ကျောက်ချဉ်က ဘာအတွက်ကောင်းစေသလဲဆိုတာ သင်သိပြီးပြီလား။

Sdílet
Vložit
  • čas přidán 13. 09. 2024
  • ကျောက်ချဉ်ဆိုတဲ့ အသံကြားတာနဲ့ အရင်ဆုံး ချိုင်းချွေးနံ့ပျောက်ဖို့ သုံးကြတာကိုပဲ ပြေးမြင်မိကြမှာပါ။
    ကျောက်ချဉ်ဆိုတဲ့နေရာမှာလည်း ကျောက်ချဉ်အမျိုးအစားတွေ အမျိုးမျိုးရှိကြပါတယ်။
    အိမ်တွင်းသုံးကျောက်ချဉ်အမျိုးအစားက ပိုတက်ဆီယမ်ကျောက်ချဉ်တစ်မျိုးတည်းသာ သုံးကြပါတယ်။
    ကျောက်ချဉ်က ကျန်းမာရေးအတွက် များစွာအထောက်အကူ ဖြစ်စေနိုင်ပါတယ်။
    ကျောက်ချဉ်ကဈေးသက်သာတဲ့အပြင် သူ့မှာပါဝင်တဲ့ အကျိုးကျေးဇူးတွေက အများကြီးရှိပါတယ်။
    ဘယ်လို အကျိုးကျေးဇူးက ဘာအတွက်ကောင်းစေလဲဆိုရင်
    ခံတွင်း အနံ့ဆိုးများကို ကောင်းမွန်စေခြင်း
    ဆားအနည်းငယ် နဲ့ကျောက်ချဉ်အနည်းငယ်ကို ရောစပ်ပြီးရေနွေးနဲ့ဖျော်ပါ။ဖျော်စပ်ထားတဲ့ ခံတွင်းဆေးရည်နဲ့ တနေ့ ကို (၂) ကြိမ် (၃) ကြိမ် ထိ ပလုပ်ကျင်းပေးခြင်းက ခံတွင်း အနံ့ဆိုးများ ကို ပျောက်ကင်းစေပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း ပိုရှိစေပါတယ်။
    ခံတွင်းအနာများကို သက်သာစေခြင်း
    ပါးစပ်ထဲမှာ အနာဖြစ်နေရင် ကျောက်ချဉ်အနည်းငယ်ကို အမှုန့်ကြိတ်ပြီး ခံတွင်းအနာပေါ်မှာ ဖိသပ်ပေးခြင်းက အနာတွေကို သက်သာစေနိုင်ပါတယ်။ ဒါ‌ပေမဲ့ ကလေးငယ်တွေအတွက်တော့ ဒီနည်းကမသင့်လျော်ပါဘူး။ ပိုပြီး အနာ ဖြစ်စေနိုင်ပါတယ်။
    မိတ်ယားခြင်း၊ နှင်းခူအစို ၊ အဆိပ်ရှိတဲ့ပိုးမွှားများကိုက်ခြင်း
    မိတ်ပေါက်နေချိန် ယားယံခဲ့ရင် ကျောက်ချဉ်ရေကျဲကျဲ ဖျော်ပြီးလိမ်းပေးခြင်းက မိတ်ယားခြင်းကို သက်သာပါစေနိုင်ပါတယ်။
    အဆိပ်ရှိတဲ့ပိုးမွှားများ ကိုက်ခံရရင်တော့ ကျောက်ချဉ်ကို ပျစ်ပျစ်ဖျော်လိမ်းပေးခြင်း ၊နှင်းခူအစို ဆိုရင်တော့ ကျောက်ချဉ်ကို အမှုန့်ကြိတ်ပြီး ဖြူးပေးခြင်းဖြင့် သက်သာစေပါတယ်။
    မျက်စိပြည်တည်နာကိုသက်သာစေခြင်း
    မျက်စိပြည်တည်နာခြင်းကို ကျောက်ချဉ်ကို စန္ဒကူးအနှစ်နဲ့ ရောစပ်ပြီး အသုံးပြုလို့ရပါတယ်။
    ရေသန့်စင်အောင်လုပ်ရာမှာ အသုံးပြုလို့ရခြင်း
    ကျောက်ချဉ်က ရေကို သန့်စင်ပေးဖို့အတွက် ရွှံ့ရေတွေကို သန့်စင်ပေးနိုင်ပြီး ရေထဲမှာပါတဲ့ အနယ်အနှစ်တွေကို စစ်ထုတ်အနည်ထိုင်စေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။
    ခြေဖနောင့်ကွဲခြင်းကို သက်သာစေခြင်း
    ကျောင်ချဉ်ကို အပူပေး အအေးခံပြီးနောက် အမှုန်ကြိတ်လိုက်ပြီး အုန်းဆီနဲ့ရောစပ်လိမ်းပေးလိုက်ခြင်းက ခြေဖနောင့်ကွဲတာကို သက်သာစေပါတယ်။
    ချိုင်းချွေးနံ့ပျောက်ခြင်း
