စာကရပေမဲ့ ဘာတွေထပ်လုပ်ရမှန်းမသိတော့ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတာပေါ့-အမရာဘို

Sdílet
Vložit
  • čas přidán 29. 08. 2024
  • ##"ကိုယ်တိုင်ကြုံမှပဲ ဒီ Crown ကြီးကိုလက်ခံရတာ ဘယ်လောက်အထိတာဝန်ကြီးတယ်၊ လူပင်ပန်း၊စိတ်ပင်ပန်း ရတယ်ဆိုတာ ကိုယ်ချင်းစာတတ် သွားတော့တယ်၊ အခုတော့ စီနီယာတွေ က ဘယ်လောက်အထိ Stress တွေပိနေလဲ ဆိုတာ သိလိုက်ရတယ်။ ကိုယ်တိုင်က ပြိုင်ရမယ့်လူမို့ စာမေးပွဲဖြေရတော့မယ်၊ စာကတော့ရတယ်၊ ဟိုမှာဘာတွေပါမလဲ ဆိုတာမသိတော့ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတာနဲ့တူပါတယ် "ဆိုတဲ့ .. အမရာဘို
    ##"အစ်မကို Crown လည်း ဆောင်းပေးလိုက်ပြီး ကိုယ့်တာဝန်တွေကိုလည်း သူ့ဆီလွှဲပြောင်းလိုက်ပြီ၊ တာဝန်တွေအများကြီးလည်းကြီးသလို ဇာလီတို့လည်း အစ်မကို အရမ်းအားပေးနေပါတယ် ။ အစ်မဆိုရင် သူ့အရပ်ကိုကြည့်လိုက်အရမ်းကိုထင်းခနဲ သတိထားမိကြမှာပါပဲ၊ အစ်မအတွက် အားသာချက်ကို အကောင်းဆုံးဖော်ပြနိုင်ရင် အနိုင်ရမယ်ဆိုတာ ယုံကြည်ပါတယ် ဆိုတဲ့ .. ဇာလီမိုး။
    ဒီဇိုင်နာ ရွှေလဝန်း ရဲ့ Show ပွဲမှာ ပါဝင်ဖြစ်ခဲ့တဲ့ Miss Universe Myanmar နှစ်ဦးဖြစ်တဲ့ အမရာဘို နဲ့ ဇာလီမိုး တို့ကို အခုလိုတွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်။
    အနုပညာသတင်းထူးများကို အချိန်နဲ့တစ်ပြေးညီတင်ဆက်ပေးနေတဲ့ Sunday Mediaရဲ့သတင်းထူးများကို ကြည့်ချင်ရင်တော့ Subscribeလုပ်ပြီးဘေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့မမေ့နဲ့နော်၊။
    #SundayjournalMyanmar

Komentáře • 3

  • @kaunghtetkyaw-uu6je
    @kaunghtetkyaw-uu6je Před 9 měsíci

    အပြုံးတုကြီးကကြောက်စရာကြီး😌

  • @okphuket7492
    @okphuket7492 Před 10 měsíci

    နိုင်ငံတာဝန်ထမ်းဆောင်တယ်လို့မပြောပါနဲ့အမရာရယ်
    တောင်းပန်ပါတယ်
    နိုင်ငံကဓါးပြတိုက်ခံထားရတယ်

  • @lynnmyatthu8668
    @lynnmyatthu8668 Před 11 měsíci

    အမရာ ဝတ်စုံစိမ်းက တမင် နိုက်သာနော် ဘို.. အပေါက်ဖောက်ထားတာလား၊
    နိုက်သားနော် တော့သိမှာပါနော်
    မမိုးက crown ကို စွန့်လွှတ်နိုင်ပြီတဲ့လား?