ခေါပြင်လုပ်နည်း Myanmar snack Khaw Pyin

Sdílet
Vložit
  • čas přidán 15. 04. 2022
  • မြန်မာ့ရိုးရာမုန့်လေးတခုဖြစ်တဲ့ ခေါပြင်လုပ်နည်းလေးပါ။ ခေါပြင်ဟာ ခေါပုတ်နဲ့ လုပ်နည်းအရမ်းမကွာတာကြောင့် အမျိုးတွေတော်တယ်လို့ ထင်မိပါတယ်။ စျေးထဲမှာ ရောင်းတဲ့ ခေါပြင်အိအိလေးကို အုန်းသီးများများ နှမ်းထောင်းများများနဲ့ သကြားလေးဖြူးပြီးစားတဲ့အခါ တော်တော်လေးကို စားကောင်းပါတယ်။ တချို့တွေက မြေပဲဆန်လှော်ကိုပါ ထည့်စားကြတာမြင်ဖူးပေမယ့် ‌စျေးတွေမှာ ရောင်းတဲ့ ပုံစံလေးအတိုင်း မြေပဲစံမထည့်ဘဲ လုပ်ထားပါတယ်ခင်ဗျာ.. (လုပ်နည်းကို စာနဲ့လည်းရေးပေးထားပါတယ်)
    ခေါပြင်လုပ်နည်းဗီဒီယိုကြည့်ရှုရန်အောက်က လင့်ကိုနှိပ်ပေးပါ။
    ခေါပြင်လုပ်ဖို့အတွက် ကောက်ညှင်းဆန်ကို ဆန်ချိန်ခွက် ၃ ခွက် သုံးပါတယ် (မည်သည့်ချိန်ခွက်နဲ့မဆို သုံးလို့ရပါတယ်။ အဲ့ဒီ့ချိန်ခွက်နဲ့ပဲ ‌ကောက်ညှင်းချက်လို့ ရေထည့်တဲ့အခါ ပြန်ချိန်ပါမယ်)။
    ကောက်ညှင်းဆန် ၃ ခွက်ကို ရေဆေးပြီး ရေသန့်နဲ့ ရေစိမ်ပေးထားပါ။ ၄ နာရီလောက်အနည်းဆုံးစိမ်ပေးထားရပါမယ်။ (ကျွန်တော်က ညလုံးပေါက်စိမ်ထားပါတယ်)။ ‌စိမ်ထားတဲ့ရေတွေကို သွန်ပစ်ပြီး ထမင်းပေါင်းအိုးနဲ့ ချက်လို့ရပါပြီ။
    ကောက်ညှင်း ဆန် ၃ ခွက်ကို ရေ ၂ခွက်ခွဲ ထည့်ပေးပြီး ပုံမှန် ထမင်းချက်သလိုပဲ ချက်ပေးပါ။ ခေါပြင်ကို မာတာကြိုက်တဲ့သူအတွက် ကောက်ညှင်းဆန် ၃ ခွက် ဆို ရေက ၂ ခွက်ကျော်ကျော်လေးထည့်‌ပေးရင်ရပါပြီ။ ကောက်ညှင်းချက်ထားတဲ့အခါမှာ ထောင်းဖို့ သစ်သားဆုံ တခု လိုပါတယ်။ သစ်သားဆုံ ကိုရေဆေး ရေသုတ်ပြီး အနံ့မရှိတဲ့ ဆီ (နေကြာဆီ။ ပဲပိစပ်ဆီ) နဲ့ သုတ်ပေးပါ။ ပြီးရင် ကောက်ညှင်းကျက်တာနဲ့ သစ်သားဆုံထဲထည့်ထောင်းပါ။ အကြာကြီးထောင်းဖို့မလိုပါဘူး.။ ကောက်ညှင်းတွေပူတုန်းထောင်းတာဖြစ်တဲ့အတွက် ထောင်းရတာမြန်ပါတယ်။ ၃မိနစ်လောက်ဆို ကောက်ညှင်းစေ့တွေ မပျောက်တပျောက်အနေအထားရပါပြီ။ (ဂျပန် တွေ မိုချီ mochi ထောင်းသလို ညက်ပြီးချောနေအောင်ထောင်းဖို့တော့ မလိုပါဘူးခင်ဗျာ) ပြီးရင် ငှက်ပျော်ရွက်ကို ရေနဲ့ဆေး။ခြောက်အောင်သုတ်။ ဆီနဲ့ပြန်သုတ်ပါ။ ခုနက ထောင်းထားတဲ့ကောက်ညှင်းတွေကို ထည့်ပါ. (ကောက်ညှင်းတွေကို အပျဥ်ကြီးဖြန့်ခင်းရတဲ့အတွက် ခေါပြင်လို့ နာမည်ပေးတာလို့လည်းဖတ်ဖူးပါတယ်)ကောက်ညှင်းတွေက လက်တလုံးအထူလောက်ဆိုရပါတယ်။ အပေါ်ကနေ ဆီသုတ်ထားတဲ့ ငှက်ပျောရွက်ပြန်ခင်းပါ။ တလှိမ့်တုံးတခုခုနဲ့ လှိမ့်ပါ။ ဒါမှ ကောက်ညှင်းတွေက အနည်းငယ်ကျစ်သွားမှာဖြစ်ပါတယ်။ ‌ငှက်ပျော်ရွက်မရှိဘူးဆိုရင် ဗန်းတခု ဒါမှမဟုတ် ပန်ကန်ပြားကို ဆီဝဝ သုတ်ပြီး လှိမ့်လည်းရပါတယ်။ ပြီးတာနဲ့ ခြစ်ထားတဲ့ အုန်းသီးခြစ်ရယ်။ နှမ်းလှော်ရယ်။ သကြားရယ် ဖြူးပြီး သုံး‌ဆောင်နိုင်ပါပြီ။ ကောက်ညှင်းတွေက ပူရင်ပျော့ပြီး အေးရင် မာသွားတဲ့အတွက် အေးသွားမှ ခေါပြင်ကို ကတ်ကြီးနဲ့ညှပ်တာက ပိုပြီးကောင်းပါတယ်။ ပူတုန်းညှပ်ရင် အကုန်ကပ်ကုန်ပါလိမ့်မယ်။ သူငယ်ချင်းအားလုံး နှစ်သစ်မှာ လူသစ်စိတ်သစ်နဲ့ ကျန်းမာပျော်ရွှင်ကြပါစေ။
  • Jak na to + styl

