📣နှစ်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်တဲ့ဟင်္သာတမြို့ရဲ့အကောင်းဆုံး"ကိုဝင်း" ဝက်သားဒုတ်ထိုးဆိုင်🤗

Sdílet
Vložit
  • čas přidán 27. 11. 2020
  • 📣နှစ်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်တဲ့
    ဟင်္သာတမြို့ရဲ့အကောင်းဆုံး
    "ကိုဝင်း" ဝက်သားဒုတ်ထိုးဆိုင်🤗
    ⭐️⭐️⭐️⭐️⭐️
    👶မင်မင်တို့ငယ်စဉ်တောင်ကျေးကလေးဘဝတည်းက
    အရမ်းကြိုက်လို့အမြဲစားဖြစ်ခဲ့တဲ့ ကိုဝင်း-ဝက်သားဒုတ်ထိုးဆိုင်လေးအကြောင်းတင်ပေးမယ်နော်။
    🧔ကိုဝင်းရဲ့ဝက်သားဒုတ်ထိုးဆိုင်က ဖွင့်ခဲ့တာနှစ်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်ပြီး
    တစ်နေ့ကို ပိဿာချိန် ၁၀ ကနေ ၁၅ အတွင်းကုန်ပါတယ်။ Auto Cafe ရှေ့မှာ
    မနက် ၈ နာရီကနေစဖွင့်ပြီးတော့ နေ့လည် ၁၂ နာရီကျော်ကျော်လောက်ဆို အကုန်ကုန်ပါတယ်ရှင်။
    ⌚️တစ်ခါတလေဆိုရင် မနက် ၁၀ နာရီလောက်တည်းကကုန်တတ်တာမို့
    မင်မင်တို့ကတော့ အစားတလိုင်းတွေဖြစ်လို့ မနက်စောစောထပြီး ကိုဝင်းဆိုင်မှာတန်းစီကြပါတယ်။😁
    🐷ကိုဝင်းဆိုင်က ဘဲဥပေါင်း၊ အူပိတ်၊ အချင်းတိုင်၊ အရိုးနုတွေကလည်း အရမ်းစားလို့ကောင်းပြီး သန့်ပြန့်ပါတယ်။
    ဆီချက်ခေါက်ဆွဲတို့၊ ပဲထမင်း၊ ထမင်းဖြူတို့နဲ့လည်း ရောပြီးစားလို့ရပါသေးတယ်။
    ဟင်္သာတသားတော်တော်များများကတော့ ကိုဝင်း-ဝက်သားဒုတ်ထိုးကိုစားဘူးကြပါတယ်။
    🥰ဟင်္သာတကိုအလည်လာတာပဲဖြစ်ဖြစ်၊ ဟင်္သာတမှာဘော်ဒါအပေါင်းအသင်းရှိရင်ဖြစ်ဖြစ်
    ကိုဝင်း-ဝက်သားဒုတ်ထိုးကိုစားဖြစ်အောင်စားကြည့်ကြပါလို့ ပြောချင်ပါတယ်ရှင်။
    👍ဟင်္သာတမြို့ရဲ့အစီအစဉ်ကောင်းလေးတွေရှိသေးတာမို့
    Heart Of Hinthada Pageလေးကို Like & See First လုပ်ထားကြပါဦးနော်။🙏
    ⭐️⭐️⭐️⭐️⭐️
    #HeartOfHinthada
    #KoWinPorkStick
    #ကိုဝင်းဝက်သားဒုတ်ထိုး

Komentáře • 1