ထိုင်းမှာ TR Visa ရက်၆၀ မကုန်ခင် နောက်ထပ် ဗီဇာ တစ်လ ထပ်တိုးနည်း | Visa Extension for one month

Sdílet
Vložit
  • čas přidán 8. 09. 2024
  • How to extend TR visa in Thailand
    TR Visa Extension (1-month) တစ်လသက်တမ်းထပ်တိုးနေဖို့ Immigration Office သို့ ယူသွားရမယ့် Documents တွေကတော့
    🇲🇲လျှောက်ထားမည့်သူမိမိဘက်က ပြင်ဆင်ရမယ့်စာရွက်
    1. 🇲🇲Passport မူရင်း
    2. 🇲🇲Passport စာအုပ်ရဲ့ ပထမဆုံး မိမိနဲ့ဆိုင်တဲ့ Personal Information ပါတဲ့ (Biography Page) စာမျက်နှာ Copy ၂စုံ
    3. 🇲🇲Passport စာအုပ်ရဲ့ Visa အဝင်တုန်း ထုထားတာပါတဲ့စာမျက်နှာ Copy ၂စုံ
    4. 🇲🇲TM -7 Form
    www.immigratio...
    1. ဓာတ်ပုံ -၁ပုံ
    2. Visa Extension Fee - 1900 Baht
    3. Acknowledge of penalties for Visa Over Stay Form ဖြည့်📌 Download here ⬇️
    bangkok.immigr...
    1. STM 2 (ACKNOWLEDGEMENT OF TERMS AND CONDITIONS FOR PERMIT OF TEMPORARY STAY IN THE KINGDOM OF THAILAND) Form ဖြည့်📌 Download here ⬇️
    iad.kku.ac.th/...
    🇹🇭မိမိနေထိုင်တဲ့အိမ် /အဆောင် ပိုင်ရှင်ဆီမှ Visa လျှောက်ရန် တောင်းယူသွားရမယ့်စာရွက်
    1. TM-30 (သန်းခေါင်စာရင်း တိုင်ပေးထားတဲ့ စာရွက်လိုမျိုး) Download here ⬇️ www.immigratio...
    2. အိမ်ရှင်ကိုယ်တိုင်မလိုက်နိုင်ရင်( Power of Anthony) စာရွက်နဲ့ တံဆိပ်ခေါင်းကပ်ပြီး ယူသွားရမယ် 📌 Download here ⬇️
    pcscenter.sbpo...
    🇹🇭အိမ်ရှင်ဆီမှ မိမိနေထိုင်တဲ့နေရာကို ပိုင်ဆိုင်ကြောင်း အထောက်အထား Ownership Documents - (NRC card, Census, Grant -Copy 2စုံ )📌
    🇹🇭အိမ်ဌားစာချုပ်/အထောက်အထား ( Lease Agreement ) / သူငယ်ချင်းတွေလို့ပြောပြီး ဒီတိုင်း Free နေတာလို့ပြောလဲရပါတယ် 📌
    Immigration Office တစ်ခုနှင့်တစ်ခု တောင်းတဲ့စာရွက် မတူသော်လည်း ဒီစာရွက်တွေပါလာရင်တော့ စိတ်ချရပါပြီ။
    မခက်တာမို့လို့ Download လုပ်ပြီး အကုန်ဖြည့်သွားတာ ကောင်းပါတယ် ။ မဟုတ်ရင် ၂ခေါက်သုံးခေါက်ပြန်နေရမယ်။
    📌 Pin ပြထားတဲ့ တစ်ချို့စာရွက်တွေက တစ်ချို့ ပြည်နယ်တွေမှာ မတောင်းဘူး။
    *Nonthaburi ကတော့ အပေါ်က ဖော်ပြထားတဲ့စာရွက် အကုန်သေချာကို တောင်းပါတယ်။
    Bangkok Office ကတော့ချောင်ပါတယ် ။
    #Governmentcomplex #BuildingB #Visa #Visaextension #bangkok #inthailand #todaynews #TM7 #TM30 #Visaprocess #TouristVisaExtensioninBangkokImmegration

Komentáře • 107

  • @myawinhlaing5495
    @myawinhlaing5495 Před 6 měsíci

    ကျေးဇူးတင်ပါတယ်ခင်ဗျာ၊အတော်လေးပြည့်စုံပါတယ်

    • @San-Phyo
      @San-Phyo  Před 6 měsíci

      Feedback လေး ပြန်လုပ်ပေးလို့ ကျေးဇူးတင်ပါတယ် ။

  • @ZinThuKo-ssz10at
    @ZinThuKo-ssz10at Před 2 měsíci +1

    Brother vlogတွေကြည့်ပီးလာရမှာပါဗျာ broကျေးဇူးကြီးပါတယ် လေယာဉ်လက်မှတ်အကြောင်းနဲ့ hotel bookingအကြောင်းသိပ်နားမလည်လို့ဗျာ့

    • @San-Phyo
      @San-Phyo  Před 2 měsíci

      ဒီ Channel မှာရော တစ်ခြား Channel တွေမှာပါတင်ပေးထားပါတယ်။ သေချာရှာဖွေလေ့လာပါ။ အဆင်ပြေပါလိမ့်မည်။

