ရန်ကုန်နဲ့အနီးဆုံးကမ်းခြေ "ဆယ်အိမ်တန်း"

Sdílet
Vložit
  • čas přidán 14. 03. 2024
  • ဒီဆယ်အိမ်တန်း ကမ်းခြေကတော့ ရန်ကုန်ကနေသွားရင် အနီးဆုံးကမ်းခြေပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ရန်ကုန်ကနေ မိုင်၆၀ အကျော်အကွာမှာ တည်ရှိလို့ပါပဲ။ အချိန်အားဖြင့်လည်း ကားမောင်းသွားမယ်ဆိုရင် ၂ နာရီကျော်နီးပါးသာကြာမြင့်မှာပါ။
    ဒီVlogလေးမှာတော့ ​ရန်ကုန်မြို့ကနေ ဒလဘက်ခြမ်းကို ဇက်နဲ့ ကူးသွားပါမယ်။ ဒလကနေ ကော့မှူး အဲ့ကနေ ကွမ်းခြံကုန်းဘက်ကိုသွားရောက်ခဲ့တာပါယ အပြန်မှာတော့ ကွမ်းခြံကုန်း ကော့မှူး တွံတေး လှိုင်သာယာဘက်ကနေ ပတ်ပြီးပြန်ခဲ့တာပါ။
    ဆယ်အိမ်တန်းကမ်းကမ်း​ခြေက ရေတက်နေရင်ပိုလှပြီး ရေနောက်နေတာကတော့ သူ့ရဲ့အားနည်းချက်တစ်ခုပါ။ ပင်လယ်စာတွေကို စားသောက်ဆိုင်တွေမှာ မှာစားနိုင်ပြီး တစ်ခြားကမ်းခြေတွေထက်စာရင် စျေးချိုတယ်လို့ ပြောရမှာပါ။ ပေါ့ပေါ့ပါးပါး ကမ်းခြေကိုနေ့ချင်းပြန်သွားရောက်အနားယူ အပန်းဖြေချင်တယ်ဆိုရင် ဒီဆယ်အိမ်တန်း ကမ်းခြေက သွားရောက်ရကျိုးနပ်မယ့်နေရာလေးတစ်ခုဖြစ်ပါတယ်လို့ Vlogလေးရိုက်ပြီး တင်ဆက်လိုက်ရပါတယ်...
    Inside Myanmar By YMK
    #travelvlogger
    #myanmar
    #travel
    #beach
    #SalEainTanBeach

Komentáře •