ရဟတ်ယာဉ် ဒရုန်းဗုံးကြဲခံရသည့် ရုပ်သံသည် လားရှိုးမှမဟုတ်

Sdílet
Vložit
  • čas přidán 8. 07. 2024
  • JC - မဇ္ဈိမ။ ။ လားရှိုး အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို လာကြိုတဲ့ ရဟတ်ယာဉ်ကို ကိုးကန့်တပ် MNDAA က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ရုပ်သံတခု ပျံ့နှံ့နေပါတယ်။
    အဲ့ဒီရုပ်သံကို "ကချင်တောင်တန်း"ဆိုတဲ့ တယ်လီဂရမ်ချန်နယ်ကနေ “လားရှိုး ရမခ တိုင်းရှိ အရာရှိကတော်များနဲ့ တပ်မိသားစုဝင်များကို ရဟတ်ယာဉ်ဖြင့် သယ်ထုတ်နေစဉ် MNDAA မှ Drone ဖြင့် ဗုံးကျဲချ - မိသားစုဝင်များ ထိခိုက်သေဆုံး” ဆိုပြီး ဇူလိုင် ၈ ရက်နေ့ ညနေပိုင်းမှာ ရုပ်သံတခုနဲ့ အစောဆုံးဖြန့်ဝေထားပါတယ်. ရုပ်သံဟာ ၄၃ စက္ကန့်ကြာမြင့်ပြီး ရဟတ်ယာဉ် တစီးကနေ လူတွေကို သယ်ယူဖို့ ဆင်းသက်လာတဲ့အချိန်မှာ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခံလိုက်ရတဲ့ ရုပ်သံဖိုင်ဖြစ်ပါတယ်။ မူရင်းရုပ်သံဖိုင်ကို ပြန်ဖျက်သွားခဲ့ပေမယ့် ဒီရုပ်သံဖိုင်နဲ့ လားရှိုးကဖြစ်စဉ်ဆိုပြီး Facebook လူမှုကွန်ရက်အပြင် CZcams တွေမှာပါ ပျံ့နှံ့နေပါတယ်။
    တကယ်တော့ အဲ့ဒီရုပ်သံဖိုင်ဟာ လားရှိုးက ဖြစ်စဉ်မဟုတ်ပါဘူး။ စစ်ကိုင်းတိုင်း ကသာခရိုင် ပင်လည်ဘူးမြို့ဖြစ်စဉ်က ရုပ်သံဖိုင်ဖြစ်ပါတယ်။ တည်နေရာတွေကို မြေပုံနဲ့တကွ ရှာဖွေဖော်ပြလေ့ရှိတဲ့ "Asia Intel" အမည်နဲ့ X လူမှုကွန်ရက်အသုံးပြုသူတဦးက ဒီအကြောင်းကို ဖော်ပြထားတာပါ။ သူ့ဖော်ပြမှုမှာတော့ ဖြစ်စဉ် ဗီဒီယိုဖိုင်မှာ ပါဝင်တဲ့ အချက်အလက်တွေနဲ့ မြေပုံမှာပါဝင်တဲ့ အချက်အလက်တွေကို တိုက်ဆိုင်ဖော်ပြထားပြီး လားရှိုးက ဖြစ်စဉ်မဟုတ်ဘဲ ပင်လည်ဘူးက ဖြစ်စဉ်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
    ဒါကိုပဲ စစ်လက်နက်အကြောင်းတွေ ဖော်ပြလေ့ရှိတဲ့ "Tactical raptor 2.0" ဆိုတဲ့ ဖေ့ဘုတ်ပေ့ချ်ကနေလည်း ပြန်လည်ဖော်ပြထားပါတယ်။ လင့် - t.ly/1tDGB , t.ly/Bisw9
    ပင်လည်ဘူးရဲ့ တည်နေရာကို Google earth pro မှာ ရှာဖွေတဲ့အခါမှာတော့ ဗီဒီယိုမှာပါဝင်တဲ့ တည်နေရာအတိုင်းတွေ့ရပါတယ်။ အနီရောင်ခေါင်မိုးနဲ့ နှစ်ထပ်တိုက်အဆောက်အဦးမှာ ထိခိုက်ထားတဲ့ ခေါင်မိုးရဲ့အခြေအနေလည်း တူညီပြီး အခြားဘေးက အဆောက်အဦးတွေလည်း တူညီနေတာကို တွေ့ရမှာပါ။