  • @KyawGyiMyanmarYGN
    @KyawGyiMyanmarYGN Před 3 měsíci +2

    ချင်းမိုင် TM30 နဲ့လူက ဘန်ကောက်ရောက်နေတုန်း ဘန်ကောက် immigration ရုံးမှာ TR VISA ကိုတိုးလို့ရလားခင်ဗျ။

    • @San-Phyo
      @San-Phyo  Před 3 měsíci

      သေချာမလုပ်ဖူးပေမယ့် မရဖို့များပါတယ်။ ကျနော် Nonthaburi TM30 နဲ့ BKK မှာ Try ဖူးတယ် မရဘူးလို့ ညင်းခံရဖူးပါတယ်။

  • @kyawzawaung3712
    @kyawzawaung3712 Před 3 měsíci

    TM 30 check-in date နဲ့ သက်တမ်းသွားတိုးမယ်ံရက်ဘယ်လောက်ကွာလို့ရလဲခင်ဗျ

  • @ZinThuKo-ssz10at
    @ZinThuKo-ssz10at Před 2 měsíci +1

    Visa လျှောက်ရင် လေယာဉ်အသွားအပြန်လက်မှတ်ပြရမယ်ဆိုတာက ဝယ်ထားရမှာလားဗျာ့ ထိုင်းကHotelကို bookingကဘယ်လိုလုပ်ရတာလဲဗျာ့ ထိုင်းမှာကအသိကလည်းမရှိတော့ ထိုင်းမှာဘယ်လိုနေရင်အဆင်ပြေလောက်လဲဗျာ့ အသေးစိတ်လေးvlogလေးရိုက်ပြပါလားဗျာ့
    သူများတွေလိုခေါ်တဲ့သူကမရှိတော့ကိုယ့်ဘာသာလာရမှာ အတွေ့အကြုံမရှိတော့တကယ်အခက်အခဲဖြစ်နေလို့ပါဗျာ့

    • @San-Phyo
      @San-Phyo  Před 2 měsíci

      သွားမယ့်ရက်သေချာရင်တော့ လေယာဉ် အသွား အပြန်လက်မှတ် အတိအကျ ဝယ်ပြီးForm နဲ့အတူတွဲတင်ရမှာပါ။ အကို့ ဒီ Video ထဲမီာလဲရှင်းပြထားပေးပြီးသားပါ။မရှင်းရင် သေချာလေးပြန်ကြည့်ပါ။ Hotel Booking ကိုတော့ Agoda ကတင်လို့ရပါတယ်။ ငွေမကုန်ပေမယ့် Bank Card တော့ရှိဖို့လိုပါတယ်။
      ဒီ Channel မှာ နိုင်ငံခြားသွားဖို့ လေယာဉ် စီးဖို့ လေဆိပ်မှာ စကားပြောဆိုဖို့ စတဲ့ ဆောင်ရန် ရှောင်ရန် Video တွေ အကုန်လုံး စုံအောင်တင်ထားပေးပါတယ်။
      ထိုင်းမှာ အသိမရှိရင် အဆင်ပြေလောက်လားဆိုတာ မိမိပါသာစဉ်းစားရမှာပါ။ ကျနော်လဲ အသိတစ်ယောက်မှ မရှိပဲ ရပ်တည်နေတာပါ။
      ထိုင်းကို သူများတွေအားကျပြီး သွားချင်စိတ်ပဲရှိတယ်။ ဒါပေမယ့် လေ့လာရမှာ ပျင်းတယ် စိတ်မရှည် စိတ်မပါဘူး။ အသိမရှိဘူး။ တစ်ခုခုဆို မိမိပါသာ ကြိုးစားဖြေရှင်းမယ်၊ သည်းခံမယ်၊ စတဲ့ အရမ်းအခြေခံကျတဲ့ စိတ်တွေ မရှိရင်တော့ အလည်ပဲလာပါ။ အဆင်ပြေပါတယ်။
      အလုပ်လုပ်မယ်ဆိုရင်တော့ အဆင်ပြေဖို့ဆိုတာ တော်တော်ခဲယဉ်းပါမယ်။
      သူများတွေလို ခေါ်တဲ့သူတွေ ဘာတွေ ထည့်မတွေးပါနဲ့။
      ဘယ်သူမှ မခေါ်ပဲ မိမိပါသာ ခုထိ လေ့လာ ကြိုးစား ရပ်တည်နေကြတဲ့ သူတွေ တစ်ပုံကြီးပါ။ ပညာမစုံကြတဲ့ မိန်းကလေးတွေတောင် တစ်ယောက်တည်း ကြိုးစား ရပ်တည်နေနိုင်ကြပါတယ်။ သူတို့တွေကို လေးစား အတုယူချင် လဲရပါတယ်။
      မပျင်းတဲ့စိတ် လေ့လာဆည်းပူးတတ်တဲ့စိတ် နဲ့ တကယ်ကြိုးစားရင် အရာရာ လွယ်နေပါလိမ့်မည်။ အဆင်ပြေပါစေဗျ။ ☘️