Komentáře • 63

  • @BTSARMYgirl-0613
    @BTSARMYgirl-0613 Před rokem

    ကျေးဇူးပါ လုပ်စားကြည့်ပါမယ်

    • @Cookfork1
      @Cookfork1  Před rokem

      ဟုတ်။ လုပ်စားကြည့်ပါဗျ 😊

  • @GoogleGoogle-dy3qn
    @GoogleGoogle-dy3qn Před 2 lety +2

    thanks for teaching thanks bro

  • @naingnaing5831
    @naingnaing5831 Před 2 lety

    ကြိုက်တဲ့မုန့်တမျိုးပါ ကျေးဇူးတင်ပါတယ်

  • @myintmyintaye7242
    @myintmyintaye7242 Před 2 lety

    Thank you so much.

  • @hninphyukaung6909
    @hninphyukaung6909 Před 2 lety +1

    အရမ်းကိုမိုက်တယ် ငှက်ပျောရွက်လေးကိုညှပ်ပြီး ခွာစားရတဲ့ စတိုင်ကိုကြိုက်တာ။
    Thanks always K2
    (မှတ်ချက်- သစ်သားဆုံလေးဝယ်ရအူးမည်) 😸

    • @Cookfork1
      @Cookfork1  Před 2 lety

      သစ်သားဆုဲလေး၀ယ်ပြိးကတည်းက အထောင်းတွေပဲ စဉ်းစားနေတော့တာ😂

  • @nawk2944
    @nawk2944 Před 2 lety

    ကျေးဇူးပါ ခေါဖုတ်လုပ်နည်းလေးလည်း တင်ပေးစေ
    ချင်ပါတယ်

    • @Cookfork1
      @Cookfork1  Před 2 lety

      ဟုတ်။ ကြိုးစားတင်ပေးသွားပါမယ်ခင်ဗျာ

  • @dttygn5325
    @dttygn5325 Před 2 lety

    ကျေးဇူးပါK2ရေ..😻🤤

    • @Cookfork1
      @Cookfork1  Před 2 lety +1

      ကျေးဇူးတင်ပါတယ်ခင်ဗျာ😊နှစ်သစ်မှာ လူသစ်စိတ်သစ်နဲ့ ကျန်းမာပျော်ရွှငိပါစေ🙏🙏🙏

  • @susuthinayeayekyi2713

    ဆရာ ချက်ပြဒါ ခဏခဏ တင့်ေပးပါ အားေပးပါတယ်

    • @Cookfork1
      @Cookfork1  Před rokem

      ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ🙏

  • @hlahlawin6339
    @hlahlawin6339 Před 2 lety

    Thank you for sharing with public

  • @nangthanaye
    @nangthanaye Před 2 lety +1

    ခေါပုတ်လုပ်ရင်လည်းအဲ့လိုပါပဲဆားထဲပြီးထောင်း နောက်ငချိပ်နဲ့ဆိုနှမ်းပါထောင်းအဲ့တာတော့ နှမ်းထောင်းခေါပုတ်လို့ခေါ်ပါတယ် ဆောင်းတွင်းရှမ်းနှစ်သစ်မှာလုပ်ကြတယ်😁😁

