"ထန်းတက်သမား" ဘဝကနေ အညာထန်းတောတွေကို တခေတ်ဆန်းစေခဲ့တဲ့ "အဘပိုင်"

Sdílet
Vložit
  • čas přidán 11. 11. 2020
  • "ထန်းတက်သမား" ဘဝကနေ အညာထန်းတောတွေကို တခေတ်ဆန်းစေတဲ့ "အဘပိုင်" 🌴🌴🥰
    ပုဂံသွားရင် အဘပိုင်ရဲ့ "ပိုင်ထန်းတော” ကမသွားမဖြစ်ပါပဲ။ အညာရိုးရာ အစားအစာတွေနဲ့ ထန်းရည် ရလို့ကို တကူးတက သွားစားရတာကိုး။ ဗူးစင်တွေအောက်မှာ ထန်းရည်သောက်ပြီး ဒီပိုင်ရှင်ဟာ ဘယ်လိုနေမလဲလို့ အမြဲတွေးဖူးတယ်။ တေ့တေ့ဆိုင်ဆိုင် တွေ့ရတော့ ပိုင်ရှင်ဟာ စေတနာကောင်းတဲ့ လူရိုးကြီးဖြစ်နေတော့တာပါပဲ ... ☺️❤️❤️
    (၁၈)နှစ်ကြာ ရုန်းကန်မှုတွေနဲ့ အောင်မြင်မှုရရှိနေတဲ့ ဘပိုင်အကြောင်းလေးကို မနှစ်က အင်တာဗျူးလေး လုပ်ထားပါတယ် ... ☺️☺️
    🔹အတန်းပညာမပြီးဆုံးခဲ့ပေမယ့် ဘဝပညာတွေသင်ပြီး စီးပွါးရေးလုပ်လာခဲ့တဲ့အဘပိုင်။
    🔹တတ်သိတဲ့သူတွေက အကြံပေးတာ လက်ခံသလို၊ ဧည့်သည်တွေရဲ့ လိုအပ်ချက်လေးတွေ အမြဲဖြည့်ဆည်းပေးတယ်။
    🔹ရွာနီးစပ်က ကျောင်းသားလေးတွေကို အလုပ်အကိုင်ပေးထားနိုင်တယ်။
    🔹ကိုယ့်တာဝန်ကိုယ်ယူတတ်အောင် အလုပ်မှာ စီမံခန့်ခွဲနိုင်တယ်။
    🔹ရိုးရာ အစားအသောက်ကိုတန်ဖိုးထားလွန်းတယ်။
    ♥️ အလေးစားဆုံးကတော့ ဗမာကားထဲမှာ သောက်လို့ မူးပြီးရန်ဖြစ်နေကျ "ထန်းရည်" ကို လူတိုင်း သောက်ဖြစ်လာအောင် လုပ်နိုင်ခဲ့တာပါပဲ။
    🔹 အဘပိုင်ကစလို့ ထန်းတောဟာ တစ်ခေတ်ဆန်းလာခဲ့တယ်။ ထန်းရည်ကို ချစ်တတ်လာတယ်။ အိတ်စပိုစ့်တွေ လုပ်ဖို့ကြိုးစားလာကြတယ်။
    တချို့အကြောင်းအရာတွေက ပကာသနမပါပေမယ့် ကြီးကျယ်ခမ်းနားလို့ နေပါတယ်။ စေတနာထားမှု၊ ရိုးသားမှုကို အခြေခံတဲ့ လုပ်ငန်းဟာ အောင်မြင်တယ်ဆိုတာ အဘပိုင်က သက်သေပြလိုက်သလိုပါပဲ ... ☺️☺️☺️
    အဘပိုင်ဆီကနေ အများကြီးသင်ယူခဲ့ရပါတယ်။ အနော့်မိတ်ဆွေတွေလည်း သိရအောင် Video လေးလုပ်ထားလိုက်ပါတယ်လို့ ... 😃😃❤️
    မနှစ်က ပထမဆုံးရိုက်ထားတာမို့ လက်ရာလေးကိုတော့ သည်းခံပါလို့နော့် ... 😁😁☺️
    Video & Edit - Minnye Hla
    ဘပိုင် ဆီကြိတ်နေတဲ့ပုံကို Internet ကနေယူထားပါတယ်။
    လွတ်လပ်စွာ Share လို့ရ
    တဆင့်ကူးယူဖော်ပြခြင်း ခွင့်မပြုပါ
    ဆက်လက်တင်ဆက်ပါဦးမယ်
    ကျေးဇူးတင်ပါတယ်
    ☺️☺️☺️
    #ABaPaing
    #MyanmarPalm
    #Entrepreneur
    #Bagan
    #Myanmar
    #TravelbyNawHtike
    / travelbynawhtike