  • @ayechanmoe-lt9gn
    @ayechanmoe-lt9gn Před měsícem +1

    pvနဲ့သွားပြီးအလုပ်လုပ်မှာဆိုတော့အလုပ်မှာနေမှာဆိုတော့အိမ်ပိုရှင်ကိုဘယ်လိုလုပ်ရမလဲ

    • @San-Phyo
      @San-Phyo  Před měsícem +1

      @@ayechanmoe-lt9gn မိမိပါသာ အလုပ်လုပ်သည်ဖြစ်စေ၊ လျှောက်လည်သည်ဖြစ်စေ မိမိနဲ့ပဲဆိုင်ပါတယ်။ အိမ်ရှင်ကို ဘာမှလုပ်စရာမလိုဘူး။ သူသိစရာမလိုပါဘူး။ သူလုပ်ပေးရတဲ့ TM30 ဆိုတာ သူ့အိမ်မှာ နေနေတဲ့အကြောင်းကို အစိုးရကို အသိပေးတာ။ ဒီနေရာ ဒီအိမ်မှာ မိမိရှိနေတဲ့အကြောင်း ဧည့်စာရင်း တိုင်ပေးတဲ့သဘောပဲ။ Online ကနေ အသိပေးရတာပါ။

  • @sarrarkit
    @sarrarkit Před 2 měsíci +1

    ရောက်တာနှစ်လပြည့်တော့မယ် ဦးလေးဆီမှာဒီတိုင်းနေနေတာ
    TM 30 မလုပ်ရသေးလို့အစ်ကို ဘယ်လိုလုပ်လို့ရလဲခင်ဗျ

    • @San-Phyo
      @San-Phyo  Před měsícem

      ဦးလေနေနေတဲ့ အိမ်ရှင်ကိုလုပ်ခိုင်းပါ။ ညှိလို့အဆင်မပြေရင်တော့ ပွဲစားတွေနဲ့လုပ်လို့ရပါတယ်။ ဘယ်ပွဲစားမှန်လဲတော့အကိုလဲမသိပါဘူး။

  • @HtetMonMonKyaw6614
    @HtetMonMonKyaw6614 Před 4 měsíci +1

    3လမြောက်နေပီးရင် online booking ယူရတယ်ပြောလို့ booking ယူနည်းလေးပြောပြပါဦး

    • @San-Phyo
      @San-Phyo  Před 4 měsíci

      ကျနော်က Visa ရသွားတာမို့ အဲ့ဒီအဆင့်ထိ မရောက်လိုက်လို့သေချာမသိဘူးဗျ။ အဆင်ပြေပါစေ။

  • @htayhtay2679
    @htayhtay2679 Před 2 měsíci +1

    အစ်ကိုရေ တကယ်လို့ ကိုယ်သူငယ်ချင်းအိမ်မှာနေရင် ယူသွားစရာလို့လားရှင်

    • @San-Phyo
      @San-Phyo  Před 2 měsíci

      ဘာကိုသိချင်တာလဲ?

  • @MonkeyDLuffy-sb9qo
    @MonkeyDLuffy-sb9qo Před 6 měsíci +1

    14 ရက် visit နဲ့ e extension တိုးနည်းလေး ဝေမျှပေးရင် ကောင်းမယ်ဗျာ တကယ်လိုအပ်နေလို့ပါ နောက်ပြီး 14 days visit နဲ့လာရင် extension တိုးဖို့ ဘာစာရွက်စာတန်းတွေပြင်ထားဖို့လိုလဲဗျ

    • @San-Phyo
      @San-Phyo  Před 6 měsíci

      ကျနော့်အတွေ့အကြုံပဲမျှဝေပေးတာပါ။ ၁၄ရက်နဲ့ Extension မလုပ်ဖူးပါဘူး။ Fb Group တွေမှာ ရှာကြည့်ကြည့်ပါ။ အဆင်ပြေပါစေ ☘️

    • @Nangsandarmin-
      @Nangsandarmin- Před měsícem

      အတူတူဘဲဒီမှာ

  • @dannythant5011
    @dannythant5011 Před 5 měsíci +2

    samut prakan mar nay yin bal immigration ko twar ya lal bya. pee tot online booking lote ya tay lar bya extend poh atwat

    • @San-Phyo
      @San-Phyo  Před 5 měsíci

      ရှိပါတယ် ။ ဒီမှာပါ။
      Samut Prakan Immigration Office
      maps.app.goo.gl/c4hfweTK1DLj2u646?g_st=ic
      Online ကနေ Extend လုပ်လို့တော့ ရတယ်ပြောကြတယ်။ ကျနော်တော့ မလုပ်ဖူးလို့ မမျှဝေတာပါ။ Try ကြည့်ပါ။ Good Luck ☘️

  • @KhonMinThuRayn
    @KhonMinThuRayn Před 2 měsíci +1

    သူတို့ဘာတွေမေးလဲ အကို
    မေးရင် ဘယ်လို ပြန်ဖြေရမလဲ ဆိုတာပါ ပြောပေးပါ ဦးဗျ

    • @San-Phyo
      @San-Phyo  Před 2 měsíci

      အချက်အလက် စုံရင် ဘာမှ သိပ်မမေးဘူး။ လူတွေအမြဲများနေတတ်တာမို့ မရစ်ဘူး။ မြန်မြန်လုပ်ပေးပါလိမ့်မယ်။ စာရွက်စာတက မစုံရင်သာ လုပ်မရမှာပါ။

  • @aiyax28
    @aiyax28 Před 6 měsíci +1

    Visit Visa 2လ နဲ့ ရောက်လာပြီး 2လ လုံး အိမ်ခန်း မငှားဘဲ တနိုင်ငံလုံး ပတ်လည်နေတဲ့သူ ဆိုရင်ရော တလထပ်သွားတိုးတဲ့ချိန် TM30 TM7 က ဘယ်လိုလုပ်ရမှာလဲဗျ