    • @Cookfork1
      @Cookfork1  Před 2 lety +1

      ဟုတ်ကဲ့။ ခေါပုတ်‌လေးလည်းလုပ်ကြည့်ဦးမယ်🙏ကျေးဇူးတင်ပါတယ်ခင်ဗျာ😊

  • @terry4026
    @terry4026 Před 2 lety

    ကျေးဇူးပါဗျ၊ စမ်းပြီးလုပ်စားကြည့်ရမယ်

    • @Cookfork1
      @Cookfork1  Před 2 lety +1

      ဟုတ်ကဲ့ 😊ကျေးဇူးတင်ပါတယ်ခင်ဗျာ😊

  • @user-yf8si8rv4i
    @user-yf8si8rv4i Před 2 lety +1

    Thank you

  • @dawpaukpauk4304
    @dawpaukpauk4304 Před 2 lety

    ကျေးဇူးပါ 😻😊👍
    ကြိုက်မှကြိုက်
    ဘေးကင်းကျန်းမာ အဆင်ပြေပါစေ

    • @Cookfork1
      @Cookfork1  Před 2 lety +1

      ကျန်းမာပျော်ရွှင်ပါစေ🙏ကျေးဇူးတင်ပါတယ်ခင်ဗျာ😊

  • @winshein6606
    @winshein6606 Před 2 lety

    မဂ်လာပါကျေးဇူးတင်ပါတယ်နော်

    • @Cookfork1
      @Cookfork1  Před 2 lety

      ကျေးဇူးတင်ပါတယ်ခင်ဗျာ😊

  • @moureenofficial3727
    @moureenofficial3727 Před 2 lety

    Thanks

  • @mommyaye8256
    @mommyaye8256 Před 3 měsíci

    သစ်သားဆုံလေးကကောင်းလိုက်တာကွယ်

  • @AyeAye-nx3db
    @AyeAye-nx3db Před 2 lety

    ခေါပြင်မှာနှမ်းမဲတခါထဲထဲ့လှိမ့်ပြား
    အေးတော့မှစွေစွေလေးတွေညှပ် ပြီးမှထညက်ရည်နဲ့အုန်းသီးခြစ်ထားတာရောဆမ်းစား အရမ်းကောင်းတယ် ဝယ်စားဖူးတာ မလုပ်တတ်ဘူး ခုမှတွေ့ဖူးတာ ကျေးဇူးပါဆရာ😋

    • @Cookfork1
      @Cookfork1  Před 2 lety

      ဟုတ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ😊

  • @ehkeo1273
    @ehkeo1273 Před 2 lety

    😊😊😋😋😋

  • @user-rn1pr4ix5q
    @user-rn1pr4ix5q Před 8 měsíci

    ကိုယ်တွေဒီနည်းပဲလုပ်စားတာ❤

    • @Cookfork1
      @Cookfork1  Před 8 měsíci +1

      ဟုတ်ကဲ့ ❤️

    • @user-rn1pr4ix5q
      @user-rn1pr4ix5q Před 8 měsíci

      မြေပဲထောင်း နှမ်ထောင်းနဲပဲလုပစားဖြစ်တယ် နှမ်းဆီမွှေးနဲ့

  • @kayphyo1044
    @kayphyo1044 Před 3 měsíci

    မဂ်လာပါK 1+2😊

    • @Cookfork1
      @Cookfork1  Před 3 měsíci

      မင်္ဂလာပါခင်ဗျာ 🌷🌻🌹

  • @phoeebee2009
    @phoeebee2009 Před 2 lety +1

    ဟင်းချက်နည်းတွေကြည့်တိုင်း တော်ရုံနားမယဉ်တော့တဲ့ စကားပြောသံတွေကြားရတာ မကြိုက်လို့ အသံမဖွင့်ပဲ လုပ်နည်းတွေပဲကြည့်ကြည့်ဖြစ်ပါတယ်
    စိတ်အေးချမ်းပြီး မြန်မာစကားကို သိမ်သိမ်မွေ့မွေ့ ပြောတဲ့သူမို့ သဘောကျလို့ အသံဖွင့်ပြီးနားထောင်မိတာရှားရှားပါးပါး နှစ်ယောက်ပဲရှိပါတယ်
    ma mee mee tofu နဲ့bro ပါ ☺️👍👍

