မပျော်ချင်ရင် ဒါကို မကြည့်နဲ့ - Dopamine Nation

Sdílet
Vložit
  • čas přidán 7. 04. 2023
  • မပျော်ချင်ရင် ဒါကို မကြည့်နဲ့ - Dopamine Nation
    Stanford Professor
    neuroscientist ဖြစ်တဲ့
    Huberman lab ကို တည်ထောင်တဲ့
    Dr. Andrew Huberman ညွှန်းတဲ့
    စာအုပ်နှစ်ဆယ်က Dopamine Nation ကို
    ဖတ်ပြီး တော်တော်လေး တွေးစရာတွေ
    အများကြီးရတယ်။
    ဟိုနေ့ကမှ အပေါင်းနဲ့ အနှုတ်ဆိုပြီး
    စဥ်းစားမိတာကို ရေးလိုက်သေးတယ်။
    Dopamine nation မှာတော့
    ဒါကို သုတွေသနတွေနဲ့ အမှန်အကန်
    ရေးထားတာ ရေရေလည်လည်မိုက်တယ်။
    Dopamine ဆိုတာ ဦးနှောက်ထဲက
    ဆဲလ်တွေအချင်းချင်း ဆက်သွယ်တဲ့
    neurotransmitter တစ်မျိုးဖြစ်တယ်။
    အလုပ်ပြီးမြောက်တဲ့အခါထွက်တယ်။
    Coffee, ချောကလက်၊ game ဆော့၊
    sex နဲ့ ဆေးသုံးရင်လဲထွက်တယ်။
    Social media သုံးရင်လဲထွက်တယ်။
    ပမာဏကတော့ လုပ်ရပ်ပေါ်မူတည်ပြီးမတူဘူး။
    လူတွေကို ပျော်ရွင်တက်ကြွစေသလို
    သူ့ဖြတ်လိုက်ရင်လဲ စိတ်ညစ်စေတယ်။
    လူတွေက addiction စွဲလမ်းမှု ကိုဖြတ်ဖို့
    နည်းလမ်းရှာကြတယ်။​
    addiction ဆိုတာ စိတ်ပိုင်းဆိုင်ရာ
    ကိုယ်ပိုင်းဆိုင်ရာစွဲလမ်းနေတာ။
    obsession ဆိုတာကတော့
    အတွေးက စွဲလမ်းနေတာ။
    addiction ထဲမှာ obsession ပါတယ်။
    ထားပါတော့။
    ကျွန်တော်ကတော့ စွဲလမ်းအောင်လုပ်ပြီး
    အမူအကျင့်တည်ဆောက်တယ်။
    စောက်တလွဲတွေ သူများနဲ့ ပြောင်းပြန်
    လုပ်နေကျဆိုတော့ LOL.
    ဥပမာ လူတွေက အစားအသောက်
    မသောင်းကြမ်းအောင် နည်းလမ်းရှာတယ်။
    နောက် အချိုစွဲလမ်းတာကို ရပ်ဖို့
    နည်းလမ်းရှာတယ်။​
    ဒါကို ပြောင်းပြန်လုပ်တဲ့
    ကျွန်တော်နည်းစနစ်က
    အစားထိန်းဖို့အစား
    TRE (time-restricted eating)
    တစ်နည်း fasting ကိုစွဲလမ်းအောင်လုပ်တယ်။
    ကာဗိုဟိုက်ဒရိုက်တွေကို ရှောင်တဲ့အစား
    အရွက်တွေကို စွဲလမ်းအောင်လုပ်တယ်။
    ဘာနဲ့တူလဲဆိုရင် နာကျင်မှုနှစ်ခုရှိရင်
    ပိုနာတဲ့အရာကြောင့် သိပ်မနာတဲ့အရာက
    အားပျော့ပြီး ပျောက်သွားတယ်။
    အသည်းကွဲတဲ့ အချိန်
    သွားကိုက်ကြည့်ပါလား။
    သေမတတ်သွားကိုက်ရင်
    အသည်းကွဲတာ နည်းနည်းလျော့သွားလိမ့်မယ်။ LOL
    နောက်လူတွေက social media မှာ
    dopamine over-stimulation ဖြစ်ပြီး
    စွဲလမ်းတာကို ဖျောက်ဖို့ ကြိုးစားကြတယ်။​
    ကျွန်တော်က social media ကပေးတဲ့
    dopamine ကို အသုံးပြုပြီး
    အမူအကျင့်တည်ဆောက်တဲ့နေရာမှာ
    အသုံးပြုဖို့ စဥ်းစားတယ်။
    ဥပမာ ကိုယ်က gym နေ့တိုင်းသွားတဲ့
    ဇွဲရချင်ရင် ကိုယ့် identity ကို
    ကိုယ်အရင်ပြောင်းဖို့လိုတယ်။
    identity ဆိုတာ ကိုယ့်ကိုကိုယ်မြင်တာနဲ့
    အများကိုယ့်ကိုမြင်တာပေါ်မူတည်ပြီး
    တကယ်ဖြစ်သွားတာ။
    ဒီလိုလုပ်ဖို့ စိတ်ပညာရဲ့ as if
    သကဲ့သို့နည်းစနစ်ကို အသုံးပြုပြီး
    social media မှာ သတ်မှတ်အချိန်ရောက်ရင်
    လူတွေတွေ့အောင် တင်တာ
    social media anchoring နည်းစနစ်တစ်ခုပဲ။
    ဒါကိုတော့ NLP မှာ လက်တွေကိုင်ပြီး
    anchoring ဆိုတာ လုပ်တဲ့
    နည်းစနစ်တစ်ခုကို next level ခေါ်သွားတာ။
    စာအုပ်ထဲမှာ လူတွေကို တစ်ရက်
    ၆ နာရီ cocaine ကိုကြိုက်သလိုချလို့ပေးလိုက်ရင်