    • @San-Phyo
      @San-Phyo  Před 6 měsíci

      အဲ့မေးခွန်းကို Bangkok Immigration မှာ ကျနော် တစ်ခါမေးခဲ့ဖူးပါတယ်။
      ကျနော့်ကို ဘဏ်ကောက်မှာ မဟုတ်ပဲ ကျနော်အခု လောလောဆယ် နေနေတဲ့ Province မှာ Extend လုပ်ဖို့ပြန်လွှဲခဲ့လို့ပါ။ မိမိနေတဲ့မြို့မှာ Extend မလုပ်ပဲ Bkk မှာ Extend လာလုပ်မိလို့ပါ။ ဒါတောင် Bkk နဲ့ ကပ်နေတာနော်။
      သူကတော့ Hotel တွေကမှ တဆင့် တင်ပေးတယ်လို့ဆိုပါတယ်။ Hotel တိုင်းက သူ့ဆီ လူဝင် လူထွက်ကို TM 30 Form ပုံစံနဲ့ ရက်အပေါ်မူတည်ပြီး Gov ကို Inform လုပ်တယ်ထင်တာပါပဲ။ (အသေအချာမသိနော်)
      နောက်တစ်ခုက ဘန်ကောက် Immigration, ချင်းမိုင် Immigration , Nonthaburi Immigration စတဲ့ Immigration တွေဟာ တစ်ခုနဲ့တစ်ခု ဟာ Documents တွေ တောင်းတာခြင်း မတူကြဘူးလို့ သူတို့ကိုယ်တိုင်ပြောပြပါတယ်။ သက်ဆိုင်ရာရုံးမှာ လုပ်ဖို့ပဲပြောပါလိမ့်မည်။ တချို့ Immigration က bro ရဲ့ Passport နာပါတ်ရိုက်ကြည့်ပြီးတာနဲ့ TM 30 လိုမလိုပြောပါလိမ့်မယ်။
      ဆိုတော့ ခုနလို့ လျှောက်သွားနေတဲ့သူဆို တောင်းချင်မှတောင်းမှာပါ။

  • @Dandelion-bl5xm
    @Dandelion-bl5xm Před 2 měsíci +1

    အမျိုးအိမ်မှာနေရင်ကော TM-30formလိုလားရှင့်

    • @San-Phyo
      @San-Phyo  Před 2 měsíci

      @@Dandelion-bl5xm အမျိုးက သူပိုင်တဲ့အိမ်မဟုတ်ရင်တော့ အဲ့အိမ်ပိုင်ရှင်ဆီကတောင်းပါ။ Online ကနေလျှောက်ပေးရတာပါ မခက်ပါဘူး။ သူ့ Info ရှိရင် ရပါပြီ။

  • @yiemon2243
    @yiemon2243 Před 6 měsíci +1

    အကို ထိုင်းမှာ 6လလောက်ထိထပ်ချင်တာ work permit တွေ ပန်းျရာင်ကဒ်တွေမလုပ်ချင်တာမို့ Ed visa လျှောက်ရမလား TR visa က်ု extension တိုးပြီးနေရမလားဟင်

    • @San-Phyo
      @San-Phyo  Před 6 měsíci

      ED Visa လျှောက်လဲ ကောင်းတာပါပဲ။ ကြာကြာနေလို့ရတယ် ငွေတော့ ပိုကုန်တာပေါ့။
      TR Visa ကိုတိုးနေရင်လဲ ရတာပါပဲ။ အလုပ်တော့ နဲနဲရှုပ်တာပေါ့။ ခုဆို ပိုဆိုးမယ်ထင်တယ်။

  • @heinhtutooheinhtutoo1723
    @heinhtutooheinhtutoo1723 Před měsícem +1

    Bro ဖောင်မှာလေ TM 6 No ကဘာကိုဖြည့်ရမှာလဲဗျ ဖြေပေးပါနော်

    • @San-Phyo
      @San-Phyo  Před měsícem

      @@heinhtutooheinhtutoo1723 Skip လို့ရပါတယ်။ အရင်က ထိုင်းကိုရောက်ရင် လေယာဉ်ပေါ်မှာ TM 6 ကတ်လေးတွေ ဝေပေးတယ်။ Arrival Card ပေါ့။ Immigration မှာပြပေးရတယ်။ ခုနောက်ပိုင်းတော့ မပေးတော့လို့ အဲ့နာပါတ်က မဖြည့်လဲရပါတယ်။ သူတို့မတောင်းဘူး။

  • @AungsanwinKayan
    @AungsanwinKayan Před 4 měsíci +1

    မလေးရှားကနေ ထိုင်းကိုအလည်း 2လ သွားမယ်ဆို့ရင်း
    ထိုင်းဗီဇာက ထိုင်းရောက်မှဝယ်ရမှလာ

    • @San-Phyo
      @San-Phyo  Před 4 měsíci

      14 ရက် Visa Free ရပါတယ် Return Ticket တော့ပါရမယ် ။

    • @AungsanwinKayan
      @AungsanwinKayan Před 4 měsíci

      @@San-Phyo 2လအလည်းသွားမယ်ဆိုရင်ရော့
      ဗီဇာဘယ်လိုဝယ်ရလဲ ပြောပြပေပါလာ
      1လဆို ဗီဇာခဘယ်လောက်ပေရလဲ