Komentáře • 44

  • @razurazu6201
    @razurazu6201 Před 3 měsíci +3

    ကျောက်ပန်းတောင်း ညောင်ဦးကြား ရွှေလှိုင်းရွာအကျော်က ပိုင်ထန်းတဲပါ အညာသဘာဝလေးပါ

  • @user-oj2tr6tg4n
    @user-oj2tr6tg4n Před 3 měsíci +3

    ကျောက်ပန်းတောင်းမြို့ကျော်ပြီး ပုဂံညောင်ဦးသွားလမ်းဘေး ဗျတ္တလမ်းခွဲနားက ပိုင်ထန်းတဲပါ

  • @kyawsan9172
    @kyawsan9172 Před 3 měsíci +2

    ကျေးဇူးတင်အားပေးချင်စရာ🎉🎉။
    အစားအသောက်အတု စိုးစဥ်းမျှမဖြစ်ပါစေနဲ့။ထန်းရည်အစစ်(လုံးဝ
    အစစ်)သောက်ချင်ပါတယ်။

  • @user-hg7db8dn4w
    @user-hg7db8dn4w Před 4 měsíci +1

    ကျွန်တော် အညာသား​ပါ ခင်ဗျ။ကျေးဇူးတင်ပါတယ်။

  • @unyinyiseinthan6364
    @unyinyiseinthan6364 Před rokem +3

    လေးစားပါတယ်အဘပုဂံရောက်ရင်လာခဲ့မယ်

  • @UKoLay-eh5kd
    @UKoLay-eh5kd Před 5 měsíci +2

    အလှူရေစက်လက်နဲ့မကွာလှူတဲ့အဘပိုင်မိသားစုကျန်းမာချမ်းသာပြီးသက်ကျော်ရာကျော်ရှည်ပါစေ

  • @uzawmyint7483
    @uzawmyint7483 Před 10 měsíci +3

    လေးစားပါတယ်ဗျား။
    အောင်မြင်မှုဆက်တိုက်ရရှိပါစေ။
    မျိုးဆက်တွေကို အသိပညာအမွေ ဆက်ခံနိုင်ပါစေကြောင်း
    ဆုမွန်တောင်းပါတယ်ခင်ဗျာ။

  • @nilarkyawwin
    @nilarkyawwin Před 2 lety +3

    Loving it!

  • @mgtun7734
    @mgtun7734 Před 3 měsíci

    တကယ်ကို တောတောင်ရေမြေစိမ့်စမ်းသဘာဝကို ရောက်ရှိသွားသလို ခံစားရခြင်းအားဖြင့် ပိုင်ရှင်ရ့ဲ စိတ်စေတနာပြဌာန့်းချက် ခန့်မှန်းလို်ရပါတယ် သူများတွေ စိတ်ချမ်းသာသလို အဘပိုင်လည်း စိတ်ချမ်းမြေ့သာယာရှိကြပါစေလေ

  • @ayeayemaw4946
    @ayeayemaw4946 Před 2 lety +2

    A Naw Lay,i m watching video.