    ကျောက်ချဉ်ဟာ အနံ့ဆိုးတွေကို တိုက်ဖျက်စေနိုင်ပြီး ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ကျောက်ချဥ်ကို သွေးလိမ်းပေးခြင်း (သို့) ရေနဲ့ ကျောက်ချဉ်ကို စိမ်ထားတဲ့ အရည်ကို လိမ်းပေးခြင်းက ချိုင်းချွေးနံ့ကို ပျောက်ကင်းစေနိုင်သလို ချိုင်းသားမဲခြင်းကိုလည်း သက်သာစေနိုင်ပါတယ် ။
    မုတ်ဆိတ်ရိတ်ခြင်း အတွက် အသုံးပြုနိုင်ခြင်း
    မုတ်ဆိတ်ရိတ်ပြီး တဲ့အခါကျောက်ချဉ်အရည်ကို ပုံမှန် လိမ်းပေးခြင်းက သင့်အသားအရေကို ကောင်းမွန်စေပါတယ် ။
    မျက်နှာပေါ်က ဝက်ခြံအတွက် အသုံးပြုနိုင်ခြင်း
    ကျောက်ချဉ်ကို ကြက်ဥအကာနဲ့ ရောစပ်ပြီးလိမ်းပေးခြင်းက ဝက်ခြံ ကိုသက်သာစေနိုင်ပါတယ် ။ ကျောက်ချဉ်မှုန့်ကို ရေ(သို့) rose water တို့နဲ့ရောစပ်ပြီး ဆားဝက်ခြံတွေအပေါ် လိမ်းပေးခြင်း ၊ မျက်နှာပေါင်းတင်ခြင်းတို့ အနေနဲ့ လိမ်းပေးလို့ရပါတယ်။
    အမွှေးကျွတ်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း
    အမျိုးသမီးများ ခန္ဓာကိုယ်မှာပေါက်တဲ့ မလိုလားအပ်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားဖို့အတွက်လည်း ကျောက်ချဉ်ကို အသုံးပြုနိုင်ပါတယ်။
    အရေးအကြောင်းတွေကို သက်သာစေခြင်း
    ကျောက်ချဉ်က အရေပြားကို တင်းရင်းနိုင်စေတာကြောင့် မျက်နှာနဲ့ လည်ပင်း တစ်ဝိုက်မှာရှိတဲ့ အရေးအကြောင်းတွေကို တင်းရင်းစေပြီး အစိုဓာတ်ကိုထိန်းသိမ်းပေးနိုင်တဲ့အတွက် လိမ်းပေးခြင်းက အရေးအကြောင်းများကို သက်သာစေပါတယ် ။ အိုမင်းရင့်ရော်မှုကို တိုက်ထုတ်ပေးနိုင်စွမ်း ရှိတဲ့အတွက် အရေပြားကို ချောမွေ့တောက်ပစေနိုင်ပါတယ်။
    သဲဝဲစားခြင်း ကိုသက်သာစေခြင်း
    သဲဝဲစားခြင်း အတွက် ကျောက်ချဉ်မှုန့်ကို လက်ဖက်ရည် ဇွန်း၂ ဇွန်း (သို့) ၃ဇွန်း ကို ရေနွေးထဲထည့်ပြီး အနည်းဆုံး မိနစ် (၂၀) ခြေထောက်စိမ်ပေးခြင်းဖြင့် သဲဝဲ စားခြင်းကို သက်သာစေပါတယ် ။
    သွေးတိတ်စေခြင်း
    အပေါ်ယံ ထိရှဲပေါက်ပြဲ ဒဏ်ရာလေးတွေထဲကို ကျောက်ချဉ်မှုန့်လေးတွေအနာပေါ် ဖြန်းပေးခြင်းက သွေးတိတ်စေပါတယ် ။
    ဗောက်ပျောက်စေနိုင်ခြင်း
    ခေါင်းမှာ ဗောက်ထနေရင် ကျောက်ချဉ်အနည်းငယ်ကို ထည့်လျှော်ပေးမယ်ဆိုရင် ဗောက်တွေကို သက်သာစေပြီး ဦးရေပြားယားယံမှုကိုပါ သက်သာစေနိုင်ပါတယ်။ အများကြီး မသုံးမိစေဖို့တော့ လိုပါတယ်။
    ကျောက်ချဉ်ကို အလွန်အကျွံသုံးစွဲမိမယ်ဆိုရင်တော့ သတိလစ်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို ခံစားရစေနိုင်တာမို့ လိုတာထက် ပိုမသုံးမိဖို့ မှာလိုက်ချင်ပါတယ်။

