ပစ္စုပ္ပန်လက်ငင်းချမ်းသာရေးတရားတော်(၁)

Sdílet
Vložit
  • čas přidán 20. 10. 2022
  • #TaungPyarTannChannel
    #TaungPyarTannDhammaChannel
    #တရားတော်များ
    #ပဌာန်းတရားတော်များ
    #ပရိတ်ကြီး(၁၁)သုတ်
    #မဟာသမယသုတ်
    #ဓမ္မစကြ်ာ
    #အန္တရာယ်ကင်းပရိတ်တရား
    #အလုပ်ပေးတရားတော်များ

Komentáře • 7

  • @sawkyawkyawlin333
    @sawkyawkyawlin333 Před 3 měsíci

    သာဓု သာဓု သာဓု ပါဘုရား🙏🙏🙏
    သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့ကို ပူဇော်ဦးခိုက်လျက်ပါဘုရား🙏🙏🙏
    (1/2/2024)🙏🙏🙏

  • @marshal5431
    @marshal5431 Před rokem

    {"ဘုရားရှင် သာဓုခေါ်ဖို့"} ( ဘုရားရှင်ကို ကိုးကွယ်ပြီး၊ ဘုရားရှင်ယူတဲ့ ဖြစ်/ပျက်အယူကို၊ သီလ၊ သမာဓိ၊ ပညာ၊ နှင့် ကိုးကွယ်ခြင်းဖြစ်ဖို့ရာ၊ အချိန်တိုင်းမှာ ဖြစ်ဓမ္မ/ပျက်ဓမ္မ/ရှိတာ၊ ရှုပွားပါ။ မေ့ကာ၊ မထားနှင့်၊ ဘဝခန္ဓာ ဒုက္ခသစ္စာ၊ မွေး-သေ/ပြဿနာ၊ ငြိမ်းအေးရမှာပါ။ ) သာဓု သာဓု သာဓု၊ ပါ အရှင်ဘုရား။

  • @marshal5431
    @marshal5431 Před rokem

    { " ဘုရားရှိခိုး " } & "နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" & "နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" & "နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" & " ရတနာသုံးဖြာ မြတ်ပူဇာ " & ဗုဒ္ဓံ ပူဇေမိ။ ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ ပူဇေမိ - ပူဇော်ပါ၏ အရှင်ဘုရား။ & ဓမ္မံ ပူဇေမိ။ ဓမ္မံ - တရားတော်မြတ်ကို၊ ပူဇေမိ - ပူဇော်ပါ၏ အရှင်ဘုရား။ & သံဃံ ပူဇေမိ။ သံဃံ - သံဃာတော်မြတ်အပါင်းကို၊ ပူဇေမိ - ပူဇော်ပါ၏ အရှင်ဘုရား။ သာဓု သာဓု သာဓု၊ ပါ အရှင်ဘုရား။

  • @marshal5431
    @marshal5431 Před rokem

    { "The Spirit Must Be Pure" & "စိတ်ဓာတ်-ဖြူစင်ရမယ်" } ( အကောင်း အဆိုးကို လေ့လာခြင်းထက် စိတ်၏ ဖြူစင်မှုကို အာရုံပြု၍ သီလ သမာဓိ ပညာကို ပြည့်စုံစေရန် သတိပဋ္ဌာန်တရား အားထုတ်၌ ဗိုလ်-၅-ပါး တို့နှင့် ကြိုးစားသင့်ပါတယ်။ ) (ထိနမိဒ္ဓနှင့် ပျင်းရိခြင်း မောဟကိလေသာတို့ကို စိတ်ထဲမှ အပြီးတိုင် ရှင်းထုတ်ပစ်ပြီး "ရတနာသုံးပါး" အပေါ်၌ ယုံကြည်မြတ်နိုးခြင်းများနှင့် ထက်သန်သော သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ်၊ ဗိိုလ်-၅-ပါးတို့နှင့် ပြည့်စုံစွာ တရားအားထုတ်သော ယောဂီကို သူတော်စင်ယောဂီဟု ခေါ်ဆိုထိုက်ပါသည်။ ) ( အဆိုးအကုသိုလ်မှန်သမျှ [ငြိမ်းပျောက်ဖို့] စိတ်မှာစင်ကြယ် ဖြူစင်ခြင်းနှင့် စိတ်၏ အညစ်အကြေးများ သန့်စင်ပြီး မဂ္ဂင်ရှစ်ပါးကျင့်စဉ်ကို ပြီးပြည့်စုံဖို့ စိတ်၏ သန့်စင်မှုကို အမြဲမပြတ် အားထုတ်နေခြင်းသည် စိတ္တာနုပဿနာ သတိပဋ္ဌာန် ဝိပဿနာ ဘာဝနာတရားဖြစ်၍ ကုသိုလ် အကုသိုလ် ရောနှောခြင်းမရှိတဲ့-စိတ် စိတ်မှာဖြူစင်၊ ဉာဏ်အမြင်နှင့်၊ စိတ္တာနုပဿနာ သတိပဋ္ဌာန်ဘာဝနာကို ရှုမှတ်ပွား၍ ဖြစ်ချုပ်ဉာဏ်မြင် စင်ကြယ်ခြင်းနှင့် [မဂ်-ဖိုလ်-နိဗ္ဗာန်] ရရှိဖို့ အချိန်ရှိတိုင်း Non-stop တောက်ရှောက် ရှုမှတ်ဖို့ ကြိုးစားကြပါစို့။ ) သာဓု၊ သာဓု၊ သာဓု၊ ပါ အရှင်ဘုရား။

