable Před 11 měsíci +6

    Ko Zin Myo learn computer scinece, there are a lot of things you can learn and do. you may not have hand or finger but still can do voice commend. dont give up.

  • @user-fu9tr4xz6c
    @user-fu9tr4xz6c Před 11 měsíci +1

    ဘေးကင်းပါစေ
    အရေးတော်ပုံအောင်မြင်ပါစေ
    အမြန်ဆုံးအိမ်ပြန်နိုင်ကြပါစေ

  • @hninei1228
    @hninei1228 Před 11 měsíci +1

    ခေတ်ဝန်ကို မရှောင်လွဲပဲထမ်းဆောင်နေသူများကိုလေးစားဂုဏ်ယူနေပါတယ် နားထောင်ရင်းငိုချင်လာတယ် ဘေးကင်းကြပါစေ

  • @phyuaung4181
    @phyuaung4181 Před 11 měsíci +3

    အားလုံးကျန်းမာဘေးကင်းကြပါစေ

  • @nini8112
    @nini8112 Před 11 měsíci +5

    We love all and really proud of you ,keep going guys thanks OAK. Aw PODCAST and PDF❤❤❤❤❤❤❤❤

  • @tinzarlinn5214
    @tinzarlinn5214 Před 11 měsíci +4

    Deeply respect and appreciate all our beloved heros ❤❤❤

  • @Dora2710
    @Dora2710 Před 11 měsíci +7

    From this time forward to New Era! You can do it!

  • @patriciasan9571
    @patriciasan9571 Před 11 měsíci +2

    Awesome. Love you all.

  • @sustainabridge592
    @sustainabridge592 Před 11 měsíci +2

    Respect all UG who are more than brave. ❤❤❤