ရှမ်းမြောက်တိုက်ပွဲမှာ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က စစ်စခန်း ၁၅ ခုနဲ့ ကျောက်မဲမြို့ကို သိမ်းထား

Sdílet
Vložit
  • čas přidán 5. 09. 2024
  • ရှမ်းမြောက်တိုက်ပွဲမှာ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က စစ်စခန်း ၁၅ ခုနဲ့ ကျောက်မဲမြို့ကို သိမ်းထား
    တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီရဲ့တပ်တွေရဲ့ ရှမ်းမြောက်တိုက်ပွဲအတွင်း စစ်စခန်းပေါင်း ၁၅ ခုနဲ့အထက် သိမ်းဆည်းထားပြီလို့ သိရပါတယ်။
    မနေ့ ဇွန် ၂၅ ရက်နေ့က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအဆက်အနေနဲ့ ရှမ်းမြောက်က ကျောက်မဲ၊ နောင်ချို၊ သီပေါမြို့တွေနဲ့ မန္တလေးတိုင်းအတွင်းက မိုင်းကုတ်၊ မိုးမိတ်နဲ့ မတ္တရာမြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။
    တိုက်ပွဲဖြစ်ပွားတဲ့ နှစ်ရက်တာအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ကျောက်မဲမြို့ပေါ်က ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေနဲ့ မိုးကုတ်မြို့ ဒေါ်နန်းကြည်တောင်ကို သိမ်းပိုက်ထားနိုင်ပြီး စစ်စခန်းပေါင်း ၁၅ ခုနဲ့အထက် သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။
    တိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဉ်ဗုံးနဲ့ ဒရုန်းတွေအသုံးပြုပြီး တိုက်ခိုက်နေပေမယ့် မြေပြင်မှာ စစ်စခန်းတွေကို လက်လွှတ်ဆုံးရှုံးနေတာပါ။
    ရှမ်းမြောက်ဒေသတွင်း တိုက်ပွဲတွေကြောင့် ပြည်သူလူထု သေဆုံးထိခိုက်မှုတွေရှိနေပြီး စစ်ဘေးလွတ်ရာ နေရာတွေကို လူဦးရေသောင်းချီပြီး ထွက်ပြေးတိမ်းရှောင်နေရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
    ရှမ်းပြည်အတွင်း ရှမ်းတောင် ဆီဆိုင်နဲ့ ပင်လောင်းမြို့နယ်တွေမှာလဲ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တပ်ဖွဲ့တို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ PNLA နဲ့ ဒေသခံ PDF တပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီ ရှမ်းမြောက်မှာတော့ တအာင်း(ပလောင်)တပ်ဖွဲ့ (TNLA)ဦးဆောင်ပြီး NUG လက်အောက်ခံ PDF တပ်ဖွဲ့တွေ နဲ့ ဓနုအမျိုးသားလွတ်မြောက်ရေးတပ်ဦး-DPLFတို့ ကျောက်မဲ၊ နောင်ချိုနဲ့ သီပေါမြို့နယ်တွေအတွင်း ထိတွေ့တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေတာပါ။

Komentáře • 2

  • @kantiyaboonsawang8444
    @kantiyaboonsawang8444 Před 2 měsíci

    မဂ်လာပါချစ်သတင်းရေ❤

  • @sawkyawsawkyaw-jm9oe
    @sawkyawsawkyaw-jm9oe Před 2 měsíci

    စစ်အာဏာရှင်အမြန်ကျဆုံးပါစေ