Komentáře • 71

  • @user-he4kn4qp1h
    @user-he4kn4qp1h Před 5 měsíci +25

    တင်မယ်ဆိုလဲ တည်တည်ငြိမ်ငြိမ် တင်ပါ ဘာလဲတီးလုံးကြီးက အာရုံနောက်တယ်

  • @paxely19990
    @paxely19990 Před 6 měsíci +23

    နောက်ခံတီးလုံးဖွင့်ချင်ရင်တောင် အသံတိုးထားသင့်တယ်ဗျာ ၊ မဖွင့်ရင် ပိုကောင်းတယ်😊

  • @winnaingmyanmar5842
    @winnaingmyanmar5842 Před 6 měsíci +68

    နောက်ခံတီးလုံးကဘာအကျိုးရှိမလဲဗျ နားထောင်ရတာအနှောက်အယှက်ဖြစ်ရပါသည်

    • @user-re6lt2oh2s
      @user-re6lt2oh2s Před 6 měsíci +2

      ပြောကြားသူကဖင်ယားနေတာတဲ့

    • @shineaung4452
      @shineaung4452 Před 5 měsíci

      😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂​@@user-re6lt2oh2s

    • @shineaung4452
      @shineaung4452 Před 5 měsíci

      ​@@user-re6lt2oh2s😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂

    • @hannyhanny3072
      @hannyhanny3072 Před 3 měsíci

      မကြားချင်ရင်အသံပိတ်🤣🤣🤣🤣

  • @rmyrmy6158
    @rmyrmy6158 Před měsícem +4

    ကျေးဇူးပါ❤❤❤❤❤❤

  • @lwinlwintun9040
    @lwinlwintun9040 Před 4 měsíci +2

    ဗဟုသုတမျှဝေပေး. Thanks. ကျန်းမာချမ်းသာပါစေ.

  • @user-nz8qz7fj5r
    @user-nz8qz7fj5r Před měsícem +1

    နားမကောင်းတဲ့သူများပါတယ်။အာရုံပြုလို့မရပ့ါကျေးဇူးပါ။

  • @AungKyaw-tu4uw
    @AungKyaw-tu4uw Před 6 měsíci +3

    ကျေးဇူးပါ ဗျ

  • @mimi-oi5ip
    @mimi-oi5ip Před 23 dny

    ကျေးဇူပါ ကျန်းမာချမ်းသာ ပါစေ

  • @user-zm1vq4oo5b
    @user-zm1vq4oo5b Před měsícem +2

    ကျောက်ချဥ်ကို ပရဆေးဆိုင်တွေမှာရောင်းပါတယ် ကာလပေါက်စျေးက တစ်ပိဿာကို တစ်သောင်းခွဲ ပါ

    • @manwe5873
      @manwe5873 Před 4 dny

      ရောင်းပေးပါ

  • @sansanmaw9434
    @sansanmaw9434 Před 6 měsíci +2

    Thank you so much for Sharing😍😍😍

  • @umyintthu-g1m
    @umyintthu-g1m Před 23 dny

    ကျေးဇူးပါ

  • @tintinhla8081
    @tintinhla8081 Před 5 měsíci +2

    ဆီးချိုအနာလဲပျောက်ပါတယ်
    အနာဖြစ်ဖြစ်ချင်းသွေးလိမ်းပါ
    အချိန်မရလျှင်အနာပေါ်ဖိကပ်ထားပါ

    • @JohnWinTintTint
      @JohnWinTintTint Před 7 dny

      နှင်းခူလိုအနာမျိုးလိမ်းလို့ရလားရှင်

  • @khinmaungoo7950
    @khinmaungoo7950 Před 6 měsíci +2

    ကျေးဇူးတင်ပါသည်ချမ်းမြေ့ပါစေ

  • @Kylie344
    @Kylie344 Před 4 dny

    ​ကျောက်ချဥ်က တွင်းထွက်လား၊ ဘယ်က​နေရတာလဲ?

