ရေနံချောင်းမြို့ ၊ ပင်းစက္ကလံပဘုရားကြီး

Sdílet
Vložit
  • čas přidán 29. 03. 2024
  • သက္ကရာဇ် ၄၁၉ ခုနှစ်တွင်
    အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သော
    ပင်းစကြာလှံပြ (သို့မဟုတ် )
    ပင်းစက္ကလံပစေတီတော်မြတ်ကြီးသို့
    Video by - လွှမ်းဝေအောင်
    ပင်းဘုရားကြီး၏သမိုင်းအကျဥ်း
    ------------------------
    အနော်ရထာမင်းကြီး နန်းစံ (၉) နှစ်မြောက်သောအခါ
    ရဟန္တာ ရှင်အရဟံ အမည်ရှိသော
    အရိယာသူမြတ် ကြွရောက်တော်မူလာ၍
    ကိုးကွယ်သဖြင့် သာသနာတော်၌များစွာ
    ကြည်ညိုသောကြောင့် သိန်ခိုကျွန်းနှင့်
    တရုတ်ပြည်မှစွယ်တော်ဓာတ်တော်တို့ကို
    ပင့်ဆောင်ကိုးကွယ်ရလေသည်။
    သက္ကရာဇ် (၄၁၆) ခုနှစ်တွင်
    အနော်ရထာမင်းကြီးသည် စစ်သူကြီး ကျန်စစ်သား၊
    ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးတို့နှင့်တကွ
    စစ်သည်တော်အပေါင်း စုဆောင်းချီတက်တော်မူပြီးလျှင်
    သထုံပြည်ကို တိုက်ခိုက်ဖြိုဖျက်တော်မူရာ
    အောင်မြင်တော်မူ၍ သထုံဘုရင်ကိုးကွယ်သော
    မွေတော်၊ ဓာတ်တော်နှင့် ပိဋကတ်သုံးပုံ အစုံ (၃ဝ)နှင့်
    အရိယာသံဃာတော်မြတ်များပါ ပင့်ဆောင်တော်မူခဲ့သဖြင့်
    သက္ကရာဇ်(၄၁၉)ခုနှစ်တွင် ဆန်တက်လာရာ
    ရေနံချောင်းမြို့ အထက်ခရီးတာ (၂၀၀၀) ခန့်အကွာ
    ပင်းချောင်းတွင် ဖောင်တော် ဆိုက်သောကြောင့်
    ဖောင်တော်ဦး၌ပါသော ဓာတ်တော် မွေတော်အပေါင်းတို့သည်
    နဂုတ္တမတောင်ထိပ်၌ ကိန်းဝပ်တော်မူလိုသော
    အခြင်းအရာနှင့် တန်ခိုးပြာဋိဟာပြတော်မူသည်ကို
    အနော်ရထာမင်းကြီး မြင်တော်မူလျှင်
    ထိုနဂုတ္တမတောင်မြတ်ကို အထက်မှ
    အတောင် (၂၀)တိုင် အောက်သို့ ဌာပနာတိုက်
    တူးလုပ်စေ၍ ဆန်းကျယ်လှစွာသော
    ရွှေအုတ်၊ ငွေအုတ်၊ ရတနာအုတ်တို့ကို
    စီခင်းပြီးလျှင် ရတနာ (၇)ပါးတို့ဖြင့်
    စီခြယ်အပ်သော ရွှေကြုတ်၌ ဓာတ်တော်မွေတော်တို့ကို
    ထည့်သွင်းဌာပနာတော်မူပြီးလျှင် ဓာတ်တော်ကြုတ်၏
    ပတ်လည် အရပ်လေးမျက်နှာတို့၌ ပဉ္စလောဟာ
    ရတနာအပေါင်းတို့ဖြင့် သွန်းလုပ်အပ်သော
    ဤဘဒ္ဒကမ္ဘာထက် ပွင့်တော်မူပြီးသော
    ဘုရားလေးဆူတို့၏ ရုပ်ပွားတော် (၄) ဆူကိုထား၍
    အစဉ်အတိုင်းတည်တော်မူပြီးလျှင် မြေပေါ်သို့
    လေးတောင်အမြင့်မှ ဌာပနာ တိုက်ပြု၍
    ဓာတ်မွေတော်ရုပ်ပွားတော်(၄)ဆူကို
    အောက်ဌာပနာတိုက်နည်းတူ ဌာပနာတော်မူ၍
    မုခ်လေးမျက်နှာ အမြင့်သံတောင် (၃၀) ကျော်ရှိသော
    စေတီတော်ကိုတည်တော်မူသည်။
    ထိုအခါ ပင်းချောင်းတောင်ဘက်၌ရှိသော
    မြေသည်အုတ်လုပ်ရန်မကောင်း တာရှည်မခံ၊
    ပင်းချောင်းမြောက်ဘက်၌ရှိသော ကမ္ဘာမြေညက်ကို
    စမ်းသပ်၍ အုတ်လုပ်စေရာ တာရှည်ခိုင်ခန့်သော
    အုတ်တို့ကိုရသဖြင့် ၎င်းအရပ်၌
    စစ်သူကြီးကျန်စစ်သားကို ကြီးကြပ်အုပ်ချုပ်စေ၍
    ၎င်းအရပ်မှ အုတ်တို့ကို စစ်သည်
    ဗိုလ်ပါအပေါင်းတို့အားလက်ဆင့်ကမ်း၍
    သယ်ယူစေရာဝယ် ပင်းချောင်းရေ
    ဖျက်ဆီးသောကြောင့် စစ်သည်တော်တို့
    ငြိုငြင်ဆင်းရဲ ပင်ပန်းကြသည်ကို အနော်ရထာမင်းကြီး
    သိတော်မူလေလျှင် ငါသို့သော သာသနာပြုမင်း
    စေတီတော်တည်သည်ကို ဤချောင်းရေ
    နှောင့်ယှက်ရသလောဟု ခမည်းတော်
    ကွမ်းဆော်မင်းကြီးအား သိကြားမင်း အပ်နှင်းသော
    စကြာလှံတော်ဖြင့် ချောင်းရေကို ပြတော်မူရာ
    ရေနံချောင်းမြို့ အရှေ့ခရီးတာ(၈၀၀၀) ခန့်ကွာသော
    ယခုရေဆုံးဟုခေါ်သော အရပ်တိုင်အောင်
    ချောင်းရေ ဆုတ်နစ်၍ သဲပြင်အတိဖြစ်လေရာ
    စစ်သည်တော်တို့သည် လွယ်လင့်တကူ
    သယ်လုပ်ဆောင်ကြရသဖြင့် စေတီတော်ကြီး
    အပြီးသို့ရောက်တော်မူသည်။
    စကြာလှံတော်ပြ၍ ပင်းချောင်းရဆုတ်နစ်သည်ကို
    အကြောင်းပြုပြီးလျှင် ပင်းစကြာလှံပြစေတီတော်ဟု
    သမုတ်တော်မူရာမှ ကာလရွှေ့လျောလာသောအခါ
    ပင်းစက္ကလံပစေတီတော် ဟုပြောင်းလဲခေါ်တွင်ခဲ့ကြသည်။
    ပင်းစက္ကလံပစေတီတော် သည်
    ပင်းဘုရားဟု လူသိများထင်ရှားပြီး
    မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့၏
    မြောက်ဘက် လေးမိုင်ခန့်အကွာ
    ပင်းဘုရားကုန်းရွာတွင်တည်ရှိသည်။

Komentáře •