ထွက်ပြေး စစ်သားတွေဆီက လက်နက်တွေ TNLA သိမ်းမိ... မတ္တရာမှာ PDF က စခန်းတွေ ထပ်သိမ်း...

Sdílet
Vložit
  • čas přidán 11. 07. 2024
  • ထွက်ပြေး စစ်သားတွေဆီက လက်နက်တွေ TNLA သိမ်းမိ... မတ္တရာမှာ PDF က စခန်းတွေ ထပ်သိမ်း... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ
    (၁၃- ၇- ၂၀၂၄)
    ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (၁၈) ရက်မြောက်နေ့မှာ နောင်ချို ဒုံးတပ်ရင်း ၆၀၆ ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းပြီး လက်နက်မျိုးစုံ ၁၀ ကျော် ထပ်မံသိမ်းမိတယ်လို့ PSLF/TNLA ပြောခွင့်ရက BNN ကိုပြောပါတယ်။
    ထွက်ပြေးသွားတဲ့ စစ်သားတွေနဲ့ ဂုတ်တွင်းစခန်းမှာ မနေ့မနက် ၅ နာရီခန့်က တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီအလောင်းတွေနဲ့အတူ ၆၀ မမ မော်တာ၊ RPG လောင်ချာအပါဝင ်လက်နက် ၁၅ လက်သိမ်းမိတယ်လို့ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပြပါတယ်။
    တိုက်ပွဲဖြစ်တဲ့ ဂုတ်တွင်းစခန်းကို စစ်ကောင်စီတပ်က Jet Fighter ၊ Mi35၊ Y12 တို့နဲ့ ဗုံးအလုံးရေ ၁၀၀ နီးပါး ကြဲချခဲ့တယ်လို့လည်း TNLA က ပြောပါတယ်။
    တချိန်တည်းမှာပဲ နောင်ချိုမြို့နယ် နောင်အောရွာအနီးမှာ တိုက်ပွဲဖြစ်တယ်။ မိုးမိတ်မြို့အတွင်း ခလရ-၂၂၃ နဲ့ TNLA + PLA + PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီရဲ့ (၅)မိုင်တပ်စခန်းကနေ 60 မမ (၁) လက်၊ RPG7 (၂)လက်နဲ့ လက်နက်(၇)လက် သိမ်းဆည်းရမိတယ်လို့လည်း TNLA က ထုတ်ပြန်ထားပါတယ်။
    ဒါ့အပြင်...
    - MNDAA (မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်) ကိုးကန့်တပ်နဲ့ မဟာမိတ်တွေ အင်အားအများအပြားနဲ့ လားရှိုးမြို့အနီးအထိ မနေ့ကရောက်လာတဲ့အတွက် စစ်ကောင်စီတပ်က မြို့ပတ်လည်ကို လက်နက်ကြီးနဲ့ ပစ်နေ...
    - မတ္တရာမြို့နယ်ရှိ မြောက်တံငါ တပ်စခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီး Alpha ဘိလပ်မြေစက်ရုံက ကာကင်းစခန်းကုန်းတွေကို ရှင်းလင်းနိုင်ခဲ့တယ်၊ လက်နက်မျိုးစုံ ၁၀ ကျော်နဲ့ ခဲယမ်းများစွာသိမ်းမိတယ်လို့ PDF-MDY က သတင်းထုတ်ပြန်...
    - ကရင်နီပြည်၊ ဖားဆောင်းမြို့ပေါ်မှာ တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်နေ...
    - ၂၀၂၄ ခုနှစ်ရဲ့ ပထမ (၆) လတာအတွင်း တိုက်ပွဲပေါင်း ၂၀၀၀ နီးပါးဖြစ်ပွားပြီး စစ်ကောင်စီဖက်က ၂၀၀၀ နီးပါးသေဆုံး၊ ၁၀၀၀ ကျော်ဒဏ်ရာရတယ်လို့ KNU ကရင့်အမျိုးသားအစည်းအရုံး ဗဟိုက သတင်းထုတ်ပြန်...
    - သံတွဲနဲ့ ငပလီရှိ ခမရ ၅၆၆ နဲ့ ခလရ ၅၅ တပ်ရင်းတို့ကို AA အာရိက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီးနောက် ငပလီကမ်းခြေရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ် ၆၅ လုံးအရေးကို အများက စိတ်ဝင်စားနေ...
    ... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
    (သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
    လုပ်ရန် တိုက်တွန်းပါသည်။ / burmanewsnetwork )

Komentáře • 15

  • @TayNi-nz8xk
    @TayNi-nz8xk Před 25 dny +2

    တကြိမ်ထဲ သတင်းအားလုံး ပြည်ပြည့်စုံစုံ သိခွင့်ရလို့ ကျေးဇူးပါ 👍👍👍👍👍👍👍👍👍

  • @SiThu-qv8no
    @SiThu-qv8no Před 25 dny

    thanks for news

  • @sansanyuu9474
    @sansanyuu9474 Před 25 dny +2

    မအလတို့နဲ့ပူးပေါင်းပါဝင်နေတဲ့ခရိုနီတွေဟိုတယ်ဆိုရင်အများပြည်သူပိုင်အဖြစ်သိမ်းယူလိုက်ပါAA

  • @khunkyawsai3095
    @khunkyawsai3095 Před 25 dny

    မင်္ဂလာပါ

  • @PkPk-hd5bc
    @PkPk-hd5bc Před 25 dny

    မဂ်လာပါ

  • @Kiven-jp3qp
    @Kiven-jp3qp Před 25 dny

    ညီမလေး အရမ်းချစ်တယ်

  • @sansanyuu9474
    @sansanyuu9474 Před 25 dny

    ❤🎉

  • @aunglayaungzaynilmyat5238

    ❤❤❤🎉🎉🎉🎉🎉

  • @cvdhgg
    @cvdhgg Před 25 dny

    ပြည်သူပိုင်အားလုံးသိမါပ့ါအေအေ

  • @naykha6273
    @naykha6273 Před 25 dny

    မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ❤

  • @BLACK-fb2po
    @BLACK-fb2po Před 25 dny

    မိုးကုတ်အရှေ့ပိုင်းမှာ အချိန်နေဆိုးနေပါတယ်ဗျ မနက်11 နာရီလောက်က စဖစ်နေတာ အခုထိပစ်‌နေကြတုံး

  • @eaindra2800
    @eaindra2800 Před 25 dny

    စကစခွေးပေါက်လေးတွေကိုယ့်အသက်ကိုမနှမျောရမ်းကားနေကြတုန်းပဲလား။အကြမ်းဖက်တပ်ကနေဆုတ်ခွာသင့်နေပါပြီ။

  • @klionjacob3052
    @klionjacob3052 Před 25 dny

    Nuclear Bomb သုံးတာအါ။ စပိသောက်ငြပါ

  • @maungmaung6098
    @maungmaung6098 Před 25 dny

    အဲ့ဟိုတယ်အကုန်လုံးက ခိုးရာပါပစ္စည်းတွေ၊ အကုန်သိမ်းပြီး ပြန်လည်ထူထောင်ရေးမှာ အသုံးပြုပေးပါ👍👍

  • @ShweUkhun-z4l
    @ShweUkhun-z4l Před 23 dny

    ဖဖယယယ၉၉ဖဖဖဖဖဖ၉၉၉ူယယဖ၉၉၂ယယယယယယယ၉ယ၂၂ယယယဖ