  • @kyaw2897
    @kyaw2897 Před 3 měsíci

    ကျေးဇူးပါခင်ဗျာ❤😊

  • @kokolay5669
    @kokolay5669 Před 6 měsíci +3

    ကျောက်ချဉ်ဝယ်ရင်
    စစ်မစစ်
    ဘယ်လိုစမ်းရမှာလည်း.....

    • @KoMyoMyintHtet
      @KoMyoMyintHtet Před 6 měsíci +1

      လျှာနဲ့တို့ ြကည့်

    • @naymoytun2737
      @naymoytun2737 Před 3 měsíci +2

      ချိုချဉ်လို ငုံပီးစုတ်ပါ 1=နာရီလောက် ဒါဆိုစစ်မစစ်သိသာတယ် ချဉ်တွန့်တွန့် အရသာ 😂😂😂😂😂😂😂😂

  • @user-nz8qz7fj5r
    @user-nz8qz7fj5r Před měsícem +2

    တီးလုံးကြိုက်တဲ့သူKTPကိုသွားပါ။

  • @user-nc1ik1zh7o
    @user-nc1ik1zh7o Před 4 měsíci

    ကျေးဇူးတင်ပါတယ် 🎉🎉🎉

  • @user-nz8qz7fj5r
    @user-nz8qz7fj5r Před měsícem +1

    သေခြာမသိရပါတီးလုံးကကိုမကြိုက်ပါဘာမှသေခြာမသိရအချိန်ကုန်တယ်။

  • @thanthanmyint7239
    @thanthanmyint7239 Před 4 měsíci +5

    တီးလုံးနဲ့အဆင်မပြေပါ

  • @myogyi8559
    @myogyi8559 Před měsícem +1

    အဖင်းကျူတ် တယ်ဆိုတာ ဟုတ်လားဗျ

  • @pawtunmin6829
    @pawtunmin6829 Před 22 dny

    Thanks

  • @aungaung-kf2sb
    @aungaung-kf2sb Před 20 dny

    အုန်းစိမ်းရည်ထဲ ကျောက်ချဥ်ထဲ့သောက်ရင် ကျောက်ကြတယ်ဆိုတာ? ???

  • @MyintMyintThawSein
    @MyintMyintThawSein Před 3 měsíci

    ကြိုက်တယ်တီးလုံးလေးနားထောင်ရင်းဗဟုသုတရ တီးုံးလေးထည့်ပါ ကြိုက်တယ်

  • @buling3950
    @buling3950 Před 3 měsíci +1

    နောက်တခါနောက်ခံတေးမထည့်ပါနဲ့နားထောင်သူကိုအနှောက်အယှက်သာပေးပါတယ်

  • @TrueLinn-xc5xe
    @TrueLinn-xc5xe Před 3 měsíci +1

    တီးလုံးပါပါမပါပါ နားမကောင်းကြဘူးလာ🥰

    • @thirizin289
      @thirizin289 Před 5 dny

      ဟုတ်ပ စာသားလည်း ထိုး​​ပေးထားတာကို 😄😄

  • @sandawin5768
    @sandawin5768 Před 6 měsíci

    Thanks,

  • @user-yc1lp1qr2w
    @user-yc1lp1qr2w Před 3 měsíci +3

    တီးလုံးကမပါတာကောင်းတယ်

  • @henrym.5884
    @henrym.5884 Před 6 měsíci

    thanks.

  • @user-re6lt2oh2s
    @user-re6lt2oh2s Před 6 měsíci +7

    စောက်ပေါဘဲ
    ကျောက်ချဥ်အကြောင်းနဲ့တီးလုံးသံနဲ့ဘာမှမဆီလေးရယ်မဆိုင်ဖင်ယားနေတာ

  • @hlathan1402
    @hlathan1402 Před měsícem +1

    တိးလုံးမလိုဘူးားညီးတယ်

  • @NwetNwetWin-x7e
    @NwetNwetWin-x7e Před 3 měsíci

    😢thank

  • @phyuphyuthein5929
    @phyuphyuthein5929 Před 6 měsíci +1

    Thanks 👍

  • @user-wi2cb9py5p
    @user-wi2cb9py5p Před 7 měsíci

    👍🏻👍🏻👍🏻👍🏻👍🏻👍🏻👍🏻👍🏻👍🏻👍🏻👍🏻

  • @user-nq7yw9bw3s
    @user-nq7yw9bw3s Před 3 měsíci

    ကျောက်ချဉ်အစွမ်းကသိပ်ကောင်းပါတယ် ကျောက်ချဉ်ကိုဘာနဲ့လုပ်လည်းခုထိမသိ သဘာဝလား ခုထိမသိ 🎉🎉🎉