  • @ayeayetun9793
    @ayeayetun9793 Před rokem +2

    A Naw yay, I am watching also

  • @thinmyintmoe2765
    @thinmyintmoe2765 Před rokem +2

    ❤❤❤

  • @d3xterzx
    @d3xterzx Před 2 lety +2

    Nice

  • @user-wj1gu8hp2x
    @user-wj1gu8hp2x Před 3 měsíci

    အကြော်စုံလည်းစားကောင်းတယ်.ငုံကြော်လေးလည်းစားကောင်း.အနောက်ကရှုခင်းလေးတွေလည်းအရမ်းလှတယ်..ရောက်ဖူးရင်.အရမ်းပျော်စရာကောင်းတယ်ဗျာ

  • @BaBa-lt8nb
    @BaBa-lt8nb Před 3 měsíci

    အများအပေါ်
    .....စေတနာ
    .................ထားရှိသလို
    အတွေးအခေါ်လဲ
    .......................ကောင်းပ

  • @aungzawoo3354
    @aungzawoo3354 Před 2 lety +1

    😍😍😍

  • @haymannoo8201
    @haymannoo8201 Před 2 lety +1

    ❤️❤️❤️❤️❤️❤️

  • @user-qm6hk3hg3l
    @user-qm6hk3hg3l Před 3 měsíci

    အလွမ်းဖြေ
    ထန်းရည် သောက်ရင်း
    အရောက်လှမ်း
    ကိုဗျတ္တ မယ်ဝဏ္ဏ
    ရင်နစ်စရာ
    မေတ္တာဘွဲဲ့ဇတ်လမ်း
    လွမ်းကြည့်လှဲ့စမ်း။
    (အညာသား)

  • @khinpyaephyohtet9676
    @khinpyaephyohtet9676 Před rokem +1

    🤩🤩🤩

  • @sharedbylouisaugustine479

    ချစ်ဖို့ကောင်းလိုက်တဲ့ vlog လေး

  • @manway3078
    @manway3078 Před 4 měsíci

    အရင်တစ်ခေါက်က.
    ယာဘက်ခြမ်းထဲလက်ဆောင်ဝယ်
    ခုတစ်ခေါက် အကြော်စားရင်း
    လမ်းတစ်လျှောက် သစ်ပင်မှာချိတ်ထားတဲ့စာတေ့လိုက်ဖတ်ရင်း ဓာတ်ပုံရိုက်သိမ်းတယ်၊စာကြည့်တိုက်ထဲဝင်ပြီး ဓာတ်ပုံရိုက်ထားတယ်။
    လေးစားပါတယ်။မှတ်တမ်းလည်းအမှတ်တရ ရေးခဲ့ပါတယ်။

  • @cherryaung1615
    @cherryaung1615 Před 2 lety +2

    စားခဲ့တဲ့ဘူးသီးကြော်လေး တောင် သတိရလာပီ သဘာဝအတိုင်း အေးချမ်းသာယာလို့ ကိုယ်တော့ မြွေတောင်တွေ့ခဲ့သေး

  • @eithuzaraung3509
    @eithuzaraung3509 Před 2 lety +2

    ဒီ ဗီဒီယိုလေးနဲ့စသိ😘

  • @user-gh3kj2rc7h
    @user-gh3kj2rc7h Před 5 měsíci +1

    ပျော်ပျော်နေတတ်တဲ့ ဘပိုင်

  • @haymanhnin2410
    @haymanhnin2410 Před 6 měsíci +1

    စိတ်ချမ်းသာစရာပါစားပြီးသိပ်ပျော်စရာကေင်းပါသည်

  • @SamsungJ-te2jx
    @SamsungJ-te2jx Před 3 měsíci

    ကန်းထရီးစတိုင် ထန်းရေဆိုင်

  • @soemyat2847
    @soemyat2847 Před rokem +1

    ကြော်ငြာလေးတွေတက်သေးတယ်

  • @eaintpyaephyothu349
    @eaintpyaephyothu349 Před 2 lety +4

    အ​နော​ရေvideo​လေး​တွေကို​နေ့စဥ်ဝင်ကြည့်​ပေး​နေတယ်​နော် အားတင်းထားပါ အ​နောဝါသနာပါတဲ့အလုပ်​လေးအမြန်ဆုံးပြန်လုပ်နိုင်ပါ​စေရှင့်