    • @Cookfork1
      @Cookfork1  Před 2 lety +1

      ကျေးဇူးအများကြီးတင်ပါတယ်ခင်‌ဗျာ။ ကျွန်တော်ကိုယ်တိုင်ကလည်း မမီးဗီဒီယိုတွေကြည့်ပြီး ‌ဗီဒိယိုတွေစလုပ်ဖြစ်ခဲ့တာပါ😊

    • @phoeebee2009
      @phoeebee2009 Před 2 lety

      @@Cookfork1 စာပြန်ပေးတာကျေးဇူးတင်ပါတယ်
      ဟုတ်လားကြားရတာ ဝမ်းသာလိုက်တာ ကြီးကြီးသေးသေး ကျေးဇူးသိတတ်တယ် ဆိုတာ အင်မတန်မှကောင်းပါတယ်
      bro ပိုပြီးအောင်မြင်တိုးတက်ပါစေ
      ဘဝပေးအခြေအနေကြောင့် အမိနိုင်ငံနဲ့ဝေးကွာနေရပေမဲ့ ကြိုးစားကြတာပေါ့ bro☺️💪🏼💪🏼💪🏼

    • @Cookfork1
      @Cookfork1  Před 2 lety +1

      ဟုတ်ကဲ့။ 🤗

  • @GoogleGoogle-dy3qn
    @GoogleGoogle-dy3qn Před 2 lety +1

    ကျွန်တော်လည်း ပျော့ပျော့လေးပဲကြိုက်တယ် bro

  • @susuthinayeayekyi2713

    ငယ်ရွယ်စဥ်က မိမိတို့ မြို့နယ် မှာ စားရတ်ပုံ အခုလို ဆရာ က္ တင့်ပြေပးတဲ့အတွက် ေကျးဇူးဘဲ လုပ်စားကြည်မယ် 🙏🙏🙏

    • @Cookfork1
      @Cookfork1  Před rokem

      ဟုတ်။ လုပ်ရလည်းလွယ်တယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏

  • @AyeAye-nx3db
    @AyeAye-nx3db Před 6 měsíci

    ကောက်ညှင်းနဲ့နှမ်းပါရောထောင်း
    အပြင်လုပ်
    ပြီးမှထညက်ရည်ကျိုပျစ် နှမ်း အုန်းသီးခြစ်ဖတ်ရောမွှေပြီးဆမ်းစားကြည့်အရမ်းကောင်းတယ်

    • @Cookfork1
      @Cookfork1  Před 6 měsíci

      ဟုတ် နောက်တခါ အဲ့လိုလေး လိုက်လုပ်ကြည့်မယ် 🤗 ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • @chitnyein382
    @chitnyein382 Před 2 lety

    စားကောင်းမဲ့ပုံ တစ်ခါမှ မစားဖူးဘူး 😊

    • @Cookfork1
      @Cookfork1  Před 2 lety

      ဟုတ်။ စားကောင်းတယ်ဗျ😊

  • @maeimyo9173
    @maeimyo9173 Před 2 lety

    ကိုယ့်အကြိုက်လုပ်စားမယ်ာကျေးဇူးပါနော့်

    • @Cookfork1
      @Cookfork1  Před 2 lety

      ဟုတ်ကဲ့ 😊ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏

  • @usoewynn4705
    @usoewynn4705 Před 2 lety

    မြန်မာ နှစ် သစ် ကူး မ င် ဂ လာ ပါ။

    • @Cookfork1
      @Cookfork1  Před 2 lety

      နှစ်သစ်မှာ လူသစ်စိတ်သစ်နဲ့ ကျန်းမာပျော်ရွှငိပါစေ🙏🙏🙏

  • @Cherry-bm3ek
    @Cherry-bm3ek Před 2 lety

    ဆုံလေးက အရမ်းလှတယ်။ လိုချင်လိုက်တာ ၊ ဘယ်မှာဝယ်လို့ရလဲ ပြောပြပေးလို့ရမလား ။

    • @Cookfork1
      @Cookfork1  Před 2 lety

      ရန်ကုန် ၁၆ လမ်းနဲ့ ဗန္ဓုလလမ်းထိပ်ပါ။ Orient Kitchen ware ဆိုင်မှာပါ

    • @Cherry-bm3ek
      @Cherry-bm3ek Před 2 lety

      ရန်ကုန် တစ်ခါမှ မရောက်ဖူးဘူး ၊ ကျေးဇူးပါ ။

  • @nursuraya4424
    @nursuraya4424 Před 2 lety

    Thank you