ကျေးဇူးရှင်မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီး ၏ ထေရုပ္ပတ္တိအကျဥ်း 👇👇အပြည့်စုံကိုဖတ်ရန်👇👇

SdĂ­let
VloĹžit
  • čas přidĂĄn 27. 10. 2020
  • 🙏🙏🙏အနန္တကျေးဇူးတော်ရှင်🙏🙏🙏
    မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ၏
    ထေရုပ္ပတ္တိအကျဥ်း
    🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏
    ၁။ မဟာဗောဓိမြိုင်ဆရာတော်လောင်းလျာကို
    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မင်းကုန်းရွာ
    ဦးဘစံ+ဒေါ်မေ တို့မှ ၁၃၀၃ ခုနှစ်၊ ဝါဆိုလပြည့်
    အင်္ဂါနေ့ ည(၁)နာရီအချိန်တွင် ဖွားမြင်သည်။
    ငယ်နာမည် မောင်ငြိမ်းမောင်ဖြစ်သည်။
    ၂။ ၁၃၁၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၆)ရက်
    စနေနေ့တွင် မိခင် ဒေါ်မေ၏ ပစ္စယာနုဂ္ဂဟဖြင့်
    မင်းကုန်းတောရဆရာတော်ထံ ရှင်သာမဏေ
    ပြုသည်။ ဘွဲ့အမည် ဉေ ယျဟု ကိုယ်တိုင်ခံယူသည်။
    ၃။ ၁၃၂၃ ခုနှစ်၊ ဝါဆိုလဆန်းတွင် မင်းကုန်း
    တောရ ဆရာတော် ဘဒ္ဒန္တအာစာရ ကို ဥပဇ္စျယ်
    ၍ ထန်းတစ်ပင် ရွှေဖောင်ဦးကျောင်းတိုက် ခဏ္ဍ
    သိမ်၌ (ပထမအကြိမ်)ရဟန်းဖြစ်သည်။ ရဟန်း
    ဒကာ ဦးဘသန်း+ဒေါ်စောဥာဏ် တို့ဖြစ်သည်။
    ၄။ ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁၀)
    ရက်၊ တနင်္ဂနွေနေ့တွင် ရွှေဘိုမြို့ ဝေဠုဝန် ပါဠိ
    တက္ကသိုလ် စာသင်တိုက်သို့ ပိဋိကတ်စာပေ
    များသင်ယူရန်ရောက်ရှိသည်။ ဆရာတော်
    ဦးကုဏ္ဍလ ထံတွင် ပညာသင်ယူခဲ့သည်။
    ၅။ ၁၃၁၉-ခုနှစ်၊ ရွှေဘို ဝေဠုဝန်ပါဠိတက္ကသိုလ်
    မှ အစိုးရပထမငယ်တန်း အောင်မြင်သည်။
    ၆။ ၁၃၂၁ ခုနှစ်၊ ဝါဆိုလဆန်း(၁၁)ရက်၊
    ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၊ကျောက်ပန်းတောင်း
    ကျောင်းတိုက်သို့ စာပေသင်ကြားရန်ရောက်ရှိ
    သည်။
    ၇။ ၁၃၂၁ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော်
    (၃)ရက်၊ ဗုဒ္ဓဟူးနေ့တွင် မော်လမြိုင်၊ စိန်စ
    ပါဠိတက္ကသိုလ်သို့ ပညာသင်ကြားရန်
    ရောက်ရှိ။ထိုနှစ်မှာပင် အစိုးရပထမလတ်တန်း
    အောင်မြင်သည်။
    ၈။ ၁၃၂၅ ခုနှစ်၊ နွေဦးကာလတွင် ဧရာဝတီ
    တိုင်း၊ ပုသိမ်မြို့၊ သာသနရံသီ ပါဠိတက္ကသိုလ်
    သို့ရောက်ရှိသည်။ထို့နှစ်မှာပင် အစိုးရပထမ
    ကြီးတန်းကို အောင်မြင်သည်။
    (တိုင်းတွင် ဒုတိယရသည်။)
    ၉။ ၁၃၂၇ ခုနှစ်၊ တော်သလင်းလဆန်း(၁၃)
    ရက်နေ့တွင်- စာသင်တိုက်တွင် နေဖို့ရန် ခက်ခဲ
    ခြင်းကို အကြောင်းပြု၍ လူဝတ်လဲခဲ့သည်။
    ရန်ကုန်မြို့ရှိ ဆေးလိပ်ခုံတွင် စာရေးဝင်လုပ်
    သည်။
    ၁၀။ ၁၃၂၉ ခုနှစ်၊ နယုန်လပြည့်ကျော်(၆)ရက်
    တွင် မိခင်ဒေါ်မေ၊ အစ်မဒေါ်ကြည် တို့၏
    သဘောတူချက်ဖြင့် တစ်ရွာတည်းနေ
    ဒေါ်စိန်မေနှင့် အိမ်ထောင်ကျခဲ့သည်။
    လူ့ဘဝတွင် ရန်ကုန်၊ သင်္ကန်းကျွန်း၌ နေကာ
    စျေးဆိုင်၊ အထည်ဆိုင်၊ ဆေးဆိုးပန်းရိုက်၊
    မဲနယ်ထုတ်ခြင်းများ ပြုလုပ်ခဲ့သည်။
    ရပ်ကွက်အတွင်း လူမှုရေးများနှင့်(ရ.လ.က.
    အဖွဲ့)ဦးဆောင်ကော်မတီ အမှုဆောင်လူကြီး
    ပါတီကိုယ်စားလှယ်၊ တရားရေးကော်မတီ
    ဥက္ကဋ္ဌ၊ အုပ်စုခေါင်းဆောင်၊ အရန်ပါတီဝင်
    စသည်များ ထမ်းဆောင်ခဲ့သည်။
    ၁၁။ ဘဝဒုက္ခကို သံဝေဂရသည်ဖြစ်၍ ၁၃၃၇
    ခုနှစ်မှစ၍ ပုတီးစိပ်ခြင်း၊ အဓိဋ္ဌာန်ဝင်ခြင်း၊
    တောတောင်များသို့ လှည့်လည်ခြင်း၊ ဘုရား
    တည်ခြင်း၊ ပြုပြင်ခြင်း၊ မွမ်းမံခြင်းများ ဆောင်
    ရွက်ခဲ့သည်။
    ၁၂။ ၁၃၃၉ ခုနှစ်တွင် ကျိုတ်လတ်မြို့နယ်၊
    ကြီးချောင်းရွာ၊ ဆင်ကူးရွာရှိ` ပြည်လုံးချမ်းသာ