  • @lynnkhant6454
    @lynnkhant6454 Před 5 měsíci +1

    အကိုပြောထားတယ့်requirementတွေကအကုန်basic needsတွေလားအကို ဘယ် immigration officeသွားပီးတိုးတိုး

    • @San-Phyo
      @San-Phyo  Před 5 měsíci +1

      Video ထဲမှာပြောထားသလိုပါပဲ Immigration တစ်ခုနဲ့တစ်ခု တောင်းတဲ့ Doc ချင်းမတူပါဘူး။
      ဒါပေမယ့် ကျနော်ဖော်ပြထားတဲ့အချက်တွေသာစုံရင် ဘယ် Immigration သွားသွား ပြည့်စုံပါတယ်။

    • @lynnkhant6454
      @lynnkhant6454 Před 5 měsíci

      @@San-Phyo ကျေးဇူးပါအကို

  • @zweminhtet5791
    @zweminhtet5791 Před 5 měsíci +1

    Bro 1 month e extension က ဘယ်နှခါတိုးလို့ရလဲဗျ စုစုပေါင်း

    • @San-Phyo
      @San-Phyo  Před 5 měsíci

      ကြာချိန်က ခုလုပ်ခုရပါတယ် ။ စာရွက်စာတမ်း မပြည့်စုံရင်ကြာနေတတ်လို့။ တစ်ပါတ်လောက်ခွာရင်အတော်ပါပဲ။

  • @aungkyawkyawkhant7065
    @aungkyawkyawkhant7065 Před 4 měsíci +1

    tourist visa နဲ့ Re-Entry တုံးထုပြီး မြန်မာပြန်လို့ရလားဗျ

    • @San-Phyo
      @San-Phyo  Před 4 měsíci

      မရဖို့တော့များပါတယ်။ အဝင်အထွက် လုပ်ချင်ရင် TRVisa ကိုမှ Multi Entry ဆိုပြီး လျှောက်ရပါတယ်။ US$ ပိုပေးရပါတယ်။
      TR Visa Single Entry ဆိုရင် စပြီးသူ့နိုင်ငံထဲဝင်လိုက်တာနဲ့ Used Stamp ကို Visa ပေါ်မှာ ထုတာဆိုတော့ အဝင်အထွက် လုပ်လို့ မရပါဘူး။
      အဆင်ပြေပါစေ 🍀

  • @myomyanmarchannel4733
    @myomyanmarchannel4733 Před měsícem

    ကစား​လေး​ပြောချင်လို့fb acc​လေးများမရှိဘူးလား

  • @mgkyaw1626
    @mgkyaw1626 Před 5 měsíci +1

    သက်တမ်းက တလ တခါ တိုးတာ
    ဘယ်နလထိအများဆုံးတိုးလို့ရလဲဗျ

    • @San-Phyo
      @San-Phyo  Před 5 měsíci

      ၃ခါလောက်အထိ ရပါတယ် ☘️

  • @saiseinmyinsain2653
    @saiseinmyinsain2653 Před 2 měsíci +1

    စာအုပ်သက်တမ်း၇ရက်ကျန်တာ ဗီဇာတိုးလို့ရလားဗျ

    • @San-Phyo
      @San-Phyo  Před 2 měsíci

      မရပါဘူး။

  • @hlaingminthu2749
    @hlaingminthu2749 Před 6 měsíci +1

    ၁၄ ရက် visit နဲ့ လာပြီး e extension 1လ ထပ်တိုးရင်ရော ဒီprocess နဲ့ တူတူပဲလားခဗျ

    • @San-Phyo
      @San-Phyo  Před 6 měsíci

      14 ရက် Visa ကို Extension တစ်လတိုးတာတော့အကိုမလုပ်ဖူးလို့ ပြောပြရခက်ပါတယ်။
      မြန်မာသံရုံးထောက်ခံစာ လိုဖို့များပါတယ်။ဒီ Process နဲ့ အတိအကျမတူနိုင်တာတော့သေချာပါတယ်။

    • @klllinn7600
      @klllinn7600 Před 3 měsíci

      TM 3000လ်ုတယ်

  • @MyatThuzar-ji2vg
    @MyatThuzar-ji2vg Před 3 měsíci

    14ရက်free visaလာပီး 1လတိုးချင်ရင်ဘယ်လိုလုပ်ရမလဲ

  • @kyalsin9311
    @kyalsin9311 Před 3 měsíci +1

    bro ကျနော်က Bangkok စရောက်ကတည်းက သူငယ်ချင်းက free ပေးနေတာ ဆိုတော့ ဘယ်လို ဆက်လုပ်သင့်လဲဗျ။
    TM30 က သူငယ်ချင်းနာမည်ပဲ ပါနေတော့လေ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

