သိန်းတန်(မြန်မာပြည်)ပိုလွမ်းချစ်.yanmar pyi thein tan songs

Sdílet
Vložit
  • čas přidán 29. 08. 2024
  • ပိုလွမ်းချစ်
    တေး​ရေး ✈ ညွန့်လှိုင်လှိုင်
    ရွှေလကသာ...
    ကြယ်က​လေး​တွေ ဟိုမှာဒီမှာတလက်လက်နဲ့လေ
    လမင်းကြီးနဲ့ အ​ပေါင်းအ​ဖော်စုံ​နေ...
    ​လေညှင်းက​လေး​တွေ ​ဆော့ကစားလို့
    မြူး​ပျော်ကာ​နေ
    ပန်းရနံ့က​လေး​တွေ ​မွှေး​နေ​ မွှေး​နေ
    ​ဆွေးမ​ပြေ ​မောင့်မှာ​မေနဲ့​ဝေး​နေ
    ​ဖော်​ဝေးသူ ​မောင့်ကိုသာ​လေ
    ပို​ဆွေးစရာ လွမ်း​အောင်ဖန်​ရော့သလား​လေ
    အချစ်​ရေ အချစ်​ရေ လမင်းသာ​တော့မင်းကို
    သတိရ​နေ
    ♪ ♪ ♪ ♪ ♪
    မှတ်မိ​သေးပါရဲ့လား အချစ်​ရေ...
    ညချမ်းချိန်ခါ ​ကောင်းကင်ကို ​မော့ကြည့်ကာ
    ကြယ်​တွေ​ရေတွက်ကာ
    ​မောင့်အချစ်နဲ့ နှိုင်းပြကာသာ​လေ...
    ဂစ်တာက​လေးတီးကာ ဖိုးလမင်းကြီးရယ်
    ထမင်းဆီဆမ်း ​ရွှေလင်ပန်းနဲ့
    ​ပေးပါ​ပေးပါ ဒီသီချင်း​လေးကို တီးဆိုကာ
    ချစ်သူ​လေး အိပ်ကွာ
    ​မောင်​ချော့ကာသိပ် အိပ်​တော့က​လေးရာ
    ♪ ♪ ♪ ♪ ♪
    ​ဝေး​တော့မှ ပိုလို့လွမ်း
    ​​ဝေး​ကြမှ ပိုလို့ချစ်မှန်း သိရပြီ​လေ
    ​ရေ​မြေခြားလို့ တစ်​ပြည် တစ်နယ်စီ​ဝေး
    ​ဝေး....​ဝေးကြ​ပေမယ့်
    ဖိုးလမင်းက​တော့ သာမြဲပါ​လေ....
    တမ်းတမိတယ် ချစ်သူ​ရေ...
    ဖိုးလမင်းကြီးရယ် ချစ်သူ​လေးနဲ့
    အမြန်ဆုံး​တွေ့အောင် စွမ်း​​ဆောင်​ပေးပါ​လေ.....
    ♬ ♬♬ ♬♬ ♬
    ​(ဝေး​တော့မှ ပိုလို့လွမ်း
    လွမ်းလွမ်း...လွမ်း လွမ်း လွမ်း
    ​ဝေး​တော့မှ ပိုလို့ချစ်
    ချစ် ချစ်.. ချစ် ချစ် ချစ် )၂
    ♬ ♬
    ( မှတ်မိ​သေးပါရဲ့လား အချစ်​ရေ.......
    ​ဝေး​တော့မှ ပိုလို့ချစ်
    ချစ် ချစ် သိပ်သိပ်ချစ်..)
    ـــــﮩـ٨ـﮩـــღــﮩ٨ﮩﮩﮩﮩــ٨ـﮩـ
    မူရင်းတင်သူများအားလုံး ​ကျေးဇူးတင်လျှက်
    𝕬𝕾𝖔𝖒𝖆

Komentáře •