    ဖောင်တော်ဦးစေတီတော်´ ကို ပြုပြင်မွန်းမံ
    သည်။ ပြာသိုလပြည့်နေ့တွင် ပန္နက်ချမင်္ဂလာ
    ပြုလုပ်ပြီး တပေါင်းလပြည့်နေ့တွင် ထီးတော်
    တင်မင်္ဂလာပြုလုပ်နိုင်ခဲ့သည်။
    ၁၃။ ၁၃၄၁ ခုနှစ်၊ ဝါဆိုလဆန်း(၁)ရက်၊
    တနင်္ဂနွေနေ့တွင် ရန်ကုန် မဟာစည်သာသနာ့
    ရိပ်သာကြီးတွင် ၄၉ ရက် တရားစခန်း ဝင်ခဲ့
    သည်။
    ၁၄။ ၁၃၄၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော်(၇)ရက်
    နေ့၊ ည(၅)နာရီတွင် ဥာဏ်စဉ်တရားများ
    နာကြားခွင့်ရခဲ့သည်။
    ၁၅။ ၁၃၄၁ ခုနှစ်၊ တော်သလင်းလဆန်း(၁၂)
    ရက်၊ တနင်္ဂနွေနေ့၊ နံနက်(၈း၄၅)နာရီတွင်
    ဘောက်ထော် သီရိရတနာလမ်း၊ သာသနာ့
    ဗိမာန်ဆရာတော် ဘဒ္ဒန္တဝိမလကို ဥပဇ္စျာယ်ပြု၍
    ခေမာသီဝံ ကျောင်းတိုက် ခဏ္ဍသိမ်တွင်
    (ဒုတိယအကြိမ်)ရဟန်းဖြစ်သည်။
    ၁၆။ ၁၃၄၁ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်
    (၄)ရက်၊ အင်္ဂါနေ့မှ အစပြုကာ အရညဝါသီ
    တောမှီလျက် ဧကစာရီ အဖော်မမှီဘဲ ထွက်ခဲ့
    ရာ ယနေ့တိုင် မြန်မာပြည်အရပ်ရပ်တို့၌
    လှည့်လည် သီတင်းသုံးနေတော်မူလျက်ရှိ
    သည်။
    ၁၇။ ၁၃၄၁ ခုနှစ်တွင် သာစည်မြို့နယ်၊
    ရွှေကျောင်းကုန်းတောင်ထိပ်၌ `လောကမုနိ
    စေတီတော်´ကိုတည်ထားခဲ့သည်။
    အုတ်မြစ်ချမင်္ဂလာနှင့် ဌာပနာပိတ်ပွဲကို တပို့တွဲ
    လပြည့်နေ့တွင် ပြုလုပ်ပြီး တပေါင်းလပြည့်နေ့
    တွင် ထီးတော်တင်ပွဲကို အောင်မြင်စွာ ပြုလုပ်
    နိုင်ခဲ့သည်။
    ၁၈။ ၁၃၅၃ - ၅၄ - ၅၅ ခုနှစ်များတွင် ပျဉ်းမနား
    (ယခုနေပြည်တော်)ရှိ လက်လုပ်တောင်တောရ
    တွင် သီတင်းသုံးစဉ် ကာလအတွင်း -
    `လက်လုပ်တောင်ဆရာတော် စျာန်ပျံသည်´
    ဟူသော ကောလာဟလကြောင့် ဆရာတော်၏
    အကြောင်း တစ်နိုင်ငံလုံးပျံ့လွင့်ခဲ့သည်။
    ၁၉။ ၁၃၅၇ ခုနှစ်၊ တပေါင်းလပြည့်၊ ဗုဒ္ဓဟူးနေ့
    တွင် သုဝဏ္ဏသျှံတောင်တွင် လားဟူ(၂၂)ရွာ၊
    လီရှော(၄)ရွာတို့မှ လူနှစ်ထောင်ကျော်၏ ဗုဒ္ဓ
    ဘာသာခံယူပွဲကြီးကို စည်းကားသိုက်မြိုက်စွာ
    ကျင်းပနိုင်ခဲ့သည်။
    ယင်းတိုင်းရင်းသားများ ဒေသန္တရဗဟုသုတ
    ဘာသာရေး၊ သာသနာရေးရာ ယုံကြည်မြတ်နိုး
    တိုးပွာလားစေရန် ရည်သန်၍ ၁၃၅၈ ခုနှစ်၊
    တပေါင်းလဆန်း(၃)ရက်နေ့ မှ တန်ခူးလဆန်း
    (၈)ရက်နေ့ ထိ တစ်လကျော် - သာစည်၊
    ပျဉ်းမနား၊ မန္တလေး၊ ရွှေဘို၊ ရန်ကုန်မြို့များသို့
    ပို့ဆောင်ပေးခဲ့သည်။ထိုသို့သော အကြောင်များ
    သည်လည်း`မဟာဗောဓိမြိုင်ဆရာတော်´ဟူ၍
    နိုင်ငံအနှံ့ လူသိများထင်ရှားလာခဲ့ခြင်းသည်။
    ၂၀။ ၁၃၅၉ ခုနှစ်တွင် နတ်တလူတောရကို
    စတင်တည်ထောင်၍ ဝါဆိုလပြည့်နေ့မှ
    တော်သလင်းလပြည့်နေ့ထိ ၂ လတိတိ တရား
    စခန်းဖွင့်လှစ်ပေးခဲ့သည်။ စခန်းပွဲအတွင်း
    ဝေယျာဝစ္စ ဆောင်ရွက်သူများအတွက်
    တော်သလင်းလပြည့်မှ သီတင်းကျွတ်လပြည့်
    နေ့အထိ၊ ၁-လ စခန်းကို ပြုလုပ်ပေးခဲ့သည်။
    ၂၁။ ၁၃၅၉ ခုနှစ်တွင် နတ်တလူတောရ၌
    `မင်းဘိသိက်ခံ´ဘုရားတည်ထား ပူဇော်သည်။
    နှောင်းတန်းခူးလပြည့်နေ့တွင် အုတ်မြစ်ချ
    မင်္ဂလာ၊ ၁၃၆၀ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်
    ဌာပနာပိတ်ပွဲ၊ တပေါင်းလဆန်း(၄)ရက်တွင်
    ထီးတော်တင်ပွဲနှင့် တပေါင်းလပြည့်နေ့တွင်
    အနေကဇာတင်တော်မူသည်။
    ၂၂။ ၁၃၆၁ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်
    မွေးရာချက်မြှုပ်အိမ်နေရာတွင် `ဉေယျဓမ်
    ရွှေချက်သိုတံခွန်တိုင်´ကို တည်ထားခဲ့သည်။
    တစ်ချိန်တည်းမှာပင် နတ်တလူတောရ၌ နှစ်လ
    တရားစခန်း ထပ်မံဖွင့်လှစ်ပေးခဲ့သည်။
    KoKoLatt(​ရွှေနှစ်သာသနာ)