    ပင်လည်ဘူး မြေပုံတည်နေရာ - maps.app.goo.gl/YdTCEHh48YRPs...
    ဒါ့အပြင် အဲ့ဒီရုပ်သံနဲ့ ရမခ စစ်တိုင်းအတွင်းက ဖြစ်စဉ်လို့ သတင်းဖော်ပြခဲ့တဲ့ မီဒီယာတွေကနေလည်း ဒီရုပ်သံဖိုင်ဟာ ပင်လည်ဘူးက ရုပ်သံဖိုင်သာ ဖြစ်ကြောင်း ပြန်လည် ပြင်ဆင် ဖော်ပြထားကြပါတယ်။
    လင့် - t.ly/K5UD9 , t.ly/8qaaf
    လားရှိုး ရမခရဲ့ တည်နေရာကို ရှာဖွေတဲ့အခါမှာလည်း ရုပ်သံမှာ ပါဝင်တဲ့ တိုက်တာအဆောက်အဦးတွေနဲ့ ဆင်တူတဲ့ တည်နေရာကို မတွေ့ရပါဘူး။
    လားရှိုး ရမခ မြေပုံတည်နေရာ - maps.app.goo.gl/R1XWVk8SWWdib...
    ဒါကြောင့် လားရှိုးက ရုပ်သံဆိုပြီး ပျံ့နှံ့နေတဲ့ ရဟတ်ယာဉ်ဗုံးချခံရတဲ့ ရုပ်သံဟာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကမဟုတ်ဘဲ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ ရုပ်သံကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။
    မဇ္ဈိမကို ကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်း စစ်ဆေး‌စေချင်တဲ့ သတင်းတွေရှိခဲ့ရင် မဇ္ဈိမကိုပေးပို့‌လို့ရပါတယ်။ ပေးပို့မယ်ဆိုရင် t.ly/AjFbz ဆိုတဲ့လင့်ကို ရိုက်ထည့်ပြီး စစ်ဆေးစေချင်တဲ့ သတင်းအကြောင်းအရာကို လင့်နဲ့တကွ ပေးပို့ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
    #Misinformation_Buster #Fake_News #Pinlebu #Lashio #Geo_location #airstrike
    -----------------------------------------
    မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
    bit.ly/2VhJ12U (သို့မဟုတ်) tinyurl.com/donatemzm
    Subscribe our channel:
    / @mizzimanewstv
    Follow us:
    Facebook | Myanmar Language / mizzimadaily
    Facebook | English language / mizzimamyanmarnews
    Facebook | Mizzima+TV / mizzimaplustv
    Twitter / mizzimanews
    Telegram t.me/mizzimatv
    Sportify open.spotify.com/show/0JqldUl...
    Mizzima TV App onelink.to/jnuwak
    Mizzima Weekly Analysis & Insight Patreon patreon.com/MizzimaMedia?utm_...
    Website :
    bur.mizzima.com
    eng.mizzima.com
    www.mizzima.tv
    .....................
    About us:
    Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.