  • @marshal5431
    @marshal5431 Před rokem

    { "To be a valuable person." } & { "တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့။" } ( ဓမ္မခန္ဓာ၏ ဓမ္မဉာဏ်ဖြင့် ဝိပဿနာဉာဏ်ကို စောင့်ရှောက်ခြင်းနှင့် ကောင်းစွာရပ်တည် ရှုမှတ်လျှင် စင်ကြယ်ခြင်းနှင့် ဖြစ်ချုပ်ဉာဏ်မြင် မြတ်နိဗ္ဗာန်သို့ စံနိုင်သည်။ ) ( အများနှင့်နေ မြူးထူးပျော်ပါး နေပါက အမြဲနေရာက အပါယ်-၄-ပါး ) ( အပါယ်-၄-ပါးကို ရောက်နိုင်တာ မောဟ-ကိလေသာတွေနဲ့ တစ်ယောက်ထဲသမား။ ) ( မွေးဖွားခြင်း သေဆုံးခြင်း ဆိုသည်မှာ စက္ကန့်လေးတွေ ၁-ပြီး ၂-သို့ ပြောင်းလည်းခြင်းသည် မွေးဖွားခြင်းနဲ့ သေဆုံးခြင်းတွေ ဖြစ်သည်။ ) ( ယ္ခုစက္ကန့်ပြီးလျှင် နောက်စက္ကန့်တွေမှာ ရောက်တဲ့ခဏ လူ့ဘဝ သေဆုံးပျောက်ကွယ် သွားနိုင်တယ်။ ) အဲဒီနောက် အပင်မှမျိုး၊ မျိုးမှအပင်၊ အမျှင်မပြတ်တဲ့ လောဘ ဒေါသ မောဟအသီးအပွင့် ကိလေသာအာရုံ နာမ်ခန္ဓာ ၄-ပါး ( ၁။ ခံ-စား/ ၂။ မှတ်-သား/ ၃။ ပြု-ပြင်/ ၄။ သိ-ဝိညာဉ်/ ရှိကြသည်။) စိတ်ဓာတ်-စိတ်ကူး၊ [သေချင်ဘူး] အကြောင်းရင်းခံ၍ နေချင်/ ထိုင်ချင်/ သွားချင်/ လာချင်/ ပြောချင်/ ဆိုချင်/ စားချင်/ သောက်ချင်/ ဖြစ်ချင်/ ရချင်/တာက တချင် [ချင်] နဲ့ ပုံဖေါ်[ချင်]တဲ့ ( အကြောင်း သမုဒယ သစ္စာကြောင့် ဖြစ်ဓမ္မ ပျက်ဓမ္မ အကျိုးတရား ဒုက္ခသစ္စာ ဓမ္မခန္ဓာရခဲ့ပြီ ) ဖြစ်လိုက် ပျက်လိုက် သင်္ခါရ မရဏဓမ္မ၌ ( Not belong မပိုင်ဆိုင်တာ မနက်ဖြန် ) Vaguely မနက်ဖြန် အနာဂတ် တစ်ချို့တစ်တွေ၌ မရောက်တော့ဘဲ ပစ္စုပ္ပန်မှာ Asnapstot လျှပ်တစ်ပြက်နဲ့ Fleetingly ဖြုတ်ခနဲ အသေပေါ်လာ = အသေပေါ် + အနေဆင့်၍ တဖန်ပြန်၍ ငါ့ဟာ-မဟုတ်တဲ့ ဓမ္မ-ရုပ်-နာမ်ခိုးမှု၊ အပြစ်သင့်လာ၊ ၃၁ ဘုံမှာ ထောင်ကျလာ၍ Renascent ပြန်လည်မွေးဖွားလာသော လောဘဆန္ဒက ဖြစ်ချင် ရချင် ဆန္ဒတွေ တချင်-ချင်နဲ့ ဖြစ်-ပျက်နေတဲ့ ဓမ္မစက် ယန္တရား၌ စုန်ချီဆန်ချီ [အချိန်သံသရာ]ထဲ အချိန်ကာလ စားခံရတာ ဓမ္မခန္ဓာ။ ) ( မပိုင်ဆိုင်တာ မနက်ဖြန် ပိုင်ဆိုင်နေတဲ့ ယ္ခုအချိန်မှာ ကုသိုလ်ပြု၍ ရှုမှတ်ပါ ဝိပဿနာ ) (အချိန်သံသရာ ရပ်စေနိုင်တာ [ဝိပဿနာ] ဘာဝနာကို ဝေဒနာချုပ် တဏှာချုပ် ခန္ဓာချုပ်၍ စားဖတ်ဝါးဖတ် အချိန်ကာလ လွတ်ရာ၌ရှိသော မြတ်နိဗ္ဗာန်ကို [ရချင်မှု] တွေထဲက ရချင်မှုသည် မြတ်နိဗ္ဗာန်ဖြစ်ဖို့ ကြိုးစားကြပါစို့။ ) ( ဒါကြောင့်မို့ "တန်ဖိုးရှိသောလူဖြစ်ဖို့" မကောင်းမှုရှောင် ကောင်းမှုဆောင်၍ ၅-ပါးသီလ ထိန်းသိမ်းဖို့ရာ လောကပါလ ကမ္ဘာစောင့်တရား ) ( မိမိခန္ဓာ ကမ္ဘာ မြေ တည်းဟူသော [ပထဝီဓာတ်] ရေ-တည်းဟူသော [အာဘောဓာတ်] လေ-တည်းဟူသော [ဝါယောဓာတ်] မီး-တည်းဟူသော [တေဇောဓာတ်] တို့ကို အဓမ္မနှင့် ကင်းဝေးဖို့ မြတ်နိဗ္ဗာန်တိုင်အောင် စောင့်ရှောက်အပ်သော ၅-ပါးသီလ မပျက်စီးဖို့၊ ကြိုးစားကြပါစို့။ ) ( လူတိုင်းကျင့်သုံး နေထိုင်ပါက ရုံးတော်များနှင့် အချုပ်ထောင်ရဲသား စစ်တပ်တွေ There can be silence တိတ်တိတ်ဆိတ်ဆိတ် ရှိနိုင်သည်။ ) ( ပြဿနာတွေ ငြိမ်းအေးဖို့ ၅-ပါးသီလ မပျက်စီးဖို့ စောင့်ရှောက်ကူညီ ကျင့်သုံးကြပါစို့။ ) မရဏသင်္ခါရဓမ္မ၏ အမိန့်တော်ခံဖြစ်တဲ့ လူ/ နတ်/ တိရစ္ဆာန်/ ဓမ္မခန္ဓာတို့သည် ပျက်စီးမယ့်အရေး ကြောက်လှန့်ခြင်း ကြောက်ခြင်း အချင်းချင်း ကြင်နာမှုဖြင့် မရဏသင်္ခါရဓမ္မ၌ [မကြောက်တရား မဂ်ဖိုလ်ဓမ္မ] ရှာဖို့ရောက်လာ လူ ဓမ္မခန္ဓာ၌ မြတ်နိဗ္ဗာန်ကို ရစေနိုင်ခြင်း အကျိုးငှာ ( ၁။ သူ့အသက်ကို သတ်ခြင်းမှ ရောင်ကြဉ်ပါမည်။) & (၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။) & ( ၂။ သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါမည်။) & (၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။) & ( ၃။ လိင်-ကာမတို့မှ မှားမှားယွင်းယွင်း အမှားကျင့်ခြင်းတို့မှ ရှောင်ကြည်ပါမည်။) & (၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။) & ( ၄။လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြဉ်ပါမည်။) & ( ၅။ မူးယစ်သောက်စားခြင်းမှ ရှောင်ကြဉ်ပါမည်။) & (၅။ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။) {အာမ ဘန္တေ ပါ အရှင်ဘုရား။} သာဓု၊ သာဓု၊ သာဓုပါ အရှင်ဘုရား။

