နိုင်ငံတကာအထီးကျန်ခေါင်းဆောင်နှစ်ဦးရဲ့ ပိုပြီးရင်းနှီးနွေးထွေးလာတဲ့မြင်ကွင်းများ

Sdílet
Vložit
  • čas přidán 20. 06. 2024
  • #နိုင်ငံတကာသတင်း
    ◾️ နိုင်ငံတကာအထီးကျန်ခေါင်းဆောင်နှစ်ဦးရဲ့ ပိုပြီးရင်းနှီးနွေးထွေးလာတဲ့မြင်ကွင်းများ
    ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ၂၄ နှစ်တာအတွင်း ပထမဆုံး ပြုံယမ်းခရီးစဉ်အတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နဲ့ ပိုပြီးနီးကပ်လာတဲ့ ဆက်ဆံရေးမြင်ကွင်းတွေကို ရုပ်သံသတင်းတွေမှာမြင်တွေခဲ့ရပါတယ်။
    ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်မှာ ရောက်ရှိခဲ့တဲ့ ရုရှားသမ္မတ ပူတင်ကို ကင်ဂျုံအန် က ကြီးကျယ်ခမ်းနားစွာကြိုဆိုခဲ့ပြီး နိုင်ငံတော်အဆင့်အခမ်းအနားတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေကိုကျင်းပခဲ့ကြပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးဟာ ရုရှားနိုင်ငံထုတ် Aurus ဇိမ်ခံကားကို တစ်လှည့်စီမောင်းနှင်တာ၊ တန်ဖိုးကြီးခွေးတွေ၊မြင်းတွေကိုသွားရောက်ကြည့်ရှုတာတွေနဲ့ လက်ဆောင်တွေ အပြန်အလှန်ပေးအပ်တာတွေကို ခင်မင်ရင်းနှီးစွာအတူတကွလုပ်ဆောင်ခဲ့ကြပါတယ်။
    သမ္မတပူတင်ရဲ့ အပြန်ခရီးကိုလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကိုယ်တိုင် ခမ်းနားစွာလိုက်ပါနှုတ်ဆက်ခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ နှစ်ဖက်ခေါင်းဆောင်တွေဟာ စစ်ပွဲအတွင်း အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက်ပါဝင်တဲ့ မဟာဗျူဟာမြောက်ဘက်စုံမိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
    ရုပ်သံ- CNA
    #thestandardtimetv
    #စံတော်ချိန်သတင်းဌာန
    Facebook Page - cb.run/XYtn
    Telegram - cb.run/e3Ok
    Viber - cb.run/WnV5

Komentáře • 5

  • @khantgyikhantgyi4782
    @khantgyikhantgyi4782 Před 9 dny

    အရမ်းကြည့်လို့ကောင်းတယ်

  • @user-ce2ui5nl7n
    @user-ce2ui5nl7n Před 11 dny +1

    လူမိုက်နှင့်ဗာလနံပေါင်မိပြီမအလလည်းပါတယ်

  • @KyawGyi-xe1rh
    @KyawGyi-xe1rh Před 11 dny

    ပူတင် အကြံကုန်နေလို့
    ပြည်ပ မထွက်ရတာလဲ ကြာလို့😂

  • @kophyo-rj2xx
    @kophyo-rj2xx Před 8 dny

    သေဖော်သွားညှိတာ

  • @maungsi3986
    @maungsi3986 Před 13 dny

    ဂျိုကုတ်၂ဦးတွေ့ကြသောအခါ