ပြောင်းဖူးဆနွင်းမကင်း

Sdílet
Vložit
  • čas přidán 6. 09. 2024
  • ပြောင်းဖူးဆနွင်းမကင်း
    ပြောင်းဖူးရယ်၊ အုန်းနို့ရယ်၊ ထောပတ်ရယ်ဆိုတာကလေ အလွန်လိုက်တဲ့အတွဲလေးပါ။ အဲ့သုံးမျိုးလုံးပါတဲ့ "ပြောင်းဖူးဆနွင်းမကင်း" ဆိုတော့ ဘာပြောကောင်းမလဲ မွှေးမွှေးဆိမ့်ဆိမ့်လေးနဲ့ အလွန်ကို ဆွဲဆောင်မှုရှိတာပါပဲ။ ပြောင်းဖူးအနံ့ကို အုန်းနို့ကထိန်းထားသလိုဖြစ်ပြီး အနဲ့လေးက သင်းသင်းလေးဖြစ်နေပြီး ဆိမ့်နေတဲ့သူ့အရသာကြောင့် တကယ့် ဆနွင်းမကင်းကောင်းလေးတခုပါပဲ။ ဆနွင်းမကင်းလုပ်နည်းတွေထဲမှာလဲ ဒီနည်းလေးကတော်တော်လွယ်လို့ "ပြောင်းဖူးဆနွင်းမကင်း"လေးကို Video လေးကြည့်ပြီး လုပ်စားကြည့်နော်။
    ပါဝင်သောပစ္စည်းများ
    ၁။ ပြောင်းဖူး - ၁ ခွက်ခွဲ (ထမင်းစားဇွန်း ၂၄ ဇွန်း)
    ၂။ မွှေး ရွှေကြည်မှုန့် - ထမင်းစားဇွန်း ၈ ဇွန်း
    ၃။ ဂျုံမှုန့် - ထမင်းစားဇွန်း ၈ ဇွန်း
    ၄။ အုန်းသီးခြစ်ဖတ် - ထမင်းစားဇွန်း ၈ ဇွန်း
    ၅။ သကြား - ထမင်းစားဇွန်း ၁၂ ဇွန်း (သို့) ၁၄ ဇွန်း
    ၆။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
    ၇။ အုန်းနို့ - ၂၀၀ ml
    ၈။ နို့မှုန့် - ထမင်းစားဇွန်း ၄ ဇွန်း
    ၉။ ထောပတ် - ထမင်းစားဇွန်း ၅ ဇွန်း
    ၁၀။ ဘိန်းစေ့ - အနည်းငယ်
    (၁ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း = ၂၄၀ ml)
    (လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)
    (ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)

Komentáře • 2