နယ်စပ်အရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အိန္ဒိယ ထိတွေ့မှု ထပ်ဖြစ်

Sdílet
Vložit
  • čas přidán 25. 01. 2021
  • ငြိမ်သက်နေခဲ့တဲ့ တရုတ်-အိန္ဒိယ နယ်စပ်အရေးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်လည်ထကြွလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့က ဆစ်ကင် ဧရိယာတစ်လျှောက်မှာ အိန္ဒိယတပ်ဖွဲ့ဝင်တွေနဲ့ တရုတ်တပ်ဖွဲ့ဝင်တွေအကြား ထိတွေ့မှုဖြစ်ခဲ့ပြီး နှစ်ဖွဲ့စလုံး ဒဏ်ရာ ရရှိတာတွေ ဖြစ်ခဲ့ကြောင်း India Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်က အိန္ဒယနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား နယ်စပ်အရေး တင်းမာမှုကြောင့် အိန္ဒိယစစ်သား အယောက် ၂၀ သေဆုံးခဲ့ပြီးနောက်မှာ နှစ်ဖက် တွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် နယ်စပ်အရေးနဲ့ ပတ်သက်ပြီး ငြိမ်သက်သွားခဲ့ပေမယ့် နှစ်ဖက်အနေနဲ့ အခြေအနေကို စောင့်ကြည့်နေကြတဲ့ သဘောရှိခဲ့ပါတယ်။
  • Zábava

Komentáře •