    တိုင်ပတ်ပြီး အသက်တိုကုန်မယ်ဆိုပြီး
    ပြောထားတယ်။​
    အလားတူပဲ pleasure ပျော်စရာတွေကို
    အလွန်အကြူးလုပ်ရင် pain နာကြင်မှုနဲ့ပဲ
    အဆုံးသတ်မှာ။
    ဒါကြောင့် balance ဆိုတဲ့အချက်လိုတယ်။
    Dopamine nation ထဲကနေနေ့စဥ်ဘဝမှာ
    ကျင့်သုံးလို့ရတာ
    ၁။ Restriction လုပ်ပါ။
    2021 May လတုန်းက 15 ရက်
    တရားစခန်းဝင်ပြီး digital detox လုပ်တာ
    တော်တော်လေး သိသာတယ်။​
    Digital Detox တင်မဟုတ်ဘူး
    fasting လုပ်တာမျိုး။
    ကိုယ့်ကို ပျော်ရွင်စေတဲ့အရာတွေကို
    indulge အပျော်မလွယ်စေပဲ
    ကန့်သတ်တာမျိုး။
    အချိန်ကာလတစ်ခု
    abstinence from sex လုပ်တာမျိုး။
    တရုတ် ထိုက်ကျိမှာဆို chi ဓာတ်ကို
    အလဟသ အဆုံးရှုံးမခံတာမျိုး။
    ၂။ Guilt ဖြစ်စေတဲ့အရာတွေရှောင်ပါ။​
    Porn addiction ဆိုတာ တော်တော်
    ဆိုးတဲ့ ကိစ္စတစ်ခုလို့ဆိုတယ်။
    Shame နဲ့ Guilt တောင်မတူတာ
    author က ရှင်းပြတယ်။​
    Shame က အရှက်ရတာ။
    Guilt က ကိုယ့်ကိုကိုယ် အကောင်းမြင်တယ်။
    ဒါပေမယ့် ကိုယ်လုပ်လိုက်တဲ့ မကောင်းတဲ့
    အပြုအမူတစ်ခုကြောင့် ကိုယ့်ကိုကိုယ်အပစ်တင်မိနေတာ။
    ဒီလို ကိုယ့်ကိုကိုယ် အပြစ်တင်တာတွေကို
    ကျော်လွှားနိုင်ဖို့ လူအထင်သေးနိုင်ရင်တောင်
    အမှန်အတိုင်းပြောပါ။
    ၃။ နာကျင်မှုကိုအသုံးပြုပြီး
    ပျော်ရွင်မှုကို ဖန်တီးပါ။​
    နိုင်ငံခြားမှာ cold shower လုပ်တာမျိုး၊​
    ရေခဲနဲ့ မနက်အစောချိုးတာမျိုး၊
    ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်တာမျိုး။
    ကိုယ့်ရဲ့ boundaries ထက်ကျော်တဲ့
    အရာကို push လုပ်တာမျိုး။
    cardio လုပ်တဲ့အခါ
    ဗိုက်ရိုက်တဲ့အခါ ငါးစက္ကန့်ပြီးရင်
    ပြီးပြီဆိုတာကြည့်ပြီး ကြိုးစားအားထုတ်
    အားကစားလုပ်ပြီး ငါးစက္ကန့်ပြည့်သွားတဲ့အချိန်
    ခံစားချက်ကို လုပ်ဖူးသူတိုင်းသိလိမ့်မယ်။
    ၄။ စွဲလမ်းမှုတွေက ဒုက္ခပေးနိုင်တယ်။
    ဂိမ်းစွဲသလိုပဲ အလုပ်ကိုစွဲလမ်းနိုင်တယ်။
    အလုပ်တစ်ခု ပြီးမြောက်တိုင်း
    dopamine ထွက်တဲ့အတွက်
    workaholic တွေဖြစ်လာပြီး
    ပတ်ဝန်းကျင်နဲ့ ကင်းကွာလာတာတွေ
    ဖြစ်နိုင်တယ်။
    စွဲလမ်းမှုတွေကို ပြန်သုံးသပ်ဖို့လိုနိုင်တယ်။​
    ၅။ Drug of Choice
    ကိုယ့်ရဲ့ "လက်ရွေးစင်ဆေး" ကဘာလဲ။
    လူတိုင်းက မသိလိုက် မသိဖာသာ
    ဆေးစွဲနေကြတယ်။
    ဒါကို "Drug of Choice" လို့ခေါ်တယ်။
    တချို့က shopping နဲ့ အပန်းဖြေတယ်။
    တချို့က ရတနာတွေစုရင်း အပန်းဖြေတယ်။
    တချို့က affordable luxury လေးတွေဖြစ်တဲ့
    coffee နဲ့ အပန်းဖြေတယ်။​
    တချို့က ကိုရီးယားအချစ်ကားကြည့်
    အပန်းဖြေတယ်။​
    တချို့က ဝိုင်သောက်တယ်။
    တချို့က အတင်းပြောတယ်။
    တချို့က စာဖတ်တယ်။
    တချို့က အရွက်တွေရှူတယ်။
    လူတိုင်းရဲ့ "လက်ရွေးစင်ဆေး"
    drug of choice ရှိတတ်ကြတယ်။​
    ဒီဆေးသုံးလိုက်တိုင်း
    ဦးနှောက်ရဲ့ ဆုပေးမှုအဖွဲ့အစည်းကို
    သွားလှုံ့ဆော်တယ်။
    ကိုယ့်ရဲ့ ပျော်ရွင်မှုအတွက်
    လက်ရွေးစင်ဆေးက
    ဘေးဥပတ်မဖြစ်ဖို့လိုတယ်။
    Phyo Paing @ Derek
    #drphyopaing
    #DerekDaily #Drphyopaing #Marketing #Digital Marketing #MarketingMyanmar #Motivation