  • @addsomeaddsome5853
    @addsomeaddsome5853 Před 2 lety +1

    စိတ်ကူးအတွေူအရမ်းကောင်းတယ် တော်တယ်

  • @kochitsayar3739
    @kochitsayar3739 Před 3 měsíci

    ဘူးစဥ်အောက်ဆိုတာလူတိုင်းဝင်ခဲပါတယ်

  • @zopadawibur
    @zopadawibur Před 3 měsíci

    တစ်​နေ့အ​ရောက်သွားပြီးအား​ပေးမယ်

  • @ayechanmaung9464
    @ayechanmaung9464 Před rokem +2

    ဖိုက်တာကြီးစီလာလည်

  • @Gangster07872
    @Gangster07872 Před 3 měsíci

    ကောင်မကလဲမေးလဲမေးချင်သေးမေးလဲမမေးတတ်ဘူး😅

  • @user-dm3cr9yc9c
    @user-dm3cr9yc9c Před 3 měsíci

    ဘယ်နေရာဆိုတာဖေါ်ပြသင့်တယ်

  • @user-vb3de4ky8n
    @user-vb3de4ky8n Před 3 měsíci

    လာချင်တယ်ဗျာ

  • @happyboypeacemaker
    @happyboypeacemaker Před 3 měsíci

    အခုပိုစုံနေပီ မြန်မာ့ဆိုင်းဝိုင်းတွေ နဲ့တစ်ခ​းြစိတ်ဝင်စားစရာအပြည့်နဲ့ပါ အထူးသဖြင့် လွတ်လပ်စွာနားနေခွင့်ရတာပါပဲ အစားအသောက်လဲစျေးသင့်ပါတယ် ဝန်ထမ်းတွေကလဲရွာသူတွေမို့ရိုးသားဖြူစင်သဘောကောင်းကြပါတယ် ဗ

  • @HappyBackpacker-eg4wy
    @HappyBackpacker-eg4wy Před 3 měsíci

    ထန်‌ရည်အစစ်ကဤကဲ့သို့ပေါများစွာရနိင်ပါသလား
    ကောင်းမကလော်ဘီလေ

    • @snowlover2013
      @snowlover2013 Před 3 měsíci

      ထန်းရည်အစစ်က ဒီချိန်ဆို အများကြီးရတယ်။ အိမ်က အစ်မတို့ ထန်းလုပ်တာဆို ဆယ်ပုံး ဆယ့်ငါးပုံး အနည်းဆု့း ရတာ တနေ့တနေ့။ များတဲ့နေ့ဆို ပုံး ၂၀ လောက်ရတာ ထန်းလျက်ကျိုရတာ ထင်းရှာရခက် နေကပူ မီးကပူနဲ့

  • @khinthatzin9755
    @khinthatzin9755 Před rokem +4

    အညာ ဘယ် ရွာ မှာ ရှိ ပါ သလည်း

    • @user-cd2pk4bp6e
      @user-cd2pk4bp6e Před 3 měsíci

      ပုဂံသွားတဲ့လမ်းမှာပါ

  • @yannaing7132
    @yannaing7132 Před 4 měsíci +2

    ဦးလေးကအတုယူစရာကောင်းလိုက်တာ

  • @thoungkyawtkyawt3690
    @thoungkyawtkyawt3690 Před 2 lety +2

    Nice