Komentáře • 40

  • @soepyaemarlar4780
    @soepyaemarlar4780 Před 14 dny +31

    ရဟတ်ယာဥ်
    ဘယ်နေရာက ပျက်ကျပျက်ကျ မအလနဲ့ စစ်ခွေးတွေ မျိုးပြုတ်ဖို့ဘဲ အရေးကြီးပါတယ် 🎉🎉🎉🎉🎉🎉🎉🎉🎉

  • @TinTinwin-ln6wf
    @TinTinwin-ln6wf Před 14 dny +4

    ကျေးဇူးပါ..ဒီတစ်ခါတော့.
    လေးစားသွားပြီး
    သတင်းမှန်ပြောပြပေးလို့ 2:50

  • @waigyi2982
    @waigyi2982 Před 14 dny +13

    ဟူး တော်သေးတာပေါ့ဗျာ...
    ရှာတွေ့တဲ့ ဟာကလည်းစစ်ခွေးတွေဘဲမဟုတ်လား ဒါဆိုရပြီ😂😂

  • @uayeko7881
    @uayeko7881 Před 14 dny +6

    ဘယ်နေရာဖြစ်ဖြစ် စကစ ဆိုရင် ကျေနပ်တယ်

  • @UthanZaw-rg8zs
    @UthanZaw-rg8zs Před 5 dny

    သတ‌ေ်းမှန်တ‌ေ်ပေးတဲ့အတွတ်ကျေးဇူးပါ

  • @user-nd6qd6xq9x
    @user-nd6qd6xq9x Před 14 dny

    Thanks

  • @zawgyizawgyi9111
    @zawgyizawgyi9111 Před 14 dny

    ဘယ်က ဖြစ်ဖြစ် စစ်ခွေးသေရင် ကျေနပ်တယ် ခွေးမျိုး ပြုတ်တော့မှာ😂😂😂

  • @yezaw439
    @yezaw439 Před 14 dny

    မဂျလာပါ

  • @user-bp9sw9bh3q
    @user-bp9sw9bh3q Před 14 dny

    ဟုတ် ဟုတ် မဟုတ်
    ပလုပ်တုတ် နှစ်ဖက်
    ရိုက်ခတ် မြည်သံ
    ကြားစေ

  • @user-pr2wl3mv8r
    @user-pr2wl3mv8r Před 9 dny

    အရမ်းလိမ်တတ်ကျတယ်နော်လူတွင်က

  • @minaung342
    @minaung342 Před 14 dny

    ❤❤❤❤❤

  • @TinTinwin-ln6wf
    @TinTinwin-ln6wf Před 14 dny

    ဒို့ကတော့.ပြည်သူတွေဘဲသနားတယ်.ပြည်သူတွေဘေးရန်ကင်း
    ကြပါစေ 2:50

  • @user-nz9os8sb4t
    @user-nz9os8sb4t Před 14 dny

    ဂျင်းသတင်း

  • @Win-ju5uj
    @Win-ju5uj Před 14 dny

    😮😮😮

  • @zawzaw7276
    @zawzaw7276 Před 14 dny +1

    သူခိုးက ခိုးတယ်လို့ ဘယ်ပြောမလဲ

  • @user-ql8bp8no6m
    @user-ql8bp8no6m Před 12 dny

    အမျိုးမျိုး

  • @ashinkovida6522
    @ashinkovida6522 Před 14 dny +5

    ရူးထာ မရှက်ကြဘူးလား မသိနားမလည်တဲ့သူတွေကို လူလိမ်တွေကဂျင်းထည့်

  • @UAungMin-dy3mx
    @UAungMin-dy3mx Před 14 dny

    ခွေးမြတ်ကျော်တို့ဂွမ်းပြီပေါ့

  • @playernine3284
    @playernine3284 Před 14 dny +1

    👍👍👍

  • @pancakeyumyum4928
    @pancakeyumyum4928 Před 14 dny +1

    ဘယ်နေရာဖြစ်ဖြစ်ဝမ်းသာတယ်ဗျ❤❤❤

  • @ZawZaw-xh3qq
    @ZawZaw-xh3qq Před 12 dny

    ရုပ်တည်မရှိလိုက်တာ
    ကြည့်လိမ်ပါဟ😅😅😅