    • @ayeyuwai9370
      @ayeyuwai9370 Před 3 měsíci

      သလင်းကျောက်နဲ့ဆားရောကျိတ်ပီး ပုလင်းထဲ မှာ တစ်ည ခဲထားတယ်​ကြားဖူးပါတယ်

  • @kyawsoeyinpe5143
    @kyawsoeyinpe5143 Před 5 měsíci

    ဘယ်ကဝယ်ဒါလဲ ဝယ်ချင်တယ်

  • @KKk-p6n
    @KKk-p6n Před 26 dny

    နောက်ခံတီးလုံးတွေမထဲ့လိုမရဘူးလား

  • @PanChitThu-zm3mi
    @PanChitThu-zm3mi Před 3 měsíci

    သက်သာစေတာဘဲလား။မပျောကက်က

  • @ayeyuwai9370
    @ayeyuwai9370 Před 3 měsíci +1

    သိပ်မလုပ်ရဲဘူး ကိုယ်တိုင်လုပ်ဖူးလို့ပြော တယ်ဆိုတော်သေး ဆားနဲ့ရောပီး သောက်ရမှာကြီးကျအဆင်မပြေဘူး 😟

  • @marmarkyu7345
    @marmarkyu7345 Před 7 měsíci

    thanks!

  • @thanwin9183
    @thanwin9183 Před 17 dny

    Barking Soda

  • @user-tw1ul3lr5r
    @user-tw1ul3lr5r Před 3 měsíci

    ဘယ်နေရာ‌ေဒသကထွက်လဲဆိုတာလဲပြောပြပေးပါလား

  • @Redmi9A-h8f
    @Redmi9A-h8f Před 21 dnem

    တီးလုံးမလို

  • @dawhtoo5767
    @dawhtoo5767 Před 6 měsíci +4

    တီးလုံးနားငြီး

  • @ccbb4563
    @ccbb4563 Před 6 měsíci +1

    ကျေးဇူးပါ❤❤

  • @user-gb5gx6mb6k
    @user-gb5gx6mb6k Před měsícem

    ကျေးဇူးပါ

  • @JotissaraLinkara
    @JotissaraLinkara Před 26 dny

    မျက်နှာလိမ်းရင် ဘာအကျိုးရှိ😊

  • @khinnansan2363
    @khinnansan2363 Před 21 dnem

    ခုလိုပြောပြပေးသည့်အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။

  • @KhinMoeThu-n3r
    @KhinMoeThu-n3r Před 23 dny

    စျေးထဲမှာအရင်က၅၀၀ခု၁ထောင်ဖိုးဝယ်ရတယ်သော့တိုတွယ်ချိတ်တို့လက်သဲညှပ်တို့စုံစီနဖာရောင်းတဲ့ဗန်းလေးတွေဆိုင်ရှိတယ်

  • @OliviaKimKim
    @OliviaKimKim Před 6 měsíci

    Thanks

  • @user-nd4ew6vj3r
    @user-nd4ew6vj3r Před 3 měsíci

    ကျေးဇူးပါ

  • @user-ot9di8gv1g
    @user-ot9di8gv1g Před 5 měsíci

    ကျေးဇူးပါ

  • @JohnWinTintTint
    @JohnWinTintTint Před 7 dny

    နောက်ခံတီးလုံးကနားထောင်ရတာအနှောက်အယှက်ဖြစ်စေပါတယ်

  • @MaThin-he9xj
    @MaThin-he9xj Před 22 dny

    တီးလုံးမထည့်မိဖို့အကြံပြုပါတယ်ရှင့်

  • @FunnyCrab-ii5lc
    @FunnyCrab-ii5lc Před 23 dny

    ခုမှအဲ့ထိလုပ်ရမုန်းသိတော့တယ်😮

  • @EiEi-lm6xd
    @EiEi-lm6xd Před měsícem

    ကျေးဇူးပါရှင့်ဗဟုသုတရလို့ကျေးဇူးတင်ပါတယ်

  • @user-er4bg3iv4i
    @user-er4bg3iv4i Před 3 měsíci

    အခုလိုမျှဝေပေးတာကျေးဇူးတင်ပါတယ်ရှင်

  • @phyulay7938
    @phyulay7938 Před 3 měsíci

    ကျေးဇူးပါရှင့်❤❤❤

  • @MinMin-oz4ys
    @MinMin-oz4ys Před 3 měsíci +1

    ဂီတသံမထည့်ပါနဲ့အနှောက်အယှက်ဖြစ်လို့ပါ