၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ...

Sdílet
Vložit
  • čas přidán 12. 09. 2024
  • ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ...
    (၁၇- ၈- ၂၀၂၄)
    ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၅၃ ရက်မြောက်နေ့ သီပေါမှာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီလေတပ်က ဗုံးအလုံး ၂၀၀ ကျော် လာကြဲသွားတယ်လို့ PSLF/ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
    သီပေါရှိ ခလရ ၂၃ ကို TNLA က တိုက်ခိုက်နေစဉ် Y-12 လေယာဉ် ၁၆ ကြိမ်၊ တိုက်လေယာဉ် ၂ ကြိမ်လာပြီး ဗုံးအလုံး ၁၆၃ လုံး ကြဲချသွားတယ်။ အရပ်သား ထိခိုက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။
    ဒါ့အပြင် မိုးမိတ်မြို့နယ် ကင်းချောင်းရွာအနီးမှာလည်း တိုက်ပွဲဖြစ်ပါတယ်။ နောင်ချို တောင်ခမ်းရွာကိုလည်း စစ်ကောင်စီ လေယာဉ်က ဗုံး ၆၇ လုံးကြဲတယ်။ တိုက်ပွဲမရှိတော့တဲ့ ကျောက်မဲမြို့နယ် ဟူးကွက်ရွာ ဘုန်းကြီးကျောင်းနဲ့ နမ့်ဆန်မြို့တို့ကိုလည်း စစ်လေယာဉ်က ဗုံးကြဲခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
    ဒါ့အပြင်...
    - ရမခ စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းမိထားတဲ့ စစ်သုံ့ပန်း မိသားစုတွေထဲက နောက်ထပ် ၁၈၅ ဦးကို သြဂုတ် ၁၃ မှာ ပြန်လွတ်ပေးတယ်။ ဒါဟာ ၇ သုတ်မြောက် လွတ်ပေးမှုဖြစ်ပြီး အားလုံး ၂၀၀၀ ကျော်သွားပြီလို့ MNDAA-မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်က သတင်းထုတ်ပြန်...
    - ဖားကန့်မြို့ရဲ့ စိုးမိုးကုန်းပေါ်မှာ တပ်စွဲထားတဲ့ လမောင် ဗျုဟာကုန်းနဲ့တော်မှော် စခန်းတွေကို သြဂုတ် ၁၅ ရက်နေ့မှာ ကေအိုင်အေနဲ့ မဟာမိတ်တပ်တွေက အပြီး သိမ်းလိုက်ပြီဖြစ်တယ်လို့ KIA- ကချင်လွတ်လပ်ရေးတပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကို ပြောပါတယ်...
    - ဂန့်ဂေါမြို့နယ်ရှိ MOGE (စစ်တပ်ပိုင် ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း) ရေနံမှော်ကင်းစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး စစ်သား ၁၂ ဦးသေ၊ ၁၂ ဦးလက်ရဖမ်းမိ၊ လက်နက်မျိုုးစုံ ၃၀ ရရှိတယ်လို့ PDF အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်...
    - သံဖြူဇရပ်မြိူနယ်၊ ရဲတံခွန်ရွာသစ်၊ ဘုရားကုန်းမှာ အင်အား ၁၀၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် စစ်သား ၅ ဦးသေ၊ ၂ ဦးဒဏ်ရာရ...
    - ဂွမြို့နယ်၊ ကျိန္တလီမြို့ကို AA -အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီးနောက် ဒေသခံတွေအတော်များများ ဧရာဝတီတိုင်းဖက် ရှောင်တိမ်းနေကြ...
    ... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်.

Komentáře • 11

  • @user-be6ns6fu3n
    @user-be6ns6fu3n Před 27 dny

    မဂ်လာညချမ်းလေးဖြစ်ပါစေ ကိုနေထူး BNN ရေ မျှဝေတာ ကျေးဇူးပါနော် 👋👋👋🤘🤘⭐⭐လေးစားဂုဏ်ယူပါတယ် KIA ချစ်သောများ အားလုံး ကျန်မာစိတ်ချမ်းသာလို့ရာဆန္ဒပြည့်ပါစေ 🙏🙏🙏👍💯👋🤘🤘⭐⭐💙💙💕💕

  • @kyawmin2259
    @kyawmin2259 Před 27 dny

    မ-အ-လ ရဲ့ လေယာဉ် နဲ့ ဗုံး တွေက တစ်ချိန်မှာ ကုန်ဆုံးသွားမှာပါ၊ ပြည်သူတွေကတော့ ကျန်နေအုံးမှာပါ

  • @user-ih3by7hq3n
    @user-ih3by7hq3n Před 27 dny

    ပညာရေးနှင့်ကျမ္မာရေး ဝန်ထမ်းတွေကို ပြည်သူလူထု အကျိုးငှါ ပြည်သူ့ ဝန်ထမ်းတာဝန်ကို ဆက်လက် ထမ်းရွက်ခွင့်ပေးစေချင်ပါတယ်

  • @khairulkhairul8802
    @khairulkhairul8802 Před 27 dny

    ဗုံးတရာကျဲတာတင်မက တသောင်းလောက်ကျဲရမှာ

  • @freemanmooremyanmar
    @freemanmooremyanmar Před 27 dny

    Good News...🎉🎉🎉🎉🎉

  • @htun4036
    @htun4036 Před 27 dny

    အရေးတော်ပုံနိုင်အောင်ပြတ်ပြတ်သားသားတိုက်ခိုက်ကြမယ်ညီကိုတွေ

  • @MLMLL-h4j
    @MLMLL-h4j Před 27 dny

    ok❤❤❤

  • @khunkyawsai3095
    @khunkyawsai3095 Před 27 dny

    မအလစစ်ခွေးတသိုက်အမြန်ကျဆုံးပါစေ

  • @ashinjotika5516
    @ashinjotika5516 Před 27 dny

    တပ်မတော်ကညံလှပါလား ဒီသူပုံကိုမနိုင်ရလောက်အောင်ကိုအရည်အချင်းညံနေပြီလား

    • @deenana9216
      @deenana9216 Před 27 dny

      နင်ကကော စစ်မှုထမ်းဖို့ စရင်းသွင်းပီးပီလား