  • @marshal5431
    @marshal5431 Před rokem

    { "Good-Time" ၊ "အချိန်ကောင်း" } (Ques : မေး ။ Ans : ဖြေ။) (Ques: & Do you know what time it is.?) (မေး။ ။ ယ္ခု အချိန်ဟာ ဘယ်အချိန်လဲ မင်းသိလား။?) (ဖြေ။ ၁။ ယ္ခု ပစ္စုပ္ပန်အချိန်သည် ကောင်းသောအချိန်ဖြစ်၍ မဂ်-ဖိုလ်နိဗ္ဗာန် ရနိုင်သည့် အချိန်ဖြစ်ကြောင်း သိပါ၏။) (ဖြေ။ ၂။ ပစ္စုပ္ပန်ဖြစ်စဲ၊ ဖြစ်ဓမ္မ၌၊ ဖြစ်စဲသိ၊ သမာဓိ၌၊ ရှုမှတ်ပွားခြင်း၊ မဂ္ဂင်ပညာ၊ ဝိပဿနာဥာဏ်ကို၊ စောင့်ရှောက်ခြင်းနှင့်၊ တည်ခြင်းရှိသော၊ ယောဂီသူတော်စင်တို့၏ ဖြစ်စဲအချိန်မှာ၊ [မွေး-အိုနာသေ] ခန္ဓာ-၅ ပါး၊ ဒုက္ခသစ္စာကို၊ ချုပ်ငြိမ်း၊ ရုတ်သိမ်းဖို့၊ ဝိပဿနာဥာဏ်ကို၊ မဂ်ဥာဏ်ဖြစ်ဖို့နှင့်၊ မဂ်-ဖိုလ်နိဗ္ဗာန်၊ ရနိုင်တဲ့ အချိန်ကောင်း၊ [အခွင့်ကောင်း] [အခါကောင်း] ဖြစ်ပါသည်။)​ (နေ့စဉ်နေ့တိုင်း သင်္ချိုင်းမှာ အရွယ်စုံတို့၏ [သူသေ]ကို မြေမြှုပ်ခြင်း၊ မီးသဂြိုလ်ခြင်း၊ ပြုလုပ်နေသည့် အခါ၌၊ ကိုယ့်အလှည့် မရောက်ခင်၊ သတိ၊ ဝီရိယရှိဖို့ပါ။) (ကံကောင်းစဉ်မှာ၊ ဥာဏ်ကောင်းဖို့၊) (ဖြစ်စဲသိတဲ့၊ သမာဓိ၌၊ ၁။ သဒ္ဓါဗိုလ် ၂။ ဝီရိယဗိုလ် ၃။ သတိဗိုလ် ၄။ သမာဓိဗိုလ် ၅။ ပညာဗိုလ် ဗိုလ် ၅ ပါးနှင့်၊ မဂ္ဂင်ရှစ်ပါး၊ ပြည့်စုံဖို့၊ ရှုမှတ်ပွားများ ဘာဝနာတရား၊ ကြိုးစားရမည့် အချိန်ကောင်း၊ [အခွင့်ကောင်း] [အခါကောင်း] ဖြစ်ပါသည်။) (မနက်ဖြန်ဆိုတာ ကိုယ်မပိုင်ဘူး။) (ဒါကြောင့်မို့ မကြုံခင် သေခြင်းတရား အောင်မြင်နိုင်ဖို့ အသေမဦးမီ ဥာဏ်ဦးဖို့ပါ။) (မြတ်နိဗ္ဗာန်ရည်မှန်း၊ ကုသိုလ်ကောင်းမှု၊ နေ့စဥ်ပြု၍၊ " အချိန်ကောင်း " အခွင့်ကောင်း၊ အခါကောင်း ၉-ခဏ-ဘဝသည် ရပ်ပြစ်-၈ ပါး လွတ်ကင်းပြီး ရတဲ့-လူ့ဘဝ၊ ဘုရားသာသနာနှင့် ကြုံဆုံပြီး၊ ကြိုးစားအားထုတ် မဂ္ဂင်အလုပ်နှင့်၊ မဂ်-ဖိုလ်နိဗ္ဗာန်၊ ရရှိဖို့ရာ၊ ဝိပဿနာ၊ တရားဘာဝနာ၊ အားထုတ်ရမည့်အချိန်ဖြစ်ပါသည်။) (ဒါကြောင့်မို့ ရှုမှတ်ပွားများ ဘာဝနာတရား ကြိုးစားကြပါစို့။) သာဓု၊ သာဓု၊ သာဓု။