Komentáře • 14

  • @dawnyo3950
    @dawnyo3950 Před 2 lety +2

    🙏🙏🙏🙏🙏

  • @ThinThinHtay73
    @ThinThinHtay73 Před 3 měsĂ­ci

    သာဓုသာဓုသာဓုပါဘုရား

  • @kyikyithan9133
    @kyikyithan9133 Před rokem +1

    🙏🙏🙏

  • @nnmmnnmm9275
    @nnmmnnmm9275 Před 11 měsĂ­ci +1

    pore ဖုိညခ်မ္ဘာ❤

  • @hlakyin8554
    @hlakyin8554 Před rokem +1

    Z

  • @lionkingsan8928
    @lionkingsan8928 Před 3 lety +2

    သာဓုသာဓုသာဓုပါရွင္ ့🙏🏻🙏🏻🙏🏻😇😇😇

  • @quangdoan159
    @quangdoan159 Před 2 lety +1

    Please bikkhu read 11 parittas

  • @quangdoan159
    @quangdoan159 Před 2 lety +1

    No have bikkhu read 11 parittas

  • @utinsein7496
    @utinsein7496 Před 2 lety +1

    🙏🙏🙏

  • @NyiNyi-nd4lt
    @NyiNyi-nd4lt Před 10 měsĂ­ci

    🙏🙏🙏

  • @chitmyohlaing6785
    @chitmyohlaing6785 Před 2 lety +1

    🙏🙏🙏

  • @chitmyohlaing6785
    @chitmyohlaing6785 Před 2 lety +1

    🙏🙏🙏

  • @warwar1851
    @warwar1851 Před 2 lety +1

    🙏🙏🙏