    • @San-Phyo
      @San-Phyo  Před 3 měsíci

      အပြင်မှာရောင်းပေးနေတဲ့ Broker တွေဆီက TM30 နဲ့ Try ကြည့်ပါ

    • @kyalsin9311
      @kyalsin9311 Před 3 měsíci

      @@San-Phyo ကျေးဇူးတင်ပါတယ်နော် အစ်ကို

  • @yinyin4576
    @yinyin4576 Před rokem +1

    မဂ်လာပါနော် အခုထိုင်းမာလား ဒူဘိုင်းမာမဟုတ်တော့ဘူးလားကွယ်

  • @user-st1ee2wf3l
    @user-st1ee2wf3l Před 6 měsíci +1

    သက်တမ်းသွားတိုးတော့ ထိုင်းစကားပြောလား E လိုပြောလား

    • @San-Phyo
      @San-Phyo  Před 6 měsíci

      E လိုပြောလို့ရပါတယ်။

  • @KhantAung-oc7um
    @KhantAung-oc7um Před rokem +1

    Bro
    ကျွန်တော်လည်း
    Dubai ကနေ Thailand ကို
    Vacation ရလို့
    တစ်လလောက်
    သွားရမှာမို့
    Thailand ကိုရောက်ရောက်ချင်း
    Visa Renew လုပ်လ်ို့ရလား
    တကယ်လို့၁၄ ရက်ထက်
    ပိုပြီးနေရမယ်ဆိုရင်လေ
    ကျွန်တော်
    Passport ကို
    ဘန်ကောက်မှာရှိတဲ့
    ပိုလန်သံရုံးမှာ
    Visa Process အတွက်
    ပေးထားရမှာမို့လို့လေ

    • @San-Phyo
      @San-Phyo  Před rokem

      ၁၄ ရက်ထက်ပိုနေရင်တော့ Visa ထပ်လျှောက်ပြီးနေလို့ရပါတယ်

    • @KhantAung-oc7um
      @KhantAung-oc7um Před rokem

      @@San-Phyo
      Dubai ကနေ Thailand ကို
      ရောက်ရောက်ချင်းတန်းပြီးတော့
      Visa လျှောက်လို့ရလားဗျာ့

    • @San-Phyo
      @San-Phyo  Před rokem +1

      @@KhantAung-oc7um ကျနော်တော့ မလျှောက်ဖူးတော့ သေချာမပြောတတ်ဘူး။ ကျနော့အထင်တော့ ရဖို့များပါတယ်။ Agency တွေကတော့ရတယ်ဆိုပြီး ပြောကြတယ်ဗျ။

    • @KhantAung-oc7um
      @KhantAung-oc7um Před rokem

      ဟုတ်ကဲ့

  • @pukyu3220
    @pukyu3220 Před 2 měsíci

    ကိုယ့်ဘာကိုယ် သက်တမ်းသွားတိုးရင် TM 30 ပါသွားရုံနဲ့ရလား
    အိမ်ငှားစာချုပ်တို့ ယူသွားဖို့လိုသေးလား
    TM30 က service အပ်ပြီးယူထားတာ မလို့ပါ

    • @San-Phyo
      @San-Phyo  Před 2 měsíci +1

      Province ပေါ်လဲ မူတည်ပါတယ်။ ရဖို့တော့များပါမယ်။ Hotel တွေမှာ နေတဲ့ပုံစံ/ သူငယ်ချင်း တွေနဲ့ သွားနေတဲ့ပုံစံမျိုးပေါ့။ Province အပေါ်မူတည်လို့ အတိအကျတော့ မပြောတတ်ဘူးဗျ။

  • @mtzlcm95
    @mtzlcm95 Před 5 měsíci +1

    TM30ကတစ်ချိုတိုက်ခန်းကမလုပ်ပေးချင်းကြပါဘူ။အဲဒါဘယ်လိုလုပ်ရမလဲ။ဘရာသား

    • @San-Phyo
      @San-Phyo  Před 5 měsíci

      အလိုဆိုရင်တော့ အပြင်မှာ ရောင်းနေ ဝယ်နေကြတာတော့ တွေ့တယ်။ သူတို့ကို လုပ်ခိုင်းရင်တော့ရမယ်ထင်တယ်။
      တစ်ချို့ Province က တော့ TM30 မတောင်းဘူး။ Try ကြည့်ပါ။

    • @mtzlcm95
      @mtzlcm95 Před 5 měsíci

      Bangkok lak si ဘရာသား

  • @MrChan-1
    @MrChan-1 Před 5 měsíci

    မဂ်လာပါ အစ်ကို မေးခွင့်လေးပြုပါ.
    E-Extension ကို BKK မှာအပြင်
    သက်ဆိုင်ရာ မြို့ရဲ့ Immigration မှာယော တိုးလို့ရပါသလား အစ်ကို.

    • @San-Phyo
      @San-Phyo  Před 5 měsíci

      BKK မှာနေတဲ့သူဆို Bkk Immigration မှာပဲ တိုးလို့ရပါတယ်။ ☘️

  • @winchonaung5595
    @winchonaung5595 Před 6 měsíci +1

    Exတလတိုးပီးရင်
    နောက်ထပ်ဘယ်နှစ်ကြိမ်ထိတိုးလို့ရပါလဲဗျ

    • @San-Phyo
      @San-Phyo  Před 6 měsíci

      TR Visa ကို Extension တစ်လတိုးပြီးရင် နောက်၂ခါလောက်ထိထပ်တိုးလို့ရတယ်ဆိုပါတယ်။ ကျနော်တော့ တစ်ခါပဲတိုးဖူးပါတယ် ။