Komentáře • 33

  • @HeinHtetPaing-ds9md
    @HeinHtetPaing-ds9md Před rokem +11

    detox မဖြစ်မနေtryကြည့်သင့်တယ်...no pain no gain ဆိုတာမျိုးလို painပြီးရင်pleasureလာမှာကိုawarnessရှိရမယ် mindful ကိုတော့ သဘောအကျဆုံးပါပဲ Buddha လည်း mindful ကိုအဓိက ပြောထားတယ်

    • @tunlinlin4569
      @tunlinlin4569 Před 9 měsíci

      czcams.com/video/tuxPml4tN_E/video.htmlsi=h8TjqGayxFgAsx8J

  • @tunlinlin4569
    @tunlinlin4569 Před 9 měsíci +1

    book playlist တွေကိုပိုသဘောကျတယ် သိသန့် ချန်နယ် တစ်ခုအဖြစ် လုပ်ရင်းပို ဖြစ်စေချင်တယ် bookတွေအားလုံးနားထောင်ဦးမယ် ကျေးဇူးပါ

  • @JameNotPzO-nk7lo
    @JameNotPzO-nk7lo Před 10 měsíci +1

    အရမ်းလေးစားပါတယ်..ဆရာ ။🤠
    Myanmar နိုင်ငံမှာဆရာလိုလူမျိူးတွေ များများရှိလာဖို့မျှော်လင့်ပါတယ်💯👏🏻👏🏻

  • @harry4isc291
    @harry4isc291 Před rokem +2

    Note တွေချရေးပီးသင်ယူဖစ်ပါတယ် ကျေးဇူးပါ

  • @saiko6414
    @saiko6414 Před 3 měsíci

    အခုလို ဗဟုသုတတွေမျှဝေပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်ပါတယ်ဗျာ 🙏🙏🙏

