ဖေးမ၊ ပေးလှူ Good Morning နဲ့အတူ...

Sdílet
Vložit
  • čas přidán 4. 07. 2024
  • ဖေးမ၊ ပေးလှူ Good Morning နဲ့အတူ .. ဆိုတဲ့အတိုင်းရင်ခွင်မဲ့ကလေးငယ်များအတွက် "Help for Health, Help for Happiness" ဆိုတဲ့ ကျန်းမာရေး CSR လှုပ်ရှားမှုကို ကူညီပြုလုပ်ပေးခဲ့တဲ့ L & M Mayson Co., Ltd
    ပြီးခဲ့တဲ့အပတ်မှာတော့ Good Morning ပေါင်မုန့် ကိတ်မုန့်တွေ ထုတ်လုပ်ပေးနေတဲ့ L&M Mayson Co., Ltd က ရန်ကုန် - မန္တလေး အမြန်လမ်းမပေါ် ၅၃ မိုင် ၅ ဖာလုံရှိ မေတ္တာကမ်းလက် မိဘမဲ့ကလေးငယ်များ ပြုစုစောင့်ရှောက်ရေးကျောင်းသို့ တစ်နေ့တာအာဟာရဒါနလှူဒါန်းမှုတွေအပြင် ကလေးငယ်များအတွက် အခြေခံကျန်းမာရေးစောင့်ရှောက် စစ်ဆေးမှုများပြုလုပ်ပေးခြင်း၊ သွေးအုပ်စုများ စစ်ဆေးပေးခြင်းအပြင် အသည်း‌ေရာင် အသားဝါ B ပိုး C ပိုး စစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေးများထိုးပေးခြင်းတို့အပြင် ကေလးငယ်များအတွက် အားပြည့်အရသာရှိသော Good Morning မုန့်များပေးဝေ လှူဒါန်းခြင်း၊ ကျန်းမာရေးဆိုင်ရာအသိပညာေပးခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်း‌‌ေရးအတွက် အသိပညာမျှဝေဟောပြောခြင်း အစီအစဥ်များကို ပြုလုပ်ပေးခဲ့ပါတယ်။
    ယခုလို ဖေးမ ကူညီ လှူဒါန်းနိုင်ခြင်းကလည်း Good Morning ကို ၂၈ နှစ်တိုင်တိုင် အားပေးလာခဲ့တဲ့ စားသုံးသူမိဘပြည်သူများရဲ့အားပေးကူညီထောက်ပံ့ပေးမှုတွေကြောင့်လည်း ဖြစ်ကြောင်းနှင့် Good Morning အမှတ်တံဆိပ်အပြင် အခြား Sub- Brands များဖြစ်သော Amico, Cake Boy, Omar, Fresko, Star အစရှိတဲ့ အမှတ်တံဆိပ်မုန့်များကို အစဥ်အမြဲ အားပေးဝယ်ယူကြတဲ့ စားသုံးသူမိဘပြည်သူများနှင့်အတူ ကုသိုလ်ပီတိရရှိစေရန်လည်း ရည်ရွယ်လုပ်ဆောင်ထားတာဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့ပါတယ်
    Good Morning
    #ဖေးမပေးလှူGoodMorningနဲ့အတူ
    #HelpforHealthHelpforHappiness
    #GoodMorningCSR
    #CeleGabar
  • Zábava

Komentáře • 1