    • @winchonaung5595
      @winchonaung5595 Před 6 měsíci

      ကျေးဇူးပါနော

  • @mercury-ttkk688
    @mercury-ttkk688 Před 4 měsíci +1

    😊

  • @user-ue8jv5yz1p
    @user-ue8jv5yz1p Před 11 měsíci +1

    အကိုရယ် ရန်ကုန်ကနေ ဘန်ကောက်ကိုလေယာဥ်စျေးဘယ်လောက်ကျလဲရှင့် 11 လပိုင်းလောက် ထိုင်းကိုသွားချင်လို့ပါ passport pv တော့ရှိပါတယ် အဲတာဆိုရပီလားဟင် နောက်ထပ်ဘာတွေလိုသေးလဲရှင့် ရှင်းပြပေးပါနော်😊😊

    • @San-Phyo
      @San-Phyo  Před 11 měsíci

      ခန့်မှန်း ရန်ကုန် - ဘန်ကောက်ကို Economy class ကစီးရင် US$ 50-60 ကျော် ဝန်းကျင်ရှိတတ်တယ်။ Passport PV ရှိရင်သွားလို့ရပါတယ် ၁၄ ရက်နေလို့ရပါမယ် TR Visa လျှောက်ပြီးမှ သွားရင်တော့ ၂-၃ လထိ နေလို့ရပါတယ် အဆင်ပြေပါစေ

    • @user-ue8jv5yz1p
      @user-ue8jv5yz1p Před 11 měsíci

      @@San-Phyo ဟုကျေးဇူးပါ လေဆိပ်မှာ တင်းကျပ်တာမျိုးတွေကော ရှိလားရှင့်

    • @San-Phyo
      @San-Phyo  Před 11 měsíci +1

      @@user-ue8jv5yz1p မရှိပါဘူး ပုံမှန်ပါပဲ ။ အပြန်လက်မှတ် Return Ticket တော့ပါမှရမယ်နော်။ ဟိုဘက်မှာတည်းမယ့်လိပ်စာ (ဒါမှမဟုတ်)Hotel Booking လဲရှိနေ သိနေရပါမယ်နော်။ ဒါဆိုရပါပြီ။

    • @user-ue8jv5yz1p
      @user-ue8jv5yz1p Před 10 měsíci +1

      @@San-Phyo အကိုရယ် လိုင်းပေါ်ကနေ တခါတည်း လေယာဥ်လက်မှတ်လေးဖြတ်ချင်လို့ပါ အကို့မှာ ယုံကြည်စိတ်ချရတဲ့ လက်မှတ်အရောင်းဌာနရှိရင် လမ်းညွှန်ပေးပါအုံး ဖုန်းနံပါတ်ဖစ်ဖစ် ဖေ့ဘုတ်အကောင့်ဖစ်ဖစ်ရှိရင်ပေးပါလား ညမက ရန်ကုန်ကမဟုတော့ တခါတည်း လက်မှတ်ဖြတ်ထားချင်လို့ပါ လိုင်းပေါ်မှာလည်း လက်မှတ်ရောင်းတဲ့အကောင့်တွေတော့ရှိတယ် စိတ်မချရလို့ပါ ကူညီပါနော်🙂🙂

    • @San-Phyo
      @San-Phyo  Před 10 měsíci +1

      @@user-ue8jv5yz1p အကိုက ကိုယ်ပါသာပဲ အမြဲဝယ်တာဆိုတော့ Agency အသိမရှိဘူး။ ဒီတိုင်းကြီး Recommend တော့ ဘယ်သူမှ ရဲရဲ မပေးရဲဘူး ။ လေ့လာပြီး ဝယ်ချင်တယ်ဆိုရင်တော့ Direct Go Myanmar ကို တစ်ချက်မေးကြည့်။ 👇
      facebook.com/Dgotravels?mibextid=LQQJ4d
      ဒါမှမဟုတ် MD ဖြစ်တဲ့ ဒီအမ Ma Nilar ကို တိုက်ရိုက် မေးကြည့်ပါ ။ ဒီအမ Tourism အလုပ်နေတာတော့ နှစ်တော်တော်ကြာနေပြီ။ 👇
      facebook.com/profile.php?id=100003401722654&mibextid=LQQJ4d

  • @sulatt754
    @sulatt754 Před 2 měsíci

    TR visa နဲ့ ဝင်လာပြီး မှ တုံးထုပေးလိုက်တဲ့ ၂ လ သက်တမ်းမကုန်သေးခင် မြန်မာဘက်ပြန်ထွက်ပြီးပြန်ဝင်ချင်တာ visa လဲ cancel မဖြစ်သွားချင်လို့ re entry တုံး ထုသွားလို့ရလားရှင် အာ့လို လုပ်ခွင့်ရှိလားရှင်

    • @San-Phyo
      @San-Phyo  Před 2 měsíci +1

      မရဖို့များပါတယ်။ အလိုလုပ်ချင်ရင် TR Visa ကိုမှ Multi Entry ဆိုတဲ့ Type ကိုလျှောက်ရပါတယ်။ သက်တမ်း 2 လနေရတာခြင်း တူတူပါပဲ။
      ပုံမှန် Single Entry က Dollar 40 ပဲသွင်းရလို့ ဝင်လာတာနဲ့ Used တုန်း ထုလိုက်ပါပြီ။
      US$ 60 သွင်းရင်တော့ Multi Entry ရပြီး ဝင်/ထွက် လုပ်လို့ရပါတယ်။