  • @margarettanini3130
    @margarettanini3130 Před rokem

    ကျေးဇူးပါ ❤

  • @zayyarhtun6273
    @zayyarhtun6273 Před 8 měsíci

    ကျေးဇူးပါ ဆရာဖြိုး

  • @EiPhyuHmwe-qv5zd
    @EiPhyuHmwe-qv5zd Před měsícem

    😊😊😊😊😊😊😊

  • @nannhtikeaung1230
    @nannhtikeaung1230 Před 9 měsíci

    ကျေးဇူးပါ ဆရာဖြိုး ❤❤❤

  • @ela_samuel_
    @ela_samuel_ Před rokem

    thank you par Dr. Phyo

  • @egon954
    @egon954 Před rokem

    Thanks sir

  • @AungzawhtweYouTubechannel

    ကျေးဇူး အထူးတင်ပါတယ်ဆရာ😊

  • @user-wu8pk8rf7m
    @user-wu8pk8rf7m Před 6 měsíci

    Thanks

  • @ko_htet
    @ko_htet Před rokem

    Thanks bro

  • @zwemanm9737
    @zwemanm9737 Před rokem

    ကျေးဇူးတင်ပါတယ်ဗျ တကယ်ကိုအကျိုးရှိလှပါတယါ

  • @tunlinlin4569
    @tunlinlin4569 Před 9 měsíci

    thank you very much

  • @CBum171
    @CBum171 Před rokem

    ကျေးဇူးတင်ပါတယ် ကွီး
    နယ်တွေမှာလည်း ဟောပြောပွဲတွေလုပ်သင့်ပါတယ်

  • @sanshwebo9495
    @sanshwebo9495 Před rokem

    I 'm sure for me that is Pain ပြီး Pleasure လာပါတယ်။addit မဖြစ် ဖို့ mildfulလိုပါမယ်။

  • @moemyintpaing9451
    @moemyintpaing9451 Před rokem

  • @vlogbyheart4993
    @vlogbyheart4993 Před rokem

    တကယ်ဝင်ကြည့်မိလိုက်တာ အကျိုးရှိသွားပါတယ် ဆရာ

  • @SuPyaeLaWun-rb8zh
    @SuPyaeLaWun-rb8zh Před 4 měsíci

    Sir နောက်ဆုံးပိုင်းမှာအဆင်ပြေရဲ့လား

  • @darkwolf3875
    @darkwolf3875 Před 3 měsíci

    Pain and balance ကို မျှအောင်ထားရမယ်

  • @STHVlogs_TH
    @STHVlogs_TH Před rokem

    It' incredible contribution of author and thank you for your sharing ...
    Plan Suffering ... စကားလုံးလေးက သိပ်လေးနက်ပြီး ခံယူနှလုံးသွင်းမိပါတယ်။ အထူးသဖြင့် ဒီနေ့က ခရစ်ယာန်တွေရဲ့ ခရစ်တော်လက်ဝါးကားတိုင်မှာ အသေခံပြီး အသက်ပြန်လည်ရှင်ပြန်လာတယ်လို့ ယုံကြည်ကြတဲ့ ရှင်ပြန်ထမြောက်ရာ တနင်္ဂနွေနေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ... ဆက်စပ်စဉ်းစားမိတယ် ... Plan Suffering အနှစ်သာရကို ... ။ ဘာသာတရားအကြောင်း ကျနော်ပြောလို့ခြင်းမဟုတ်ပါဘူး ... ။
    ခရစ်ယာန်တွေ ယုံကြည်ကြတဲ့ ခရစ်တော်ရှင်ပြန်ထမြောက်ရာနေနဲ့ ... Plan Suffering ကို ဆက်စပ်တွေးမိသွားလို့ပါ။
    အတွေးအမြင်အသစ် တခုနဲ့နိုးထခဲ့ရတဲ့ နေ့တနေ့ပါပဲ ဆရာဖြိုးပိုင် ရဲ့ ပြန်လည်ဝေမျှခြင်းအတွက် ကျေးဇူးပါဗျ

  • @EiZarPhyo-ik3tq
    @EiZarPhyo-ik3tq Před 2 měsíci

    ဘဝကို Restart လုပ်ဖို့လိုတဲ့ စကားကိုအကြိုက်ဆုံးပဲဆရာ Breakthrough ဖြစ်သွားတယ်လို့ ခံစားရတယ် 🙏

  • @gloriahuang4140
    @gloriahuang4140 Před 10 měsíci

    I was confusing about dopamine restriction. Now its quite clear ! thanks😊

  • @Shwehmone1321
    @Shwehmone1321 Před rokem +1

    ဆေးလိပ်ဖြတ်နေတယ် ဂိမ်းဖြတ်တယ် restart ပြန်ချနေပါပြီ

    • @zinmin6708
      @zinmin6708 Před 11 měsíci

      ,ဆေးလိပ်ကဖြတ်လိုမရဘူးနားလို့ဘဲရတာ😢

  • @khinekhinoo248
    @khinekhinoo248 Před rokem

    Restricting ဆိုတဲ့အချက်ကို တော်တော်ကြိုက်တယ်
    ခုလည်း အဲ့လိုဖြစ်နေလို့
    restricting လုပ်ရမယ်

  • @dr.moemoemin1319
    @dr.moemoemin1319 Před 10 měsíci

    ကျေးဇူးအထူးပါဆရာရှင့်🎉🎉🎉

  • @banyarhtaw3626
    @banyarhtaw3626 Před rokem

    Thanks

  • @macwickvea7533
    @macwickvea7533 Před rokem

    Thanks sir