  • @user-cm6dg1kp9z
    @user-cm6dg1kp9z Před 14 dny

    ❤❤❤❤❤❤❤❤❤❤❤⚘️🚩👍

  • @KoBoHnaung
    @KoBoHnaung Před 11 dny

    ဘယ်နေရာကစကစပဲဖြစ်ဖြစ်စစ်ခွေးမျိုးတုန်းဖို့အဓိက

  • @mayzinwinmalay5642
    @mayzinwinmalay5642 Před 13 dny

    ပင်လည်ဘူး ရိပ်သာပါ မေစုလာတုန်းကနားတဲ့နေရာ

  • @ShweYote-k2s
    @ShweYote-k2s Před 3 dny

    မဟုတ်မှန်းသိတယ်လေ

  • @user-ic3yt9li4s
    @user-ic3yt9li4s Před 14 dny

    မိစ္ဆာမကြီးရဲ့ချီးစားနီခွေးအကြမ်းဖက်တွေကတစ်မှောင့် သူဘောမသစ္စာဖောက်လောက်တွေ

  • @yeolmaeoo9997
    @yeolmaeoo9997 Před 13 dny

    😂😂😂😂😂😂😂

  • @kmt1695
    @kmt1695 Před 14 dny

    😂😂😂😂😂

  • @Doe139
    @Doe139 Před 14 dny +1

    မင်းတို့ကွာ
    သူတောင်းစားအချင်းချင်း ခွက်ဇောင်းမခုတ်ပါနဲ့ ဟ 😂

    • @user-lr8tx1qj9b
      @user-lr8tx1qj9b Před 14 dny +2

      သတင်းမှန်ပြန်ကြားရေးဆိုတာအာ့တာပဲကွ ဖာပုမွေးစားသားကတော့ မင်းဖေမဲလုံးပြောတာပဲယုံလေ မဲလုံးကမင်းအဖေနော် မယုံမရှိနဲ့ 😂

    • @Doe139
      @Doe139 Před 14 dny

      @@user-lr8tx1qj9b ဖာစုလင်ငယ်တွေကတော့ ဂျင်းထည့်နေမှန်းသိလည်းယုံတာပဲလား

    • @user-lr8tx1qj9b
      @user-lr8tx1qj9b Před 14 dny +1

      @@Doe139 ဟိဟိ မင်းရုပ်လေးငါမှတ်ထားတယ် ချစ်မွှေးမပါဖူးနော် ယောကျ်ားဖာသည်ရုပ်လေး🤣

    • @targyi-kr7fb
      @targyi-kr7fb Před 14 dny

      စောက်ဘောမပုတုမ ဒီမှာလာဟောင်မနေနဲ့ သနတယ်

    • @xoxoxoxoxoxoxoxoxoxoxoxoxxoxo2
      @xoxoxoxoxoxoxoxoxoxoxoxoxxoxo2 Před 14 dny

      ​@@Doe139လားရှိုးလို လက်နက်အပြည့်အစုံနဲ့ eao တွေ မကြိတ်ပဲ စစ်ကိုင်းလို တူမီးဒေသက ကြိတ်လိုက်လို့ $စိ ကင်းကိုက်ပြီး လာဟောင်နေတာလား ဖာပုတု တပ်ကုန်းမ ဗက်ဟက်ဟက်

  • @KhaingMinLwin
    @KhaingMinLwin Před 14 dny

    လားရှိုးမှာမဟုပ်ပါဘူး

  • @KhaingMinLwin
    @KhaingMinLwin Před 14 dny

    လားရှိုးမှာမဟုပ်ဘူး

  • @kmt1695
    @kmt1695 Před 14 dny

    အိနၱိယကဟာႀကိးဟ🤣🤣🤣🤣🤣

  • @KhaingMinLwin
    @KhaingMinLwin Před 14 dny

    ရှေ့တိုက်ဒုန်းကြောင့်ပြည်သူတွေသေရတာပါ

    • @user-ot6lm4zy4e
      @user-ot6lm4zy4e Před 14 dny +1

      မင်းအမေလင်စစ်ခွေးတွေ ရွာတွေ မြို့တွေ ပေါ်လေယာဥ်နဲ့အကြောင်းမဲ့ဗုံးကျဲနေတာမင်းစောက်လုံး ယီးထိုးခံထားရလို့မမြင်တာလားခွေးသား