    • @sulatt754
      @sulatt754 Před 2 měsíci

      @@San-Phyo ကျေးဇူးပါ

  • @thirdjocelynflores8071
    @thirdjocelynflores8071 Před 5 měsíci +1

    TR visa က ဘနှခါသက်တမ်းတိုးလို့ရပါသလဲဗျ

    • @San-Phyo
      @San-Phyo  Před 5 měsíci

      ၃ ခါလောက်ထိရတယ်ဆိုကြပါတယ်။ ကျနော်တော့ တစ်ခါပဲ တိုးဖူးပါတယ်။

    • @thirdjocelynflores8071
      @thirdjocelynflores8071 Před 5 měsíci

      @@San-Phyo ၃ခါတိုးပြီးသွားလို့ဆိုရင်PJပြန်ပြောင်းမှဘဲဆက်လက်နေထိုင်ခွင့်ရှိမှာလားဗျ?! PVကနေPJ ပြန်ပြောင်းဖို့ရော မြန်မာကိုပြန်ဝင်မှရမှလား?!ထိုင်းကသံရုံးမှာဘဲတစ်ခါတည်းလုပ်လို့ရတာလားဗျ?!sorry for so many questions 🙏🏽

  • @winchonaung5595
    @winchonaung5595 Před 6 měsíci +1

    ချွန်ဘူရီမှာရော
    သက်တန်းတိုးလို့ရပါလားဗျ

    • @San-Phyo
      @San-Phyo  Před 6 měsíci

      ရပါတယ်။ သက်ဆိုင်ရာ Immigration ရုံးကိုရှာပြီးသွားတိုးပါ။

    • @winchonaung5595
      @winchonaung5595 Před 6 měsíci

      @@San-Phyo ဘယ်နှစ်ကြိမ်လောက်တိုးလို့ရပါလဲဗျ
      ကျေးဇူးပါနော်

  • @Stupi.9
    @Stupi.9 Před 6 měsíci +1

    If I come to thailand with free 14 days visa, Can I extend like that?

    • @San-Phyo
      @San-Phyo  Před 6 měsíci +1

      You can extend to stay additional three times monthly after 14 days.

    • @Stupi.9
      @Stupi.9 Před 6 měsíci

      @@San-Phyo Bro, can I come to your messenger?

    • @Stupi.9
      @Stupi.9 Před 6 měsíci

      @@San-Phyo The process is exactly same like the way you mentioned, ako? I need just 2 months, ako. I will go to US in April and before that I wanna stay in Thailand.

  • @khantzawoo4396
    @khantzawoo4396 Před 9 měsíci +1

    TM30 ကလိုကိုလိုတာလားခင်ဗျာ

    • @San-Phyo
      @San-Phyo  Před 9 měsíci

      လိုကိုလိုပါတယ်။ ဒီ Video ထဲမှာ ကျနော်ပြောထားသလိုပဲ TM30 မပါရင် အဆင်မပြေပါ။ ၂ခေါက်သုံးခေါက်သွားရရင် လူပင်ပန်းပါတယ်။ တစ်ခါတည်းယူသွားပါ။

  • @htetmyat1657
    @htetmyat1657 Před 6 měsíci

    Bro,
    where can i find T.M.6 Number?

    • @San-Phyo
      @San-Phyo  Před 6 měsíci +1

      No need now bro. They are no more issued for us. May ignore to this blank and proceed. Good Luck 🍀

  • @user-ib1vl4ic6h
    @user-ib1vl4ic6h Před 6 měsíci

    Tm 30formကိုဘယ်မှာသွားထုတ်ရမှာလဲ

    • @San-Phyo
      @San-Phyo  Před 6 měsíci

      Video ထဲမှာ သေချာပြောပြထားပါတယ်

  • @HtetMonMonKyaw6614
    @HtetMonMonKyaw6614 Před 5 měsíci +1

    သံရုံးထောက်ခံစာ လိုသေးလား မောင်လေး

    • @San-Phyo
      @San-Phyo  Před 5 měsíci

      ပထမဆုံးအကြိမ်ဆို မလိုပါဘူး ၂ကြိမ်မြောက်မှ လိုမှာပါ

  • @yinyin4576
    @yinyin4576 Před rokem +1

    ကျေဇူးတင်ပါတယ်နော်အခုလိုရှင်းပြပေးတာကို

  • @user-rd6md3ym1t
    @user-rd6md3ym1t Před 5 měsíci +1

    လယာဥ်ဆင်းတာနဲ့လဝကဘယ်မာနေမလဲမေးရင်မိတ်ဆွေအခန်းမာနေမယ်လို့ပြောရင်ရောရလား

    • @San-Phyo
      @San-Phyo  Před 5 měsíci

      ပထမဆုံး ထိုင်းဝင်လာတဲ့သူဆိုရင်တော့ အရစ်ခံရနိုင်ပါတယ်။ အမေးအမြန်း များမယ်။ ဖုန်းနာပါတ် အိမ်လိပ်စာတွေတောင်းမယ်။ သေချာမဖြေနိုင်ရင် ပြန်လွှတ်ပါလိမ့်မယ်။

  • @eishwezin414
    @eishwezin414 Před 2 měsíci +1

    မဟာချိုင်မှာနေရင်မဟာချိုင်ဘယ်နားရုံးမှာတိုးလို့ရလဲရှင့်

    • @San-Phyo
      @San-Phyo  Před 2 měsíci

      Samut Sakhon Immigration မှာတိုးရမှာပါ